လေဒီဘွိုင်း

လောကမှာ မိန်းမသားတဦးရဲ့ အလှတရားကို အမျိုးသားတွေ လိုက်မမီဘူးဆိုတဲ့ စကားက အခုခေတ်ကြီး မှာ မှား သွားပြီထင်ပါတယ်။



အခုမြင်တွေ့ရမယ့် ထိုင်းနိုင်ငံက အခု ၂၀၁၄ ခုနှစ်၊ လေဒီဘွိုင်း အလှမယ်ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေရဲ့ ဓာတ်ပုံတွေ က အမျိုးသားတွေရဲ့ အမျိုးသမီးတွေ ရှုံးလောက်တဲ့ အလှကို မျက်ဝါးထင်ထင်မြင်စေပါပြီ။



အမျိုးသမီးစိတ်ပေါက်နေတဲ့ အမျိုးသားတော်တော်များများဟာ ထိုင်းနိုင်ငံမှာ အထင်အရှားရှိနေပြီး သူတို့ ဟာ ထိုင်း လူ့ပတ်ဝန်းကျင်ရဲ့ ကျင်ဖယ်ခွဲခြားခြင်းတွေမရှိတဲ့အပြင် နေရာပေးမှုတွေတောင် ရှိကြပါတယ်။ ဒါကြောင့် နိုင်ငံတကာက လေဒီဘွိုင်းတွေလည်း ထိုင်းနိုင်ငံကို လာပြီး အလှပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင် ကြတာနေပါလိမ့်မယ်။



လွန်ခဲ့တဲ့ ၂ နှစ်လောက် ကပဲ နာမည်ကြီး နိုင်ငံခြား လေယာဉ်ကုမ္ပဏီပိုင်ရှင်တဦးက ထိုင်းနိုင်ငံ က လေဒီဘွိုင်း တဦးကို ထိုင်း ဘတ်ငွေ သန်း များစွာ တင်တောင်းပြီး အကြီးအကျယ်မင်္ဂလာဆောင်ပွဲ
တောင် ကျင်းပခဲ့ပါသေးတယ်။

တချို့ အမျိုးသမီးစိတ်ပေါက်နေတဲ့ အမျိုးသားတော်တော်များများကလည်း ဖြတ်၊ ဖောက်၊ ချုပ် ဆိုတဲ့ အမျိုးသမီး လိင် အင်္ဂါ ပုံစံ ခွဲစိပ်ပြောင်းလဲကြတာလည်း ခေတ်စားပါတယ်။ ဧရာဝတီ က ဖြတ်၊ ဖောက်၊ ချုပ်အကြောင်း တင်ပြခဲ့ဖူးပါတယ်။

သူတို့တွေရဲ့ အသားအရေ၊ မျက်ခုံး၊ မျက်လုံး၊ ကိုယ်လုံးကိုယ်ပေါက်တို့ရဲ့ အလှဟာ သာမန် မိန်းကလေး
တွေတောင် ငေး ကြည့်ရနိုင်တဲ့ အခြေအနေပါ။ အခုမြင်တွေ့ရတဲ့ လေဒီဘွိုင်းတွေရဲ့ ဓာတ်ပုံတွေကတော့ ပုရိသတွေအတွက် အမှတ်မှားသွားစေနိုင်ပါတယ်။
























အိမ့်သံစဉ် ~
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...