ရန်ကုန်လေဆိပ် အခမဲ့ဝိုင်ဖိုင်စနစ်အင်တာနက် ပြည်တွင်းထွက်ခွာနေရာများတွင်ပါ သုံးနိုင်တော့မည်


photo:google

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်အခမဲ့အသုံးပြုခွင့်ကို ပြည်တွင်း ထွက်ခွာ နေရာအထိ ထပ်မံတိုးချဲ့ဆောင်ရွက် ပေးတော့မည်ဟု Red Link ကုမ္ပဏီမှ သိရသည်။ အဆိုပါ ဆောင်ရွက်ချက်ကို သင်္ကြန်ကာလအပြီးတွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ် ပြီး မေလအတွင်း အသုံးပြုခွင့် ရရှိ အောင် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ မှ ဈေးကွက် မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

”ခရီးသွားခါနီး အရေးပေါ်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက်အဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ။ အဓိကတော့ အင်တာနက်စနစ်ကို လူသုံးများ လာဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ၎င်းကပြောသည်။ ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အသုံးပြုခွင့်ပေးရာတွင် လက်ရှိ ထုတ်လွှင့်ပေးထားသည့် ပြည်ပထွက်ခွာ ဂိတ် များအတိုင်း ၁၅ မိနစ် တစ်ပိုင်းအသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း အင်တာနက် မြန်နှုန်းအနေဖြင့် တစ်ဦးလျှင် 512 kbps အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

”သုံးစွဲတာ ၁၅ မိနစ်ပြည့်သွားရင် လိုင်းပြုတ်သွားမှာပါ။ ဒါပေမဲ့ နောက်ထပ် Password ပြန်ဝင်ပြီး သုံးနိုင်ပါ တယ်။ အများပြည်သူသုံးဖို့အခမဲ့ လုပ် ပေးထားတဲ့အတွက် နစ် နာမှုမရှိအောင် အချိန်ပိုင်းဖြတ်ထားတဲ့စနစ် ကို လုပ်ထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။ပြည်ပထွက်ခွာနေရာများတွင်လည်း မိုဘိုင်းလက်တော့ပ် မပါလာသူများ အား အင်တာနက်အသုံးပြုနိုင်ရန်အတွက်check out နေရာများတွင် ကွန်ပျူတာများကို ထားရှိပေးသွားရန် စီစဉ်နေကြောင်း၊ ကွန်ပျူတာ ၅ လုံးအထိ အသုံးပြုခွင့်ပေး သွား မည် ဖြ စ်ကြောင်း၊ သင်္ကြန်ကာလအပြီးတွင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Red Link ကုမ္ပဏီအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်ပထွက်ခွာနေရာအား ဝိုင်ဖိုင် စနစ်ဖြင့် အင်တာနက်အခမဲ့သုံးစွဲခွင့်ကို ယခင်နှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...