ပိုးသားအခြေခံ အရိုးခွဲစိတ်မှုသုံး ကိရိယာသစ်


ံHealth Updates Journal No. 112

သတ္တုနဲ့ပြုလုပ်ထားတာမဟုတ်ဘဲ ပိုးသားကရတဲ့ပရိုတင်းနဲ့ ပြုလုပ်ထားတဲ့ အရိုးခွဲစိတ်မှုသုံး မူလီတွေနဲ့ implants တွေကို ဟားဗတ်ဆေး တက္ကသိုလ်မှ ပြန်လည်တည်ဆောက်မှုဆိုင်ရာ ခွဲစိတ်ပညာပါမောက္ခ Dr Samuel Lin နဲ့ အဖွဲ့ကဖန်တီးပြုလုပ် နိုင်ခဲ့ပါတယ်။ ဒါကြောင့် သတ္တုပစ္စည်းတွေကို ခွဲစိတ်ပြီးကာလ အတန်ကြာမှာ ထပ်မံခွဲစိတ်ပြီး ထုတ်ယူစရာ မလိုတော့ကြောင်း သိရှိရပါတယ်။

လေ့လာတွေ့ရှိမှုမှာ ပါဝင်တဲ့ ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်သူ David Kaplan က “ပိုးသားပရိုတင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အရိုးရဲ့ ဖွဲ့စည်းမှုနဲ့ ဆင်တူပါတယ်။ ဒီလေ့လာမှုမှာ Bombyx mori လို့ခေါ်တဲ့ ပိုးသားကနေ ခွဲစိတ်မှုသုံးကိရိယာလေးတွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကျုံ့ဆန့် နိုင်မှုနဲ့ ခိုင်မာမှုရှိမရှိကို ဓာတ်ခွဲခန်းမှာ နို့တိုက်သတ္တ၀ါငယ်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်” လို့ ရှင်းပြထားပါတယ်။

ခွဲစိတ်ထည့်သွင်းအပြီး ကျန်းမာရေးဟာလည်း စမ်းသပ်ခဲ့တဲ့ သတ္တ၀ါ တွေမှာ ကောင်းမွန်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ပိုးသားအခြေခံ screwံ နဲ့ implant့ တွေဟာ ဓာတ်ရောင်ခြည်မှာ မမြင်ရတာကြောင့် သတ္တုအခြေခံ ကိရိယာတွေလိုမျိုး ဆရာဝန်တွေဓာတ်မှန်ကိုပြန်လည် သုံးသပ်ကြည့်ရှုရာမှာ အနှောင့်အယှက် မဖြစ်တော့ဘူးလို့ အခု သုတေသနတွေ့ရှိမှုမှာ ဖော်ပြထားပါတယ်။ အရိုးကျိုးခြင်းက အနာကျက်သွားရင်၊ အရိုးပြန်ဆက်သွားရင် ဒီပိုးသား အခြေခံကိရိယာ ငယ်တွေဟာ ပျော်ကျပြီး ပျောက်ကွယ်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီတွေ့ရှိမှုကို Journal Nature Communications မှာ ဖော်ပြထားပါတယ်။

သက်နှင်း
ref: ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...