ကမ္ဘာ့ကျောက်ကပ်ရောဂါ ဆိုင်ရာနေ့


Health Updates Journal No. 111

ကျောက်ကပ်ရောဂါတွေနဲ့ ပတ်သက်ပြီး လူထုရဲ့ သတိပြုမှု၊ အလေးထားမှုတွေကို တိုးတက်စေဖို့ ရာ နှစ်စဉ်မတ်လရဲ့ ဒုတိယမြောက်ကြာသပတေးနေ့မှာ ကျင်းပကြပါတယ်။ ၂၀၁၄ခုနှစ်အတွက် ကမ္ဘာ့ကျောက်ကပ်ရောဂါဆိုင်ရာနေ့ကိုတော့ မတ်လ(၁၃)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ကျောက်ကပ်ရောဂါ ဆေးပညာအစည်းအရုံးနဲ့ အပြည်ပြည်ဆိုင်ရာ ကျောက်ကပ်ရောဂါ ဖယ်ဒရေးရှင်းတို့ ပူးပေါင်း ကျင်းပမှာဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ ““ Chronic Kidney Dise ase and Aging“ ””ဖြစ်ပြီး နာတာ ရှည်ကျောက်ကပ်ရောဂါများ၊အသက် အရွယ်ရလာရင်ဖြစ်ပွားတဲ့ ကျောက်ကပ်ရောဂါတွေကို သတိပြု နိုင်စေဖို့ ဖြစ်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါတွေဟာ တဖြည်းဖြည်းချင်း ဖြစ်ပွားပေမယ့် အသက်ဆုံးရှုံးနိုင်ချေ မြင့်မားကြောင်း၊ ဈေးကွက်မှာရောင်းနေတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆရာ ၀န်ညွှန်ကြားချက်ကို ကျော်လွန်အသုံးပြုမယ်ဆိုရင် ကျောက်ကပ်ပျက်စီးနိုင်ကြောင်း အပြည်ပြည်ဆိုင် ရာ ကျောက်ကပ်ဆေးပညာ အစည်းအရုံးက ဖော်ပြထားပါတယ်။

International federation for Kidney foundation ကတော့ ကျောက်ကပ်လှူဒါန်းခြင်းကို အလေး ထားပြောဆိုထားပါတယ်။ လူတစ်ယောက်ဟာ ကျောက်ကပ်တစ်လုံးထဲနဲ့ အသက်ရှင်နိုင်ပေမယ့် ဥပဒေအရ တားမြစ်မှုတွေရှိနေသေးကြောင်း သေဆုံးတဲ့အခါ ကျောက်ကပ်လှူ ဒါန်းဖို့ဆုံးဖြတ်ခြင်းဟာ နာတာရှည်ကျောက်ကပ်ဝေဒနာရှင်တွေအတွက် မျှော်လင့်ချက်ဖြစ်လာကြောင်း ၂၀၁၄ခုနှစ်၊ ကမ္ဘာ့ကျောက်ကပ်ရောဂါဆိုင်ရာနေ့မှာ ထုတ်ပြန်ထားပါတယ်။

သက်ကို
ref: world kidreyday.org

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...