သွေးတိုးရောဂါအတွက် လမ်းညွှန်ချက်အသစ်ကြောင့် သောက်ရမယ့်ဆေးတွေ နည်းသွားနိုင်သလား



သွေးတိုးရောဂါကျွမ်းကျင်သူတွရဲ့  အကြံပေးလမ်းညွှန်ချက်အသစ်ကို ဆရာဝန်အများစုကသာ လိုက်နာကြ မယ်ဆိုရင် တော့ သွေးတိုးရောဂါကြောင့် ဆေးမျိုးစုံသောက်နေရတဲ့ အသက် ၆၀ အထက် လူနာဆချို့ ဟာ ဆေးတွေ လျှော့ပြီး သောက်ကြရနိုင်ပါတယ်။ ဒီတပတ်ဗုဒ္̕ဓဟူးနေ့မှာ ထုတ်ဝေလိုက်တဲ့ အမေရိကန် ဆရာဝန်များအသင်းဂျာနယ်ရဲ့  သွေးတိုးရောဂါဆိုင်ရာ လမ်းညွှန်ချက်များအရ အသက် ၆၀ ကျော်တွေကို ကုသရမယ့် သွေးပေါင်ချိန်ကို ၁၄၀ အောက်သွေး အထက်သွေး ၉၀ အစား အထက်သွေး ၁၅၀ နဲ့ အောက်သွေး ၉၀ ထက်ကျော်မှသာ ကုရမယ်ဖြစ်ပါတယ်။ အရင်ညွှန်ကြားချက်က လွန်ခဲ့တဲ့ ၁၀ နှစ်က ပြဌာန်းခဲ့တာပါ။

သွေးတိုးရောဂါကို ကုသရာမှာအသက် ၆၀ ကျော်သူတွေဟာ သွေးပေါင်ချိန် အထက် ၁၅၀ အောက် ၉၀ မကျော်ဘူးဆိုရင် နောက်ထပ် ဆေးတွေ ထပ်တိုးစရာမလိုတော့ပါဘူး။ အသက် ၆၀ ကျော်တွေမှာ အထက်သွေးပေါင်ချိန် ၁၅၀ အစား ၁၄၀ အထိ ရောက်အောင်ချရင်လည်း အကျိုးပိုပြီး မရှိဘူးလို့ ညွှန်ကြားပြဌာန်းမှုရေးသားရေးအဖွဲ့တွဲဘက်ဥက္ကဌနဲ့ အိုင်အိုဝါဆေးတက္ကသိုလ်က မိသားစုဆရာဝန် Dr. Paul James က ပြောလိုက်ပါတယ်။ “ကျနော်တို့အနေနဲ့ အသက်ကြီးသူတွေမှာ ဆေးတွေရဲ့  ဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းမူးတာတွေ၊ ရိပ်တိပ်တိပ်ဖြစ်တာတွေ တွေ့ရတတ်ပါတယ်။ အဲဒါတွေကြောင့်လည်း အသက်အရွယ်ကြီးသူတွေမှာ လဲတတ်တာတွေ၊ အရိုးကျိုးတတ်တာတွေ တွေ့ရတတ်ပါတယ်”လို့လည်း သူက ဆိုပါတယ်။ofဆီးချိုသွေးချို ဒါမှမဟုတ် ကျောက်ကပ်ရောဂါရှိသူတွေ အနေနဲ့ကတော့ ဘယ်အသက် အရွယ်ပဲဖြစ်ဖြစ် အထက်သွေးပေါင်ချိန်ကို ၁၄၀ အောက်ထိ ချသင့်ပါတယ်။ အရင် လမ်းညွှန်မှုထဲမှာတော့ ၁၃၀ အထိ ချခိုင်းပါတယ်။

သွေးတိုးရောဂါဟာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေဖြစ်ပြီး လူတွေကိုသေစေခြင်းတွေရဲ့  အဓိကကြောင်းရင်း ဖြစ်ပါတယ်။ လမ်းညွှန်ချက်ထဲအသစ်ထဲမှာ သွေးတိုးရောဂါအတွက် ဆေးဝါးတွေကို ဘယ်လိုသောက်သုံးသင့်သလည်းဆိုတာ အပါအ၀င် သွေးတိုးကျဖို့ ကိုယ်အလေးချိန်ချခြင်း၊ ဆား စားသုံးမှုလျှော့ချခြင်းနဲ့ ကိုယ်လက်လေ့ကျင့်ခဏ်း မှန်မှန်လုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ အမေရိကန် လူမျိုး လူဦးရေရဲ့  ၃ ပုံ ၁ ပုံဟာ သွေးတိုးရောဂါရှိပြီး အသက် ၅၅ နှစ်ကျော်သူတွေမှာ သွေးတိုးရောဂါဖြစ်ဖို့ ၉၀% ရှိပါတယ်။

မိသားစုဆရာဝန်တွေဟာ သွေးတိုးရောဂါကို အဓိက ကုသနေကြသူတွေမို့လို့ နှလုံးရောဂါအထူးကုတွေကို သာမက မိသားစုဆရာဝန်တွေကို ရည်ရွယ်ပြီးတော့ ဒီညွှန်ကြားမှုကို ရေးဆွဲထားပါတယ်လို့ ဂျိမ်းမ်စ်က ဆိုပါတယ်။ သွေးတိုးရောဂါကုသရာမှာ အဓိကဆေး ၄ မျိုးကိုသုံးပါတယ်။ ဆီးဆေးတွေ၊ calcium channel blockers ကယ်လ်စီယမ်လမ်းကြောင်းပိတ်ဆေးတွေ၊ angiotensin-converting enzyme (ACE) inhibitors, or angiotensin receptor blockers တွေ ပါပါတယ်။ အာဖရိက လူမျိုးတွေမှာဆိုရင်တော့ ACE inhibitors ဆေးတွေက မတိုးပါဘူး။

အရေးကြီးတဲ့အချက်ကတော့ ဒီလမ်းညွှန်ချက်တွေ ရေးဆွဲရာမှာ ဆေးကုမ္ဗဏီတွေနဲ့ အဆက်အသွယ်ရှိတဲ့ အထူးကုဆရာဝန်တွေကို လမ်းညွှန်ချက်တွေ ရေးဆွဲစဉ်မှာ မဲပေးခွင့် မပေးပါဘူး။ သူတို့ရဲ့  အကျိုးစီး ပွားကြောင့် မဲပေးတာမျိုးတွေ ဖြစ်မှာစိုးလို့ပါ။

“ဆရာဝန်တွေနဲ့ လူနာတွေကို သွေးတိုးရောဂါဆိုတာ အထက်သွေးပေါင်ချိန် ၁၄၀ အောက်သွေးပေါင်ချိန် ၉၀ အထက်ဆိုတာ ပြောခဲ့ကြတာ ဆယ်စုနှစ်လောက် ကြာခဲ့ပြီမို့လို့ အသက် ၆၀ ကျော်သူတွေ မှာ သွေးပေါင်ချိန်သတ်မှတ်ချက်က မတူဘူးဆိုတာ ပညာပေးတဲ့နေရာမှာ ကြာဦးမှာပါပဲ” လို့ ဂျာနယ် အယ်ဒီတာတွေရဲ့  မှတ်ချက်ထဲမှာ ရေးသားထားပါတယ်။

နှလုံးအားနည်းသူတွေ၊ နှလုံးသွေးကြောရောဂါရှိသူတွေ၊ နှလုံးခုန်ရင်တုန်သူတွေမှာတော့ ဒီလမ်းညွှန်ချက် ကို တိုက်ရိုက်သုံးလို့ ရနိုင်ပါမလားလို့ မန်ဆာချူးဆက်နှလုံးဌာန သွေးတိုးရောဂါဆိုင်ရာ ညွှန်မှုး Dr. Randall Zusman က မေးခွန်းထုတ်ထားပါတယ်။

ဘာပဲပြောပြော ဒီလမ်းညွှန်မှုအသစ်ဟာ ပိုပြီးရှင်းလင်းပြီး လက်တွေ့ပိုကျပါတယ်လို့ ဆရာဝန်တော်တော် များများက ယူဆထားကြပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ သွေးတိုးရောဂါ ရှိပြီဆိုရင် အနေအထိုင် ဆင်ခြင်ကာ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပုံမှန်ပြပြီး သွေးတိုးရောဂါကို အမြဲကြည့်ရှုစောင့်ရှောက် ဖို့ လိုပါတယ်။ လိုအပ်တဲ့ ဆေးတွေကိုလည်း မိမိသဘောနဲ့ ရပ်ပစ်တာမျိုးတွေလုပ်ရင်တော့ ဖြင့် အန္တရာယ် များလှကြောင်း သတိထားကြစေလိုပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...