ပျိုမေတို့ရဲ့ ပထမဆုံးဒိတ်အတွက် အပြင်အဆင်


 
မေသော် on 2014-04-08 16:00

ချစ်ရသူနဲ့ နှစ်ယောက်တည်းတွေ့ဖို့အပြင်မှာ ချိန်းထားပြီးပြီမို့ သူ့ဆီသွားတဲ့အခါ ဘယ်လိုလေး ပြင် ဆင်ခြယ်သသွားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပထမဆုံးအကြိမ် နှစ်ယောက်တည်းတွေ့ရမှာမို့ အလွန်အကျွံလည်း မဖြစ်ရအောင်၊ မျက်နှာပြောင်လည်း ဖြစ်မနေအောင် နိုင်ငံတကာ အနုပညာရှင်တွေ ရဲ့ ခြယ်သမှုတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။အလွန်အကျွံ ပြင်ဆင်ခြယ်သမှု မဖြစ်ရအောင် Kate Upton လိုမျိုး မိတ်ကပ်ပါးပါးလေး၊ နှုတ်ခမ်းနီကို လည်း အနုဆုံးကာလာကို ရွေးဆိုးကြည့်လိုက်ပေါ့။ ဒါဆို သူလည်း သဘောကျမှာပါ။



၂။Keirnan Shipka ရဲ့ မျက်ခုံးမွှေးကတော့ တော်တော်လေးကို ဆွဲဆောင်မှုရှိပါတယ်။ ကိုယ်က မျက်ခုံးမွှေးဆွဲရတာ ကြိုက်တယ်ဆိုရင် မျက်ခုံးမွှေး ထင်းထင်းလေးနဲ့ နှုတ်ခမ်းနီကိုလည်း အရောင်လွင်လွင်ပါးပါးလေး ဆိုးသွားလိုက်ပေါ့။



၃။ပန်းရောင်ပြေးနေတဲ့ မျက်နှာမျိုးလေး ဖြစ်ချင်တယ်ဆိုရင်တော့ Elle Fanningလို့ ပါးနီပြေပြေလေးနဲ့ ထိန်းထားလိုက်ပါ။ နှုတ်ခမ်းနီရောင်ကိုလည်း အရမ်းကြီး မထင်းတဲ့အရောင် ရွေးချယ်ကြည့်လိုက်ပါ။



၎။အိုင်းလိုင်နာကတော့ ပျိုမေတိုင်း သဘောကျတဲ့ ခြယ်သမှုပါ။ ထသွားထလာကအစ အိုင်းလိုင်နာ ဆိုးလာကြပြီဆိုတော့ ချစ်သူနဲ့သွားတွေ့တဲ့အခါလည်း လိုင်နာဆိုးတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ အပြောင်းအလဲအနေနဲ့ ဆိုးချင်တယ်ဆိုရင်တော့ Taylor Swift ဆိုးထားသလို Cat Eye ပုံစံလိုင်နာလေး ဆိုးသွားလိုက်ပေါ့။



၅။နှုတ်ခမ်းနီဆိုရင် ကိုယ်က နီနီရဲရဲပဲ ဆိုးနေကျဆိုရင်တော့ မျက်နှာအပြင်အဆင်မှာ ပါးနီတို့၊ လိုင်နာတို့ကို အပြည့်မခြယ်သွားဘဲ၊ ပြေပြေလေး ခြယ်ပြီး နှုတ်ခမ်းနီဆိုးသွားလိုက်ပါ။ အ၀တ်အစားနဲ့လည်း လိုက်ဖက်မှုရှိပါစေ။



Ref:luckymag.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...