နှလုံးစည်းချက်ကို မှတ်တမ်းတင် သိရှိနိုင်မယ့် ကြိုးမဲ့နားကျပ်


Health Updates Journal No. 112

ဆရာသုံးမဟုတ်တဲ့ နားကျပ်တစ်မျိုးဟာ နှလုံးခုန်သံစည်းချက်တွေကို သိရှိမှတ်ထမ်းတင်နိုင်မှာ ဖြစ်ကြောင်း ထုတ်လုပ်နိုင်ခဲ့တဲ့ Cosinuss နည်းပညာကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကိရိယာရဲ့ အမည်ကတော့ C- SP 01့ ပဲဖြစ်ပြီး နားရွက်အတွင်းပိုင်း အရေပြားအောက်က သွေးခုန်နှုန်း ကို ဖော်ထုတ်ပြီး နှလုံးခုန်သံကို တွက်ချက်ပေးမှာဖြစ်ပါတယ်။

ဒါဟာ လက်ချောင်းထိပ်မှာ ကိရိယာ ငယ်လေးညှပ်ပြီး နှလုံးခုန်သံကို တွက်ချက်တဲ့ ဖြစ်စဉ်အပေါ်မှာ အခြေခံထားခြင်းဖြစ်ပါတယ်။ ဒီကြိုးမဲ့ နားကျပ်မှာတော့ micro USB နဲ့ အားသွင်းနိုင်တဲ့ အပေါက်ငယ်ပါဝင်ပြီးနားကျပ်ရဲ့ နားရွက်နောက်ဘက် အစိတ်အပိုင်းမှာတော့ ဘက်ထရီငယ် ပါဝင်ပါတယ်။ ဒါ့အပြင် နားရွက်က သွေးကြောတွေကနေ နှလုံးခုန်သံကို တွက်ချက်ခြင်း၊ ရရှိလာတဲ့ သတင်းအချက်အလက်ကို ဆမ်ဆောင်း ဂလက်ဇီ S4 လို စမတ်ဖုန်းများမှာ ပါဝင်သော ကျန်းမာရေးနှင့် Fitness့ ဆိုင်ရာ ဆော့ဝဲလ်များသို့ ပို့ဆောင်ပေးနိုင်ခြင်းစတဲ့ လုပ်ဆောင်ချက်တွေလည်း ရှိနေပါတယ်။

ကြိုးမဲ့နားကျပ်ကို အသုံးပြုပြီး ကိုယ်တွင်းအပူချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်စီဂျင်တိုင်းတာခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း Cosinuss နည်းပညာကုမ္ပဏီ၏ CEO ဖြစ်သူ Greta Kreuzer က ပြောကြားထားပါတယ်။

ငြိမ်းအေး
ref: ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...