ပထမဆုံး ဒိတ်လုပ်တဲ့အခါ မကြည့်သင့်တဲ့ ဇာတ်ကား (၅) ကား


မေသော် on 2014-04-12 11:10

ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ ပထမဆုံးအပြင်မှာ တွဲကြည့်ဖို့ ချိန်းထားတယ်ဆိုရင် တွေ့တဲ့အချိန် ဘာတွေလုပ်မယ်ဆိုပြီး ကြိုစဉ်းစားထားလေ့ရှိကြပါတယ်။ အဲ့ဒီလိုစဉ်းစားတဲ့အခါ မုန့်လျှောက်စားမယ်၊ ရုပ်ရှင်ကြည့်မယ်၊ စသဖြင့် တွေးထားတယ်ဆိုရင် ကိုယ်ကြည့်မယ့်ဇာတ်ကားက အချစ်ခန်းတွေအများကြီးနဲ့ အလွန်အကျွံ နမ်းနေတဲ့ ဇာတ်ကားမျိုး၊ သတ်ဖြတ်တဲ့ဇာတ်ကားမျိုးတွေဆိုရင်တော့ ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာ မကြည့်ဖို့ အကြံပေးပါရစေ။ ဒီလို ဇာတ်ကားမျိုးတွေ ကြည့်ပြီး အာရုံနောက်သွားရပြီဆိုရင် ပထမဆုံးနေ့မှာ ပျော်ပျော်ရွှင်ရွှင် ရှိနေကြရမယ့်အစား စိတ်ကသိကအောက်ဖြစ်ပြီး ပြန်သွားရမှာမို့ ဒီလိုဇာတ်ကားမျိုးတွေ ရှောင်ကြည့်ဖို့ ပြောချင်ပါတယ်။

၁။ A Serbian Film



ဇာတ်လမ်းက ဒီလောက်မဟုတ်ပေမယ့် ရွံစရာကောင်းတဲ့ sex ကိစ္စတွေနဲ့ ရှုပ်ထွေးနေတာမို့ ချစ်သူနှစ်ဦး ကြည့်လို့ မသင့်တော်တဲ့ဇာတ်ကားမို့ ရှောင်စေချင်ပါတယ်။

၂။August Underground



လူသတ်ကားဆိုတာ ပုံကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပထမဆုံးအခန်းမှာတင် စိတ်ပျက်စရာ ကောင်းလောက်အောင် ကောင်မလေးကို နှိပ်စက်တဲ့အခန်း ဖြစ်နေတာမို့ စိတ်ဝင်စားစရာနဲ့ မစတင်ပဲ အာရုံနောက်စရာဇာတ်ဝင်ခန်းနဲ့ စတာထားတဲ့ ဒီလိုဇာတ်ကားမျိုးကို ချစ်သူနဲ့အတူ ကြည့်မလို့လားဆိုတာ စဉ်းစားပေါ့။

၃။Salo



အီတလီသားအဖွဲ့တစ်ဖွဲ့က ဆယ်ကျော်သက်လေးတွေကို ပြန်ပေးဆွဲနှိပ်စက်တဲ့ ဇာတ်ကားပါ။ ဒါလည်း ရှောင်ပြီးကြည့်ရမယ့် ဇာတ်ကားထဲ ပါဝင်နေပြန်ပါတယ်။

၎။Martyrs



ကောင်မလေးက ကိုယ့်ကိုဒုက္ခပေးသွားတဲ့သူတွေကို ဂလဲ့စားပြန်ချေတဲ့ဇာတ်ကားပါ။ သွေးသံတရဲရဲနဲ့မို့ ဒီလိုဇာတ်ကားမျိုးကိုလည်း ချစ်သူနဲ့ဒိတ်လုပ်တဲ့ ပထမဆုံးနေ့မှာ မကြည့်ပါနဲ့။

၅။Oldboy



ဇာတ်ကားအနေအထားရော၊ အဆုံးသတ်ပါ လူကို အူကြောင်ကြောင်ဖြစ်သွားစေမယ့် ဇာတ်ကားမျိုးပါ။ ကြည့်ပြီးတာနဲ့ ဇာတ်ကားအတွက် ပေးလိုက်ရတဲ့အချိန်တွေကို နှမြောနေမယ်ဆိုတာ လောင်းရဲပါတယ်။

Ref:mandatory.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...