ရေစိုစို သင်္ကြန်ဖက်ရှင်

ရက်ပိုင်းအတွင်း မြန်မာတို့ရဲ့ မဟာသင်္ကြန် အတာရေသဘင်ပွဲတော် အစပြုပါတော့မယ်။
 
(ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ)

သင်္ကြန်ရက်မှာလည်မယ့် ခေတ်ရေစီးထဲက လူငယ်တွေနဲ့ မဏ္ဍပ်ထိုင်ပြီး ရေကစားကြမယ့် ကိုကို မမတွေ အတွက် သင်္ကြန်မှာဝတ်ဖို့ အနေနဲ့ကတော့ ရေစိုစိုမှာလည်း ထင်ရှားပေါ်လွင်နေစေနိုင်တဲ့ သင်္ကြန်ဝတ် ဖက်ရှင် ဂျင်းကုတ်၊ လည်သာကုတ်၊ ခေါင်းစွပ် Hoddy အင်္ကျီ အစရှိတဲ့ မထူလွန်း မပါးလွန်းတဲ့ လက်ရှည်အင်္ကျီတွေကို သင်္ကြန်အရောင်လို့ ပြောရမယ့် ဖြူ၊ နီ၊ ပြာ၊ ဝါ အရောင်တောက်တောက် စွပ် ကျယ်၊ လက်ပြတ်၊ တီရှပ်မျိုးစုံနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။
ဒါမှလည်း သင်္ကြန်မဏ္ဍပ်တွေအပြိုင်အဆိုင် ကဲကြပက်ကြမယ့် မီးသတ်ပိုက် ခပ်ကြမ်းကြမ်းတွေရဲ့ ရေပက်ဒဏ်နဲ့ ဧပရယ်နွေလယ်ရဲ့ ရှိန်ပြင်းပြင်း နေပူဒဏ်တွေကို ကောင်းကောင်းခံနိုင်ရည် ရှိမှာအမှန်ပါ။

ဒါတင်မကသေးပါဘူး။ အမုန်းကဲပြီး ခုန်ကြ ကကြမယ့် လူငယ်တွေအတွက် All Star Boots လန်းလန်း လေးလေး တရန်လောက်လည်း ရှိသင့်ပါတယ်။

သင်္ကြန်မှာဆိုရင် မဏ္ဍပ်ထိုင်တာပဲဖြစ်ဖြစ် လည်တာပဲဖြစ်ဖြစ် သင်္ကြန်ဖက်ရှင်ဆိုပြီး အတိုအပြတ်ချည်း သီးသန့်ဝတ်မယ်ဆိုရင်တော့ တနေကုန် ရေစိုတဲ့ဒဏ်၊ နေလောင်တဲ့ ဒဏ်တွေကြောင့် သင်္ကြန်ပြီးတာနဲ့ အသားအရေက ကောင်းကောင်းကြီး ပျက်စီးသွားနိုင်ပါတယ်။

ဒီတော့ သင်္ကြန်တွင်းလေးရက်စလုံး ရေပက်တာပဲဖြစ်ဖြစ် ရေပက်ခံ အလည်သွားတာပဲ ဖြစ်ဖြစ် အသားအရေကို ဆိုးဆိုးဝါးဝါး မပျက်စီးရအောင် Skin Care တွေသာမက အဝတ်အစားနဲ့လည်း အသားအရေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် မဏ္ဍပ်ထိုင်မယ့်သူတွေထက် ရေပက်ခံ အလည်ထွက်ကြမယ့် သူတွေက အဝတ်အစားဝတ်တဲ့အခါ ဖက်ရှင်နဲ့အတူ အသားအရေနဲ့ ကျန်းမာရေးအတွက်ကိုလည်း ပိုပြီး ဂရုစိုက်သင့်ပါ တယ်။

ဒီတပတ်မှာတော့ လူငယ်တွေအတွက် ဒီနှစ် ၂၀၁၄ သင်္ကြန်မှာ ဖက်ရှင်ကျကျ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး လန်းနေနိုင်မယ့်အပြင် ပူပြင်းပြီး ခရမ်းလွန်ရောင်ခြည် UV လွန်ကဲတဲ့ နေရောင်ဒဏ်ကို ခံနိုင်ဖို့နဲ့ ခပ်ကြမ်းကြမ်း ရေပက်တဲ့ဒဏ်ကို ခံနိုင် ရည်ရှိစေမယ့် ယောကျာ်းလေးဝတ် ဂျင်းကုတ်၊ Hoddy ခေါင်းစွပ်အင်္ကျီ၊ ပန့်ခ်ဒီဇိုင်း လယ်သာကုတ်၊ ကွန်မန်ဒို ပြောက်ကျား ခေါင်းစွပ်ကုတ်၊ All Star ဖိနပ်တွေနဲ့ မိန်းကလေးဝတ် ဂျင်းလက်ရှည်၊ လည်သာအင်္ကျီနဲ့ ဂျင်းကုတ်အစရှိတဲ့ သင်္ကြန်ဝတ် ဖက်ရှင်အဝတ်အစား ဒီဇိုင်းအချို့ကို ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိသတ်ကြီးအတွက် ဈေးနှုန်းနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်။

(ပုံမှာပြထားတဲ့ သင်္ကြန်ဖက်ရှင်တွေကို တော်ဝင်စင်တာ ဒုတိယထပ်က BLANCO အမျိုးသားဝတ် ဖက်ရှင်ဆိုင်နဲ့ Bangkok Fashion အမျိုးသမီးဝတ် ဖက်ရှင်ဆိုင်တို့မှာ သွားရောက် ရိုက်ယူထားတာပါ။)

သီဟတိုး


ဒါက ၃၈,၈ဝဝ
 

အင်္ကျီ ၂၂,၅ဝဝ - အောက်က ၈,၈ဝဝ
 

အင်္ကျီ ၁၅,၃ဝဝ - စကပ် ၁ဝ,၅ဝဝ


အင်္ကျီ ၁၃,၃ဝဝ - ဘောင်းဘီကတော့ ၈,၈ဝဝ


အင်္ကျီ ၂၂,၈ဝဝ - တီရှပ် ၁၁,၈ဝဝ - ဘောင်းဘီ ၁၂,၈ဝဝ


အင်္ကျီ ၁၉,၈ဝဝ - ဘောင်းဘီကတော့ ၁၉,၈ဝဝ


ဂျင်းအင်္ကျီ ၃၇,၈ဝဝ - တီရှပ် ၇,၈ဝဝ - ဘောင်းဘီ ၂၁,၈ဝဝ


၃၈,၈ဝဝ


၂၉,၈ဝဝ

(ဧပြီလ ၁၃ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)

Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...