ဖွင့်ဖွင့်ချင်း ကမ္ဘာ့စံချိန်ငါးခုတင်သွားတဲ့ တရုတ်နိုင်ငံ ငါးပြတိုက်ဥယျာဉ်

Angel on 2014-04-05 13:26

မကြာမီက ဖွင့်လှစ်လိုက်တဲ့ Chimelong Ocean Kingdom ငါးပြတိုက်ကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ကမ္ဘာ့အကြီးဆုံးငါးပြတိုက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

သုံးနှစ်ကြာဆောက်လုပ်ရေးအပြီးမှာ ၁၂၅ ဧကရှိတဲ့ ငါးပြတိုက်ကြီးကို အများသူငါကြည့်ရှုခွင့်ရအောင် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ တရုတ်ပြည် အရှေ့ တောင်ပိုင်း၊ Macao အနီး Hengqin ကျွန်းစုအနီးမှာ ရှိတဲ့ အပန်းဖြေ ရေဥယျာဉ်စခန်းထဲမှာ ဒီငါးပြတိုက်ကြီးကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး တစ်နှစ်ကို လာရောက် လည်ပတ်သူ သန်းချီရှိမယ်လို့ ခန့် မှန်းထားပါတယ်။

ဒီငါးပြတိုက်ဟာ ဂင်းနစ်စံချိန်တစ်ခုတည်းတင်နိုင်ခဲ့တာမဟုတ်ဘဲ ကမ္ဘာ့စံချိန်ငါးခုအထိ တင်နိုင်ခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံးငါးပြတိုက်၊ ကမ္ဘာ့အကြီးဆုံးရေအောက်ရှုခင်းကြည့်အမိုးခုံး၊ ကမ္ဘာ့အကြီးဆုံးငါးလှောင်ကန်၊ ကမ္ဘာ့အကြီးဆုံးရေအောက်ရှုခင်းကြည့်ဖန်သားပြင်၊ ကမ္ဘာ့အကြီးဆုံး အက်ခရီလစ်မှန်ကူကွက် စတဲ့ စံချိန်ငါးခု ကိုတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အရှည်ဆုံး ဝေလငါး၊ ငါးမန်း ပြခန်းဥမင်လမ်းအဖြစ် လည်း မှတ်တမ်း ၀င်ဖို့ ရှိပါတယ်။

ငါးပြတိုက်မှာ ရေငန် ၅.၉၉ ဂါလန်သန်းပေါင်းသိုမှီးထားပြီး အပန်းဖြေပန်းခြံရဲ့ နေရာခုနှစ်ခုမှာ ရေချို၊ရေငန် ဂါလန်ပေါင်း ၁၂.၈၇ သန်း ရှိသေးတယ်လို့ သိရပါတယ်။

ငါးပြတိုက်မှာ ဝေလငါးမန်းပြပွဲ၊ ပင်ဂွင်း၊ ပိုလာဝက်ဝံ၊ လင်းပိုင်နဲ့ တရုတ်လင်းပိုင်ဖြူ ပြပွဲတွေ ထည့်သွင်းသွား မယ်လို့ ဆိုပါတယ်။





Ref: travel.yahoo.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...