သင်္ကြန်မှာ စိတ်ရောကိုယ်ရော နားမယ်လို့ ပြောတဲ့ မေကဗျာ


ခင်ဆွေသက် on 2014-04-03 15:28

အနုပညာလောကထဲမှာ အိမ်ထောင်ရှင်မ တစ်ဦးဖြစ်သွားပေမဲ့ အိမ်ထောင်သည် တစ်ယောက်လို့ မထင်ရလောက်အောင်ကို သူမရဲ့ ပုံစံလေးက တက်သစ်စတွေနဲ့အပြိုင် တွဲဖက်သရုပ်ဆောင်လို့ ရနေဆဲ မေကဗျာနဲ့တွေ့ဆုံခိုက် ‘ခုရှေ့မှာ ငဖြိုးနဲ့ကားရိုက်ပြီးသွားပြီပေါ့။ ပြီးတော့ မေမြို့သွားမယ်။ သင်္ကြန်ကတော့ အိမ်မှာနေရင် နေဖြစ်၊ မနေဖြစ်ရင် ရိပ်သာဝင်ဖြစ်မယ်။ ကဗျာက မဏ္ဍပ်တွေ ဘာတွေ သိပ်မသွားဖြစ်ဘူး။ မနှစ်ကတော့ မြို့တော်ဝန်မဏ္ဍပ်မှာ ကဗျာသီချင်းဆိုတယ်။ ဒီနှစ်ကတော့ အလုပ် လာတယ်။ အလုပ်မလုပ်ချင်လို့ သင်္ကြန်ပြီးရင်လဲ ကားပြန်ရိုက်ရမယ်။ သင်္ကြန်မတိုင်ခင်အချိန်လဲ အလုပ်တွေဆက်တိုက်ပဲဆိုတော့ အဲဒီရက်လေးတော့ စိတ်ရောလူရော နားချင်လို့ပါ။ ၁၉ ရက်နေ့ ကားပြန်ရိုက်မယ်။ ကိုရန်လေးနဲ့အားသစ်နဲ့ပါ။ ကိုရန်လေးရဲ့မိန်းမနေရာကနေ ပါဝင်ရမှာပါ။ ရုံကြီးကား ကတော့ မရှိသေးပါဘူး။ နိုင်ငံခြားကို အငြိမ့်သွားကဖို့တော့ရှိတယ်။ မကျိန်းသေ သေးလို့ မပြောဖြစ်သေး တာ။ ကျိန်းသေရင်တော့ ပြောပါမယ်’လို့ သူမက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...