မပြောပါနဲ့



သူတစ်ပါးစိတ်ဆင်းရဲအောင်မပြောပါနဲ့၊
သူတစ်ပါးနာကြည်းသွားအောင်မပြောပါနဲ့၊
သူတစ်ပါးနှစ်နာသွားအောင်မပြောပါနဲ့၊
သူတစ်ပါးအထင်လွဲသွားအောင်မပြောပါနဲ့၊
သူတစ်ပါးဒုက္ခရောက်သွားအောင်မပြောပါနဲ့၊
သူတစ်ပါးပျက်စီးသွားအောင် မပြောပါနဲ့၊
သူတစ်ပါးအရှက်ရသွားအောင် မပြောပါနဲ့၊
သူတစ်ပါးကိုချိုးနိုမ်ပြီး မပြောပါနဲ့၊
သူတစ်ပါးကိုလည့်ပတ်ပြီး မပြောပါနဲ့၊
သူတစ်ပါးကိုနားမခံသာအောင် မပြောပါနဲ့၊
သူတစ်ပါးကိုရင့်ရင့်သီးသီး မပြောပါနဲ့၊
သူတစ်ပါးကိုကြမ်းကြမ်းတမ်းတမ်း မပြောပါနဲ့၊
သူတစ်ပါးကိုလိမ်ညာပြီးမပြောပါနဲ့၊

သင့်စကားလုံးတွေကသင်ဘယ်အဆင့်ရှိတယ်
ဆိုတာကိုပြောပြနေပါတယ်။
သင့်စကားတွေကပဲသင့်ရဲ့မိတ်ဆွေပါ၊
သင့်ရဲ့စကာလုံးတွေကပဲသင့်ရဲ့ရန်သူပါ၊
မိတ်ဆွေနဲ့ရန်သူသင်ဘာကိုအလိုရှိပါသလဲ၊
သင်အလိုရှိသည့်အတိုင်းသင့်စကားလုံးတွေက
ဖန်ဆင်းပေးပါလိမ့်မယ်။
ချစ်အောင်မုန်းအောင်လုပ်တတ်တဲ့ စကားလုံး
လေးတွေကို သင်အသုံးချတတ်ပါစေ။

(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော် )

Credit to Young Buddhist's Association

ပြည်မြန်မာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...