အိမ်ထောင်ရှင် မင်းသားနဲ့ တွဲမိလို့ သေကြောင်းကြံဖို့ အားထုတ်ခဲ့တဲ့ မင်းသမီး

အိမ်ထောင်ရျိ မင်းသား Wen Zhang နဲ့ ကျိတ်ပုန်းခုတ်နေရာကနေ လူအများသိရှိပြီးတဲ့နောက် မင်းသမီး Yao Di တစ်ယောက် အများရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံခဲ့ရပါတယ်။



မင်းသား Wen Zhang ကတော့ သူ့ရဲ့ဇနီးနဲ့ ပရိသတ်တွေကို ချက်ချင်းဆိုသလိုပဲ တောင်းပန်ကြောင်း ပြော ဆို ၀န်ခံခဲ့ပါတယ်။ သူ့ရဲ့ ဇနီး Ma Yili ကလည်း သူမရဲ့ခင်ပွန်းကို ခွင့်လွှတ်ကြောင်း ယခုလို ပြောဆိုခဲ့ပါတယ်။

“ချိန်းတွေ့တာက လွယ်ပါတယ်။ တစ်ဆင့်တက်ပြီး လက်ထပ်တာကသာ ခက်ခဲတဲ့အရာပါ။ ဒါကို ကျွန်မတို့နှစ်ယောက်စလုံး မြဲမြံအောင်လုပ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်လက်ချစ်နေဖို့ မဖြစ်မနေ လိုအပ်ပါတယ် ” လို့ သူမက ဆိုပါတယ်။

မင်းသမီး Yao Di က သူမရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်းအားဖြင့် သူမနဲ့ မင်းသား Wen Zhang တို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ တရားဝင်ကြေငြာ ထုတ်ပြန်ခဲ့ခြင်း မရျိပါဘူး။ သူမရဲ့ မိသားစုနဲ့ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့တော့ လုံးဝ အဆက်အသွယ် ဖြတ်ခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းများအရ သိရပါတယ်။ သူမရဲ့ မိဘတွေတောင် သူမကို ဘယ်လိုမှ အဆက်အသွယ် လုပ်လို့မရခဲ့ဘူးလို့ သိရပါတယ်။



Asian Pop News ရဲ့ သတင်းများအရ သူမဟာ မင်းသားWen Zhang နဲ့ ရခဲ့တဲ့ ကိုယ်ဝန်ကိုတောင် ဖျက်ချခဲ့ရတယ် ဆိုတဲ့ ကောလဟလတွေလည်း ထွက်လာခဲ့ပါတယ်။

နောက်ဆုံးရ ကောလဟလများအရ အသက် ၂၉နှစ်ရှိ တရုတ်မင်းသမီးတစ်ဦး လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့အတွက် ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းများ ဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ အင်တာနက် သတင်းများအရ Shenzhen ရိုက်ကွင်းမှာ တွေ့ခဲ့ရတဲ့ မင်းသမီး Yao Di တစ်ယောက် လူလည်း ပိန်သွားပြီး စိတ်ဓါတ်လည်း ကျနေတဲ့ ပုံပေါက်နေတယ်လို့ သိရပါတယ်။

သတင်းတစ်ပုဒ်မှာတော့ သူမအရမ်းပိန်ပြီး ကိုယ်အလေးချိန်လည်း တော်တော်ကျသွားတယ်။ ကြည့်ရတာ အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်က သူမကိုတော်တော် ထိသွားတယ်နဲ့ တူတယ်လို့ ပြောပါတယ်။

Yao Di ဟာ တရုတ်ပြည်မကြီး ဒရမ်မာဇာတ်လမ်း ဖြစ်တဲ့ Mission Impossible Love <爱情碟中谍> အတွက် ရိုက်ကူးစရာရှိပါတယ်။ အဲဒီဇာတ်လမ်းမတိုင်ခင် မင်းသား Wen Zhang တစ်ယောက် သူမရိုက်ကွင်းရှိရာ Shenzhen ကိုရောက်လာခဲ့ပြီး သူတို့စုံတွဲ ဟောင်ကောင်ကို ခရီးအတူတူ သွားခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပါပါရာဇီတွေရဲ့ လက်ချက်နဲ့ သူတို့စုံတွဲဓါတ်ပုံတွေ ပလူပျံခဲ့ပြီး လူသိရှင်ကြား ဖြစ်ခဲ့ပါတယ်။

အင်တာနက် သတင်းရေးသားသူ အများစုကတော့ အခုလို ဇာတ်လမ်းရိုက်ကူးခြင်းက သူမရဲ့ အေဂျင်စီက သူမရဲ့ စိတ်ဓါတ်ကျပြီး ဒဏ်ရာရနေတဲ့ ရုပ်လုံးကို လူတွေသိအောင် ဖော်ပြလိုက်ခြင်း ဖြစ်တယ် လို့ ပြောဆိုကြပါတယ်။

မင်းသမီး Yao Di ကိုတော့ အခုလောလောဆယ် Shenzhen မှာ တိုက်ခန်းတစ်ခန်း မှာ နေစေပြီး ပြန်လည်လန်းဆန်းတက်ကြွလာအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

World Myanmar
ref:lollipop

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...