မလေးရှားလေယာဉ်ရှာဖွေနေစဉ် ဖမ်းယူရရှိသည့် အချက်ပြမှု ခရီးစဉ်ပြသေတ္တာ အချက်ပြမှုနှင့်တူညီ


ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 အား အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၌ ရှာဖွေရာတွင် ပူးပေါင်း ပါဝင်နေသော တရုတ်ကင်းလှည့်ရေယာဉ် Haixun 01 ကို ဧပြီ ၅ ရက်က တွေ့ရစဉ် (CNSphoto/ REUTERS)

အိန္ဒိယသမုဒ္ဒရာအတွင်း မလေးရှားလေယာဉ် MH 370 ကို ရှာဖွေနေသည့် တရုတ်သင်္ဘော တစ်စီးက ဖမ်းယူရရှိခဲ့သည့် အ ချက်ပြမှုမှာ ယင်းလေယာဉ်၏ ခရီးစဉ်ပြသေတ္တာ (Black Box) မှ ထုတ်လွှတ်သော အချက်ပြပုံ မျိုးနှင့် တူညီသည်ဟု လေယာဉ် ရှာဖွေမှုလုပ်ငန်းစဉ်ခေါင်းဆောင် သြစတြေးလျစစ်ဘက်ဆိုင်ရာ အကြီးအကဲဟောင်းတစ်ဦးက ပြောသည်။

တရုတ်ရှာဖွေရေးသင်္ဘော ပေါ်တွင် တပ်ဆင်ထားသည့် ခရီး စဉ်ပြ သေတ္တာရှာဖွေရေးကိရိယာ က လှိုင်း ၃၇ ဒသမ ၅ kHz တွင် အချက်ပြမှုတစ်ခု ဖမ်းယူသိရှိခဲ့ သည်ဟု တရုတ်နိုင်ငံပိုင်သတင်း ဌာန ဆင်ဟွာက ဧပြီ ၅ ရက်တွင် ကြေညာသည်။

MH 370 လေယာဉ်ခရီးစဉ် မှတ်တမ်းတင် ကိရိယာနှင့် လေ ယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာနှ စ်ခုလုံးသည် ယင်းလှိုင်း တွင် အလုပ်လုပ်ခြင်းဖြစ်သည်ဟု ပျောက်ဆုံးသွားသော လေယာဉ် တွင် တပ်ဆင်ထားသည့် ခရီးစဉ်ပြသေတ္တာမျိုး ထုတ်လုပ်သော ကုမ္ပဏီ Honeywell Aerospace ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လေယာဉ်ပျောက်ရှာဖွေရေး ပူးပေါင်းအဖွဲ့ခေါင်းဆောင် လေ တပ်ဦးစီးချုပ်ဟောင်း အန်ဂက်စ် ဟူစတွန် ကလည်း ယင်းအချက်ပြ မှုအမျိုးအစားများမှာ ပျောက်ဆုံး နေသော လေယာဉ်၏ ခရီးစဉ်ပြ သေတ္တာမှ ထုတ်လွှတ်သော အ ချက်ပြမှုပုံစံနှင့် တူညီသည်ဟု ပြောသည်။

ယင်းအချက်ပြမှု ဖမ်းယူရရှိ သောနေရာမှ ကီလိုမီတာ ၉၀ ခန့် အကွာ ပင်လယ်ရေမျက်နှာပြင် တွင် အဖြူရောင် ပစ္စည်းများ တွေ့ရှိထားသည်ဟု ၎င်းကပြောသည်။

သို့သော် ယင်းပစ္စည်းများ နှင့် အချက်ပြမှုများမှာ ပျောက် ဆုံးနေသော လေယာဉ်နှင့် ဆက်စပ်နေသည် ဆိုခြင်းကို ယခု အခြေအနေတွင် အတည်မပြုနိုင်သေး ဟု ၎င်းကပြောသည်။

ဂျပန်နိုင်ငံသို့ သွားရောက် နေသည့် သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ရေအောက်မှ အချက်ပြမှု ဖမ်းယူရရှိသည်ဆို သော သတင်းကို ကြိုဆိုလိုက် သော်လည်း သတိထားဆောင် ရွက်ရန် ပြောကြားသည်။

ခရီးသည်များနှင့် လေယာဉ် အမှုထမ်း ၂၃၉ ဦး တင်ဆောင်လာသည့် MH 370 လေယာဉ် သည် မတ်လ ၈ ရက်က ကွာလာ လမ်ပူမြို့မှ ဘေဂျင်းမြို့သို့ ထွက် ခွာသွားစဉ် ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်လနီးပါး အကြာ ဧပြီ ၆ ရက်တွင် အလှမ်းကွာဝေးသော ရေပြင်ကျယ်၌ ယင်းပျောက်ဆုံးနေသော လေယာဉ်ကို စစ် လေယာဉ် ၁၀ စီး၊ အရပ်ဘက် လေယာဉ်နှစ်စီးနှင့် သင်္ဘော ၁၃ စီးဖြင့် ရှာဖွေလျက်ရှိသည်။

ပါ့သ်မြို့အနောက်မြောက် ဘက် မိုင် ၁,၂၀၀ ခန့်အကွာ အိန္ဒိယသမုဒ္ဒရာ၏ ဧရိယာ ၂၁၆,၀၀၀ စတုရန်း ကီလိုမီတာ အကျယ်အ တွင်း ယင်းလေယာဉ်ကို အဓိက ထား၍ ရှာဖွေနေကြသည်။

—Ref: AFP
7Day Daily
Issue No: No.348 Monday, April 7, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...