မြန်မာကျောင်းသားတွေအတွက် ရုရှားအစိုးရက ပညာသင်ဆုတွေ ဖိတ်ခေါ်နေ



ရုရှားတက္ကသိုလ်တွေမှာ စက်တင်ဘာ ၁ ရက်နေ့စတင်မယ့် စာသင်နှစ်အတွက် ပညာသင်ဆုတွေ ကို မြန်မာကျောင်းသားတွေ လျှောက်ထားနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံရုံးကအကြောင်း ကြားလာကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

ပေးအပ်မယ့် ပညာသင်ဆုတွေက ဘွဲ့ကြိုတန်းစာသင်နှစ်လေးနှစ်အတွက် စီးပွားရေးဘာသာရပ် တစ်ဦး၊ သတင်းစာပညာဘာသာရပ် တစ်ဦး၊ စိတ်ကြိုက်အထူးပြုဘာသာရပ်နှစ်ဦး၊ ဘွဲ့လွန်တန်း (Master Degree) စာသင်နှစ်နှစ်နှစ်အတွက် စီးပွားရေးဘာသာရပ်တစ်ဦး၊ သတင်းစာပညာဘာသာ ရပ်တစ်ဦး၊ စိတ်ကြိုက်အထူးပြုဘာသာရပ် (specialist) စာသင်နှစ်ငါးနှစ်အတွက် ဆေးပညာအထူးပြု ဘာသာရပ်တစ်ဦး၊ stomatology တစ်ဦး၊ pharmacology တစ်ဦး၊ ရုရှားဘာသာစကား စာသင်ချိန် လ ၂၀ အတွက် လေးဦးစီဖြင့် ပညာသင်ဆုပေါင်း ၁၄ ခုကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဘာသာရပ်အားလုံးကို ရုရှားဘာသာစကားဖြင့်သာ သင်ကြားပေးမှာဖြစ်ပါတယ်။

ပညာသင်ဆုအစီအစဉ်မှာ ကျောင်းလခ၊ အဆောင်ခနဲ့လစဉ်အသုံးပြုမယ့် ထောက်ပံ့ငွေတွေပါဝင်မှာ ဖြစ်ပါ တယ်။ ကျောင်းသား၊ ကျောင်းသူတွေက ရုရှားတက္ကသိုလ်ခြောက်ခုထဲက နှစ်သက်ရာကို ရွေး ချယ်လျှောက်ထားနိုင်ပါတယ်။

စိတ်ပါဝင်စားသူတွေအနေနဲ့ ပညာသင်ဆုလျှောက်လွှာကို ရုရှားသံရုံးမှာ ထုတ်ယူနိုင်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး ရုရှားသံရုံးကိုလျှောက်ထားနိုင်ပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၂)၊ မတ်လ(၂၈) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...