ထိုင်းမှာ သင်္ကြန်ကျမယ့် သဉ္ဇာနွယ်ဝင်း



ဧပြီလမွေးနေ့ရှင်တစ် ဦးဖြစ်သောကြောင့် သင်္ကြန်ကို နှစ်သက်သော်လည်း ယခုနှစ် သင်္ကြန်ကို ထိုင်းနိုင်ငံ တွင် ဇာတ် ကားရိုက်ကူးကာ ဖြတ်သန်းရမည် ဖြစ်ကြောင်း သရုပ်ဆောင် သဉ္ဇာ နွယ်ဝင်းက ပြောသည်။

‘‘ကိုယ့်အနုပညာကိုလည်း ပိုပြီး အားစိုက်ချင်တာကြောင့် ဒီ ကားလေးကို လက်ခံဖြစ်တာပါ။ နောက်တစ်နှစ် ကျရင်တော့ မြန်မာနိုင်ငံမှာပဲ မဏ္ဍပ်ထိုင်ပြီး သင်္ကြန်ကို ပြန်ကျချင်ပါတယ်’’ ဟု သဉ္ဇာနွယ်ဝင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် သွားရောက် ရိုက်ကူးမည့် ဇာတ်ကား၌ အောင်ရဲလင်းနှင့် တွဲဖက်သရုပ်ဆောင် မည်ဖြစ်ပြီး ယင်းနိုင်ငံတွင် နေ ထိုင်၍ အလုပ်လုပ်ကိုင်သူတစ်ဦး အဖြစ် သရုပ်ဆောင်ရမည်ဟု ၎င်းက ပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် ဗီဒီယိုဇာတ် ကားများ ဆက်တိုက်ရိုက်ကူးဖြစ် ကာ ယခု ရက်ပိုင်းအတွင်း ဟိန်း ဝေယံနှင့်အတူ မိုးကျရွှေကိုယ်ဟု အမည်ပေးထားသည့် ဇာတ်ကား ရိုက်ကူးနေကြောင်း ၎င်းက ပြောသည်။

ဧပြီ ၆ ရက်မှာ မွေးနေ့ဖြစ်သော်လည်း ဇာတ်ကားရိုက်နေရ သောကြောင့် ဧပြီ ၇ ရက်မှသာ မွေးနေ့ အထိမ်းအမှတ်အလှူအ ဖြစ် ရန်ကုန်ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်နှင့် ၀ှီးချဲတစ်စုံလှူဒါန်းရန် စီစဉ်ထားသလို အခြားအလှူတစ်ခုပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သဉ္ဇာနွယ်ဝင်းက ပြော သည်။

7Day Daily
Issue No: No.348 Monday, April 7, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...