ကိုယ်ချစ်တဲ့ အနုပညာအလုပ်တွေ လုပ်နေရမယ်ဆိုရင် စိတ်ချမ်းသာတယ်လို့ဆိုတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ


စန္ဒီ on 2014-04-07 18:21

အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်တစ်ခုကိုကျော်လွန်သွားပြီဖြစ်ပြီး ဒီနေ့အချိန်ထိ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုရရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကို ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်ထားသူ တစ်ယောက်အနေနဲ့ လက်ရှိထုတ်လုပ်ရေး အခြေအနေအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ တာကတော့ ‘အစ်မကတော့ ဒီအနုပညာအလုပ်နဲ့ သူဋ္ဌေးဖြစ်ဖို့ မရည်ရွယ်ပါဘူး။ အစ်မက ဝါသနာပါလို့ လုပ်တာ။ သူဋ္ဌေးဖြစ်ဖို့ဆိုရင်တော့ တစ်ခြားစီးပွားရေးလုပ်တာ အကောင်းဆုံးပါပဲ။ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးကိုလည်း လုပ်နေရတယ်။ အပြင်စီးပွားရေး ဘယ်လိုလုပ်လုပ် ကိုယ်မှ ဝါသနာမပါတာ။ အဲဒီ့တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးမှာလည်း လုပ်ရတယ်။ နောက်ပြီးတော့ ဒီအနုပညာအလုပ်ကို ချစ်တဲ့အတွက်ကြောင့် လုပ်ဖြစ်တာပါ။ အဓိကကတော့ အစ်မတို့ ရေရှည်ဆက်သွားနိုင်ဖို့အရာအတွက် မရှုးံဖို့တော့ အရေးကြီးတာပေါ့။ ဒီလုပ်ငန်းကြီးအပေါ် စီးပွားရေးအရမ်းထောင်ပြီး သူဋ္ဌေးဖြစ်ဖို့ကတော့ သိပ်ပြီး မလွယ်ကူလှပါဘူး။ အစ်မတို့ထက် ကြီးမားတဲ့ ကုမ္မဏီတွေ အများကြီးရှိပါတယ်။ အစ်မအနေနဲ့ အပျော်သဘောလည်း ပါတယ်။ ကိုယ်ချစ်တဲ့အနုပညာလုပ်ငန်း လုပ်နေရမယ်ဆိုရင် စိတ်ချမ်းသာပါတယ်’ လို့ ဆိုပါတယ်။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...