သင့်အကြိုက်ဆုံး သစ်သီးက ပြောသော သင့်အကြောင်း (၂)


Sunday, April 13, 2014

သစ်သီးဆိုတိုင်း ကြိုက်နှစ်သက်စွာ စားတတ်သူတွေမှာသာ အကြိုက်ဆုံး သစ်သီးဆိုတ ရှိပါတယ်။ သင်အကြိုက်ဆုံး သစ်သီးဟာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြပေးနေပါတယ်။

သင်က အုန်းသီးကြိုက်သူ ဖြစ်လျှင်

သင်က အတွေးအခေါ်သမားပါ

-လေးလေးနက်နက် တွေးတောဆင်ခြင်တတ်ပြီး လူအများနဲ့ ပေါင်းဖော်နေထိုင်ရတာကို သဘောကျပါတယ်။ ခေါင်းမာတတ်ပေမယ့် အများသဘောကျလျှင် လိုက်လျောတတ်သူပါ။ တတ်ကြွပြီး အလုပ်မှာ ဦးဆောင် နိုင်စွမ်း ရှိပါတယ်။ ဦးနှောက်နဲ့ ဘ၀အဖော်ကို ရွေးချယ်တတ်ပြီး ချစ်ခြင်းမေတ္တာက အရေးမပါဘူးလို့ ခံယူထားပါတယ်။

သင်က သြဇာသီးကြိုက်သူ ဖြစ်လျှင်

သင်က ခပ်အေးအေး နေတတ်သူပါ

ရှေးရိုးစွဲ သမားဖြစ်ပြီး ဘ၀ကို ချဉ်းကပ်ရာမှာလည်း ရိုးရှင်းလွန်းပါတယ်။ ဆုံးဖြတ်ချက် တစ်ခုချဖို့ အချိန်ယူ စဉ်းစားတတ်ပေမယ့် ရည်မှန်းချက် ကြီးပါတယ်။ ရည်မှန်းချက် ရောက်တဲ့အထိ အလုပ်ကြိုးစားသူပါ။ အသေးစိတ်လုပ်ရတဲ့ အလုပ်တွေ၊ ကိန်းဂဏန်းတွေနဲ့ လုပ်ရတဲ့ အလုပ်တွေမှာ ထူးချွန်ပါတယ်။ သင့်လို ဥာဏ်ရည်ရှိတဲ့ ဘ၀အဖော်နဲ့ ဆိုရင် ဘ၀မှာ ပိုအဆင်ပြေသွားမှာပါ။

သင်က ပန်းသီးကြိုက်သူ ဖြစ်လျှင်

သင်က ပွင့်ပွင့်လင်းလင်း နေတတ်သူပါ

သင်က ခပ်ဘွင်းဘွင်းနဲ့ ပျော်ပျော်နေတတ်သူပါ။ လက်ဖွာတဲ့သူ၊ စိတ်လိုက်မာန်ပါ ပြုမူတတ်သူ၊ မကွယ်မ၀ှက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်သူဖြစ်ပြီး ဒေါသအလျောက် လက်ပါတတ်သူလည်း ဖြစ်ပါတယ်။ အလုပ်မှာ ခေါင်းဆောင်ကောင်း ဖြစ်ပြီး အခြားသူတွေ အပေါ် မှန်မှန်ကန်ကန် လမ်းပြပေးနိုင်ပါတယ်။ ချစ်သူအပေါ် အလိုလိုက်တတ်ပြီး ဘ၀မှာ ပြိုင်ဆိုင်ရာမရှိ ဆိုတဲ့ အတိုင်း အေးအေးလူလူ ဖြတ်သန်းတတ်သူပါ။

သင်က စပျစ်သီးကြိုက်သူ ဖြစ်လျှင်

သင်က ယဉ်ကျေးသူပါ

ပင်ကို စိတ်ထားကောင်းပြီး စိတ်တို မြန်ပေမယ့် ချက်ချင်း စိတ်ပြေတတ်သူပါ။ အလှအပကို ခံစားတတ်ပြီး ဘယ်လို လှပအောင် ပြင်ဆင်ရမဲဆိုတာ ကိုလည်း နားလည်သူပါ။ လူမှုရေးဝင်ဆံ့ပြီး နွေးထွေးတဲ့ စိတ်ခံစားချက်ရှိတဲ့ သင်ဟာ ဘ၀ရဲ့ စိန်ခေါ်မှုတွေကို အားတက်သရော ရင်ဆိုင်ရတတ်ပါတယ်။ အ၀တ်အစား လှလှဝတ်ရတာ သဘောကျပြီး အလုပ်နဲ့ဘ၀မှာ ပျော်ရွှင်တတ်တဲ့ သင်ဟာ ဘ၀အဖော်နဲ့အတူ ပျော်ရွှင်စရာ အမှတ်တရ ကောင်းတွေ ဖန်တီးမယ့်သူပါ။

သင်က ငှက်ပျောသီးကြိုက်သူ ဖြစ်လျှင်

သင်က နူးညံ့ကြင်နာတတ်သူပါ

သင်က ငှက်ပျောသီးကြိုက်ရင် အလွန်ချစ်ခင်ကြင်နာတတ်ပြီး နွေးထွေးတဲ့ စိတ်ထားရှိကာ ကိုယ်ချင်းစာတတ်ပါတယ်။ ပင်ကိုအရ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းတတ်ပြီး ရှက်ကြောက်တတ်သူလည်း ဖြစ်ပါတယ်။ အခြားသူတွေက သင့်ရဲ့ ချစ်စရာ ကောင်းတဲ့ စိတ်ထားကို နားလည်ပြီး ခင်မင်တတ်ပါတယ်။ ချစ်သူ အိမ်ထောင်ဖက်အပေါ် ရိုသေလေးစားတတ်ပြီး ပျော်ပျော်နေရတာကို သဘောကျပါတယ်။

World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...