သရုပ်ဆောင်ရဲတိုက် ထောက်ဒဏ်ခြောက်နှစ်ကျ


photo: google

ယခင်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် ပဲခူးတိုင်းကျောက်တံခါး မြို့နယ်တွင် ဖမ်ဆီးထိန်းသိမ်းခြင်းခံခဲ့ရသော ရုပ်ရှင်သရုပ် ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် ကျောက်တံခါးရဲစခန်းမှ တရားလိုလုပ် တရားစွဲဆိုခဲ့ရာ ရှစ်လကျော်ကြာပြီးနောက် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၁၆ (ဂ) ဖြင့် နောက်ဆုံးရုံးချိန်း ဖြစ်သည့် ဧပြီလ ၇ ရက်နေ့တွင် ကျောက်တံခါး မြို့နယ်တရားရုံးမှ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း ကျောက်တံခါး ရဲစခန်းမှ ရဲအရာရှိ ဦးသန်းဝင်းအောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။

"ကျွန်တော်တို့က သရုပ်ဆောင် ရဲတိုက်ကို ပုဒ်မ ၁၅၊ ၁၆(ဂ) မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိ မှု နှစ်မှုနဲ့ ရဲကတရားလိုလုပ် အမှုဖွင့်ပြီး တရားစွဲမှာပါ။ တရားသူကြီးက စစ်ဆေးလို့ ပြစ်မှုနှစ်ခုစလုံး ထင်ရှား နေရင်နှစ်ခုစလုံးအတွက် အရေးယူခံရမှာပါ " ဟုကျောက်တံခါးရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရဲတိုက်ကို စတင် တရားစွဲဆိုခဲ့စဉ်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ရုံးချိန်းအားလုံးပေါင်း ၂၀ ကျော်ရှိခဲ့သည့်အနက် သရုပ်ဆောင်ရဲတိုက်ကို မတ်လ ၂၆ ရက်နေ့တွင် ပထမ အကြိမ် စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ အမှုနှစ်ခုဖြင့် တရားစွဲ ဆိုထားသော်လည်း ဆရာဝန်၏ ဆေးစစ်ချက်အရ လက်ဝယ်တွေ့ရှိမှုဖြင့်သာ တရားစွဲဆိုခံ ရခြင်းဖြစ်သည်။

မြန်မာတိုင်း(မ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...