အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာတဲ့ စိတ်ပညာဘာသာရပ်

စိတ်ပညာဘာသာရပ်ကို နိုင်ငံတကာကျောင်းသားအများစုက စိတ်ဝင်တစား သင်ယူနေကြပေမဲ့ မြန် မာ ကျောင်းသားတွေက အဲသည် ဘာသာရပ်ကို ရွေးချယ်မှုအားနည်းနေသေးတယ်။ ပြည်ပမှာ သည်ဘာသာရပ်နဲ့ ဘွဲ့ရပြီးတဲ့ ကျောင်းသားတွေ အလုပ်အကိုင် အခွင့်အလမ်း များတယ်လို့ Myanmar Search International ကသိရပါတယ်။

စိတ်ဝင်စားမှုနည်းသေး

‘မြန်မာနိုင်ငံမှာ စိတ်ပညာဘာသာရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေက နိုင်ငံတကာနဲ့ယှဉ်ရင် နည်းနေသေးတာတွေ့ရတယ်။ စိတ်ပညာဘာသာရပ်ရဲ့ ထိရောက်တဲ့ပညာပေးတွေ (awaerness) မရှိတာကြောင့်လို့ထင်တယ်၊ ကျောင်းသားတွေကိုယ်တိုင်က အဲဒီဘာသာရပ်ကို ရွေးချယ်တာနည်း သလို မိဘတွေကလဲ ဘဝရပ်တည်မှုအတွက် အခွင့်အလမ်းနည်းပါးတဲ့ ဘာသာရပ်လို့ထင်ကြတယ်။ အဲဒါကလဲ တကယ်ထူးချွန်တဲ့ စိတ်ပညာဘာသာရပ်နဲ့ ဘွဲ့ရတဲ့ကျောင်းသားတွေအတွက် အလုပ်အ ကိုင် အခွင့်အလမ်းတွေမတွင်ကျယ်တော့ အဲဒီဘာသာရပ်အပေါ် စိတ်ဝင်စားမှုနည်းတာပါ။ မြန်မာနိုင်ငံ မှာစီးပွားရေးလုပ်ငန်းတွေ ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းကဏ္ဍမှာ စိတ် ပညာရှင်တွေ မရှိမဖြစ်လိုအပ်လာမှာပါ’ လို့ Myanmar Search International ကမန်နေဂျင်းဒါရိုက် တာ ဒေါ်စုစုလှိုင်က ပြောပါတယ်။

စိတ်ပညာဘာသာရပ်နဲ့ ဘွဲ့ဒီဂရီအောင်မြင်ထားတဲ့ ကျောင်းသားတွေက လုပ်ငန်းခွင်အတွက် ကဏ္ဍ အမျိုးအစား ၃၀ ဝန်းကျင်ရှိတဲ့အထဲက လူ့အရင်းအမြစ်စီမံခန့်ခွဲမှု၊ ဈေးကွက်သုတေသန၊ ကြော်ငြာ အကြံပေး၊ လူမှုဝန်ထမ်း၊ ပညာပိုင်းဆိုင်ရာ တက္ကသိုလ်ဆရာ ဆရာမ၊ သုတေသနပြုသူ၊ ကုမ္ပဏီအကြံ ပေး၊ crisis intervention တို့မှာလည်းကောင်း၊ ဘွဲ့လွန်တန်းအောင်မြင်ပြီးကျောင်းသားတွေအနေနဲ့ clinical psychologist, child psychologist, forensic psychologist, industrial psychologist, sport psychologist, sport psychologist, crisis counsellor ဖြင့်ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။



ဒေါ်လာတစ်သိန်းအထိရနိုင်

စိတ်ပညာရှင်တွေအတွက် လုပ်အားခခံစားခွင့်အနေနဲ့ နိုင်ငံအလိုက် အမျိုးမျိုးရှိကြပါတယ်။ အင်္ဂလန် နိုင်ငံမှာ British Psychological Social (BPS) အဖွဲ့ဝင်ရှိပြီး လုပ်ငန်းခွင်လစာနှုန်းတွေကိုပွိုင့်စနစ်ပေါ် မူတည်ပြီး သတ်မှတ်ချက်အဆင့် Brand 1 ကနေ Brand 9 အထိရှိပါတယ်။ အဲသည်အဆင့်ပေါ် မူတည်ပြီးလစာနှုန်းထားတွေ ကွာပါသေးတယ်။

လစာနှုန်းထားတွေကို National Health Service ကစီစဉ်ပေးပါတယ်။ ဥပမာအင်္ဂလန်နိုင်ငံမှာ Brand 6 စတာလင်ပေါင် ၂၅,၀၀၀ ဝန်းကျင်၊ Brand 7 စတာလင်ပေါင် ၃၅,၀၀၀ ဝန်းကျင်၊ Brand 8.9 စတာ လင်ပေါင် ၄၅,၀၀၀ ကနေ ၈၀,၀၀၀ ဝန်းကျင်ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ လုပ်သက်အတွေ့အကြုံမရှိတဲ့ စိတ်ပညာရှင်တွေက တစ်နှစ်ကိုအနည်းဆုံး လစာ ဒေါ်လာ ၅၀,၀၀၀ ဝန်းကျင်နဲ့ လုပ်သက်အတွေ့အကြုံတစ်နှစ်ကနေ နှစ်နှစ်ရှိရင် Executive Position ကဒေါ်လာ ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀ ဝန်းကျင်ခံစားခွင့်ရှိပါတယ်။

သြစတြေးလျားနိုင်ငံမှာ Australian Psychological Society အဖွဲ့အစည်းရှိပြီး လုပ်သက်အတွေ့ အကြုံပေါ်မူတည်ပြီး တစ်နှစ်ကိုဒေါ်လာ ၁၀၀,၀၀၀ ဝန်းကျင်ခံစားခွင့်ရှိတယ်လို့ Myanmar Search International ကသိရပါတယ်။

အင်္ဂလန်နိုင်ငံ ဂရင်းဝှစ်ရှ်တက္ကသိုလ် အသိအမှတ်ပြု စိတ်ပညာဘာသာရပ် ဘွဲ့ဒီဂရီကိုအရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာ သင်ယူနိုင်ပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၃)၊ ဧပြီလ(၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...