တကယ်ချစ်တတ်တဲ့ ယောကျာင်္းလေးဆိုတာ...



သင်လိုချင်တယ်ဆိုတဲ့ အရာတစ်ခုကို ဖြည့်ဆည်းပေးနိုင်အောင်အတွက် အမြဲတမ်းကြိုးစားနေတတ်တဲ့
သူမျိုးပါ...

သင့်ကို မကောင်းပြောတတ်တဲ့လူတွေ သင့်ကိုနှောက်ယှက်တဲ့ လူတွေကို သင့်ဖက်ကနေပြီး ကာကွယ်
ပေးနေတတ်တဲ့ ဖိုက်တာလေးပါ...

အမြဲတမ်းသင့်အရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးချင်နေတတ်တဲ့ လူစွမ်းကောင်းလေးတစ်ယောက်
ပါ...

အလုပ်လေးတွေရှုပ်နေတာတောင် သင်မျှော်နေမှာစိုးလို့ Messages လေးတွေပို့နေတတ်တဲ့ သူမျိုးပါ...

လူတွေအရှေ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ အရှေ့မှာသင့်ကို အမွှန်းတင်ပြီးကြွားနေတတ်တဲ့ ခပ်ပေါပေါ ကောင်လေးတစ်ယောက်ပါ...

တစ်စိမ်းယောကျာင်္းလေးတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံနေတာကိုတောင် သဝန်တိုနေတတ်တဲ့ ကောင်လေး
တစ်ယောက်ပါ...

သင့်ရဲ့ယုယကြင်နာမှု ဂရုစိုက်မှုလေးတွေကို အမြဲတမ်းလိုချင်နေတတ်တဲ့ ကောင်လေးတစ်ယောက်ပေါ့...

သင့်ကိုတစ်ဘဝလုံး ပိုင်ဆိုင်ရဖို့အတွက် ကြိုးစားနေတတ်တဲ့ ကောင်လေးတစ်ယောက်ပဲပေါ့...

Phoe Phyu
Credit to Poem
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...