နေလနှစ်ပါးစလုံးကြတ်မည့် အတာသင်္ကြန်လ

နေကြတ်ခြင်းကို နေ-လ-ကမ္ဘာတို့ inline တစ်တန်းတည်း ကျချိန်-လဆန်းရက်မှာ ဖြစ်ပေါ်တတ်ပါ သည်။ နေကြတ်ခြင်းက နေနှင့်လတို့က လောင်ဂျီတွဒ် မျဉ်းတစ်ကြောင်းတည်းအပေါ် Exact Conjunction တိတိပပ ပူးယှဉ်နေချိန်၌ လဝန်းက နေဝန်းပေါ်သို့ တိတိကျကျ ဖြတ်၍ နေလုံးကြီးကို လုံးလုံးလျားလျား ဖုံးအုပ်သွားခြင်း ဖြစ်၍ ထိုအဖြစ်အပျက်ကို Total Solar Eclipse နေသဗ္ဗကြတ်ခြင်းဟု ခေါ်ဆိုကြခြင်း ပင် ဖြစ်သည်။ နေကြတ်ခြင်းမှာ...

၁။ Total Solar Eclipse နေသဗ္ဗကြတ်ခြင်း
၂။ Partial Eclipse နေတစ်ပိုင်း တစ်စ ကြတ်ခြင်း၊
၃။ Annular Eclipse နေမီးကွင်း သဏ္ဌာန်ကြတ်ခြင်းနှင့်
၎။ Hybrid Eclipse သို့မဟုတ် Special Eclipse နေသည် တစ်ချိန်တည်းမှာ Annular Eclipse နေမီးကွင်း သဏ္ဌာန် ကြတ်နေရာမှာ တဖြည်းဖြည်း Total Eclipse နေသဗ္ဗကြတ်ခြင်း လုံးလုံးလျားလျား အမှောင် ကျသွားတတ်သော တစ်ချိန် တည်း နှစ်မျိုးကြတ်သွားခြင်း အဖြစ်အပျက်ကို အထက်ပါအတိုင်း Hybrid Solar Eclipse ဟု ခေါ်ဆိုကြပါသည်၊



အထက်ပါ Annular Solar Eclips သည် နံနက်နေတက် ရေတက်ချိန် နေဝန်းက နေတက်မျဉ်းပေါ် တက်လာချိန်နှင့် ညနေ ဆည်းဆာအချိန် နေဝန်း အလုံးကြီး နေချိန်တို့၌ ဖြစ်ပေါ်တတ်ပါသည်။ လအရိပ်က နေဝန်းထက် အနည်းငယ် သေးနေ၍ နေဝန်းကို လုံးလုံးလျားလျား အမှောင်ထုကျအောင် ဖုံးနိုင်ခြင်း မရှိဘဲ အနား၌ အလင်းရောင်များ ရှိနေ၍ မီးကွင်းသဏ္ဌာန် ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။

ယင်းနေကြတ်ခြင်း၊ လကြတ်ခြင်းတို့က လူသားတို့အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသလားဆို တဲ့ မေးခွန်းကို အများက မေးလာတတ်ကြပါသည်။ ထိုအမေးအတွက် အဖြေပေးရသော် နေကြတ်ခြင်း၊ လခြင်းက လူတစ်ဦးချင်းထက် မင်းရေး၊ တိုင်းရေးပြည်ရေး၊ နိုင်ငံရေးနှင့်အတွက် ထူးခြားသော သမိုင်းဝင် အဖြစ်အပျက်များကို ဖန်တီးလာနိုင်စေသလို နေသို့မဟုတ် လတို့ မကြတ်ခင် ငါးရက် အလိုလောက်မှာ သို့မဟုတ် နေလကြတ်နေချိန်၌ လကြတ်နေစဉ် ကမ္ဘာဘက်အခြမ်း မျက်နှာစာဘက်၌ သို့မ ဟုတ် နေကြတ်စဉ် လဘက်အခြမ်းနေ မျက်နှာစာဘက်မှာ ပရမာဏုမြူ ပေါက်ကွဲမှုများ အားကြီးနေခဲ့ပါမူ သဘာဝ ဘေးအန္တရာယ်များကို နေလမကြတ်မီ သုံးရက်အလိုမှ နေသို့မဟုတ် လကြတ်ပြီး ရက်ပေါင်း ၉၀ အတွင်း သဘာဝ ဘေးရန်များ ဖြစ်သော လေမုန်တိုင်း ငလျင်၊ ရေကြီးခြင်း၊ ဆူနာမီကဲ့သို့ ရေအောက် ငလျင်ကြီးခြင်းနှင့် မီးတောင် ပေါက်ကွဲခြင်းများကို ဖြစ်ပေါ်လာစေ တတ်ပါသည်။

မင်းတို့အရေး၌မူ နေကြတ်၊ လကြတ်ခြင်းက နိုင်ငံရေး မတည်ငြိမ်မှုများ၊ လူထုဆူပူ ဆန္ဒပြကြခြင်း၊ သွေး ထွက်သံယိုမှု၊ အဓိကရုဏ်းများကို သရုပ်ဖော် လာတတ်ခြင်း၊ နိုင်ငံရေး လုပ်ကြံမှုများ ရှိလာနိုင်ခြင်း၊ မင်းပြောင်းမင်းလွှဲ ကိန်းများ ဆိုက်ရောက် တတ်သလို ခရီးသည်တင် လေယာဉ်၊ ရထား၊ သင်္ဘောများ ပျက်ကျ ပျက်စီးနစ်မြုပ်ရခြင်းများ၊ တိုင်းပြည်၌ မီးဘေးသင့်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်းများ၊ မင်းဇာတာ စန်းလဂ် ကျဆင်းနေချိန်နှင့် ကြုံနေပါက နန်းကျခြင်း သို့မဟုတ် စစ်မက် အင်္ဂါရပ် ကြီးထွားလာရခြင်း များကို မမျှော်လင့်ဘဲ ရုတ်တရက် ကျရောက်လို့ ဖြစ်ပျက်တတ်ပါသည်။ သို့သော် အထက်ပါ အဖြစ်အပျက်တို့ က နေကြတ် လကြတ်တိုင်း မဖြစ်တတ်ပေ။ သို့ သော် နေ-လကြတ်သော နှစ်များမှာ နိုင်ငံတော် ဇာတာနှင့် မင်းတို့ဇာတာ စန်းလဂ်တို့ ကျဆင်းနေချိန် နှစ်များနှင့် ကြုံကြိုက်နေပါက အထက်ပါ အဖြစ်အပျက်များက အလွယ်တကူ ဖြစ်ပေါ် လာရောက်တတ်ပါသည်။

မြန်မာနိုင်ငံသည် Uranus နှင့် Mars အင်္ဂါတို့ စိုးမိုးထားသော နိုင်ငံဖြစ်သလို အလွန်အင် အားကြီး သော နိုင်ငံလည်း ဖြစ်နေပါသည်။ သို့ဖြစ်၍ နိုင်ငံရေးမှာ သမိုင်းဝင် အဖြစ်အပျက် များကိုလည်း မကြာခဏ ဖန်တီး လာတတ်ပါသည်။ လိုရင်းကို ပြောရသော် နိုင်ငံတော် ဇာတာသည် ၂၀၁၂ ဇွန်မှစ၍ Uranus နှင့် တိုက်ရိုက် ငြိစွန်းနေတာမို့ ဧပြီ အတာသင်္ကြန်လရဲ့ နေကြတ် လကြတ်နှစ်ပါး စလုံးက နိုင်ငံတော်သို့ အနိဋ္ဌာရုံတွေကို ဖန်တီး လာနိုင်ပါသည်။ ပို၍ အားရှိသွားသည်မှာ နေ-လနှစ်ပါးလုံး ကြတ်မည့် အချိန်နေ့ရက်တို့က နိုင်ငံတော်သမ္မတကြီး ဇာတာ၊ အတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဇာတာ၊ နိုင်ငံတော် ဇာတာအပြင် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဇာတာ စန်းလဂ်တို့နှင့်အပြင်-သင်္ကြန်ကျ ဇာတာနှင့် နှစ်ဆန်း နှစ်သစ်ဇာတာ အားလုံးနဲ့ တစ်ပြိုင်တည်း ငြိစွန်းနေပါသည်။

သို့ဖြစ်၍ မိုးမပြို ပြိုခဲ့သော် ဆိုသလို နိုင်ငံတော်မှ ဘက်စုံ သတိထားရန် ရှိနေပါသည်။ သို့ဖြစ်၍ ...

၁။ ဇူလိုင်လ ကုန်အထိ အရေးပါသော နိုင်ငံရေး ဆုံးဖြတ်ချက်များကို မဆုံးဖြတ်သင့်ပေ။

၂။ ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်စသော သဘာဝ ဘေးရန်များအတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ထားသင့်သလို ဇလဗေဒ မိုးလေဝသ ဌာနမှ ပြည်သူသို့ ကြိုတင် အသိပေး လှုံ့ဆော်နိုင်ရန် ကြိုးစားထားရပါမည်။ ဥပမာ-မီးလောင် လျှင် ရန်ကုန်မြို့ အနေအထားအရ ယာဉ်ကြောများ ပိတ်ဆို့နေခြင်းက မီးသတ်ကားတစ်စင်း ဘယ်လိုမှ မီးလောင်တဲ့ ရပ်ကွက်ဆီကို အချိန်မီ မရောက်နိုင်သလို ပြာကျမှ ရောက်နိုင်ဖွယ် ရှိနေပါသည်။

၃။ ပေါက်ကွဲ စေတတ်သော ဓာတ်ဆီ၊ သိုလှောင်ကန်၊ ဓာတ်ဆီဆိုင်များ၊ ခဲယမ်း မီးကျောက်နှင့် စစ်လက်နက် သိုလှောင်ရုံများ၏ Safety Survey များကို တင်းတင်းကျပ်ကျပ် လုပ်ထားသင့်သလို စစ်လေယာဉ်၊ စစ်သင်္ဘောများ၏ လုံခြုံရေးနှင့် လေယာဉ် မတက်ခင် သင်္ဘောမထွက်ခင် Fuel System ၌ leakage နှင့် Crack များ ရှိ မရှိ surveyor တို့နှင့် အသေအချာ စစ်ဆေးခံပြီးမှ လေယာဉ်များ တက်သင့်သလို သင်္ဘောများလည်း ပင်လယ်သို့ ထွက်သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤကာလမျိုး၌ Human Error ကြောင့်သာ ခရီးသည်တင် လေယာဉ်၊ သင်္ဘောများ၊ စစ်လေယဉ်များ၊ စစ်သင်္ဘောများ၌ ပေါက်ကွဲခြင်း၊ ပျက်စီးခြင်း၊ နစ်မြုပ်ခြင်းများတို့ ဖြစ်တတ်ပါသည်။

၎။ အထူသဖြင့် သွေးထွက်သံယိုမှုနှင့် အဓိကရုဏ်းများ ဖြစ်မလာနိုင်စေရန်၊ လူထုလှုပ်ရှားမှုများ၊ လူစုလူဝေးများဖြင့် လှုပ်ရှားမှုများကို ရှောင်ကြဉ် ရပါမည်။

၅။ ရေကြီးမှု၊ မိုးကြီးမှုများက ဧကန် ရှိလာနိုင်တာမို့ လယ်သမားဘက်က ကြိုတင် ပြင်ဆင်ထားရန်တော့ လိုလိမ့်မည်။

အထူးသဖြင့် ယနေ့ နိုင်ငံတော်ဇာတာ အပါအဝင် နိုင်ငံတော် သမ္မတကြီး၊ အတိုက်ခံ ခေါင်းဆောင်နှင့် လွှတ်တော် ဥက္ကဋ္ဌတို့၏ ဇာတာ စန်းလဂ်တို့နှင့် အာကာသမှ အားကောင်းသော Chief Planet များဖြစ်ကြသော Uranus+ Pluto + Saturn + Mars+ တို့၏ Chief Combination တစ်ခုနှင့် အားလုံးက ငြိစွန်းနေတာမို့ ခေါင်းဆောင်တို့က မိမိကျန်းမာရေးအပြင် ဘက်စုံ သတိထားရန် ရှိနေသလို အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ အသိများ ပြောင်းလဲလာနေမှာ ဖြစ်ပြီး ဆန္ဒစောလွန်း နေမိခြင်း၊ အလောသုံးဆယ် ပြု လုပ်ပြောဆိုမိခြင်း၊ ဆုံးဖြတ်ချက် မှားသွားရခြင်းများနှင့် မခံချင်စိတ်၊ ဒေါသစိတ်များပင် လွှမ်းမိုးလာနိုင်သလို မီဒီယာတို့နှင့် ဆက်ဆံရာ၌ အပြောမှားခြင်း သို့မဟုတ် မိန့်ခွန်းအပြော မှားခြင်းများ ဖြစ်တတ်တာမို့ ဤ ကာလများအတွင်း နိုင်ငံတော်သို့ မိန့်ခွန်းပြောခြင်း များကိုလည်း ရှောင်သင့်ပါသည်။ သို့ဖြစ်၍ ခေါင်းဆောင် တို့က အဘက်ဘက်က ဆင်ခြင်နေကြရမည် ဧကန် ဖြစ်ပါသည်။

ခေါင်းဆောင်တို့ နှလုံးစိတ်ဝမ်း အေးချမ်းလို့ ပြည်သူတို့ သဘာဝ ဘေးရန်နှင့် အနိဋ္ဌာရုံ မြင်ကွင်းတို့နှင့် ကင်းဝေးကြပါစေ။

Astro-Political Scientist.
April 4th 2014@ 8:35 PM

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...