ရေသန့်ဘူးအစား ရေထုတ်ကို ပါးစပ်ထဲ ဝါးစားနိုင်ရန် တီထွင်


လန်ဒန်၊ ဧပြီ ၃

ရေသောက်သုံးခြင်းတွင် ပလတ်စတစ်ဘူးခွံ့များနှင့် ထည့်သွင်းရောင်းချသည့်ဓလေ့ ထွန်းကား လာပြီးနောက် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လေလွင့်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လာသောကြောင့် ပညာရှင်များသည် ရေဘူးအစား ရေကိုဝါးစားနိုင်မည့် ဂျယ်လီအသွင် ရေထည့်သွင်းထားသည် အထုတ်များ ကို တီထွင်နိုင်ခဲ့ကြောင်း Wired သတင်းတွင်ဖော်ပြထားသည်။

ပလတ်စတစ်ဘူးခွံ့များဖြင့် ရေထည့်သွင်းသောက်သုံးခြင်းကြောင့် ၂ဝဝ၈ ခုနှစ်တစ်နှစ်တည်းမှာပင် ပလတ် စတစ်တန်ချိန် ၁၂ ဒသမ ၁ သန်းလေလွင့် ဆုံးရှုံးခဲ့ရကြောင်း ဥရောပကော်မရှင်အဖွဲ့က ထုတ်ပြန်ကြေညာ ထားသည်။

ရေကို ရေဘူးများအတွင်း ထည့်သွင်းရောင်းချခြင်းထက် ဂျယ်လီအသွင်လုပ်ထားသော အိတ်များအတွင်း ထည့်သွင်းရောင်း ချပြီး ယင်းအိတ်များကို တစ်ခါတည်းဝါးစားနိုင်စေရန် Skipping Rocks Labs က တီထွင် ထားခြင်းဖြစ်ကာ ယင်း စနစ်ကို Ooho ဟုခေါ်ထားကြောင်း Wired ကဆိုသည်။

ယင်းစနစ်သည် အစားအစာထုတ်လုပ်ရေးဌာနတစ်ခုက ၁၉၅ဝ ပြည့်နှစ်ခန့်တွင် ထုတ်လုပ်ခဲ့သည့် ငါးဥအတုပြုလုပ်ရာတွင် အသုံးပြုသော အပေါ်ယံအလွှာကိုကြည့်ပြီး စိတ်ကူးရ ခဲ့ခြင်းဖြစ်ကြောင်း၊ ရေထည့်သုံးရန်အတွက် အရွယ်အစားကို ကြီးမားစွာ တီထွင်ထားကြောင်း ကုမ္ပဏီကထုတ်ပြန်ရှင်းလင်းထားသည်။

Ooho ရေထုတ်များကို ရေခဲထုတ်များအဖြစ်လည်းကောင်း၊ ရေသန့်ထုတ်များအဖြစ်လည်းကောင်း အပေါ် လွှာအမှေးပါး အတွင်း ထည့်ကာ ထုတ်လုပ်မည်ဖြစ်ပြီး၊ အမှေးပါးကို ကယ်လ်ဆီယံ ကလိုရိုက်နှင့် ရေညှိ အညိုတစ်မျိုးကိုပေါင်းစပ် ထုတ်လုပ်ထားကာ ဝါးစားမြိုချလိုက်လျှင် အန္တရာယ် မရှိနိုင်ကြောင်း Wired သတင်းတွင်ရေးသားထားသည်။

The Voice Daily
4.4.2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...