နွေလယ်ခေါင်မိုးကြိုးပစ်၍ တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ


photo: google

နွေခေါင်ခေါင်တွင် မိုး ကြိုးပစ်၍ လွိုင်ကော်မြို့နယ်ကျေးရွာတစ်ရွာမှ ဆယ်ကျော်သက်အရွယ် အမျိုးသား တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့နယ်၊ ပဒါး ညေးကျေးရွာနေ ဆယ်ကျော် သက်အရွယ် လူငယ်ခြောက်ဦး သည် ဧပြီ ၄ ရက်တွင် သစ်ယားပင်မှ အပွင့်ခူးရန် သွားကြစဉ် မိုးသက်လေပြင်းကျပြီး ရုတ်တရက် မိုးကြိုးပစ်သဖြင့် အသက် (၁၈)နှစ် အရွယ် မောင်တီးကြွားဆိုသူ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းနေရာတွင် သုံးနှစ် လျှင် တစ်ကြိမ်ခန့် မိုးကြိုးပစ်ခဲ့ပြီး သေ ဆုံးသူဦးရေမှာ လေးဦးရှိနေပြီဖြစ်သည်။

အထက်ပါဖြစ်စဉ်သည် ယခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ပြီး မတ်လ ၂၃ ရက် နေ့လယ် ၁ နာရီခွဲက လည်း နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ ကြံဖိုကျေးရွာနေ အသက်(၉)နှစ်အရွယ်မောင်အောင်နိုင်ဖြိုးသည် အိမ်ရှေ့တန်းလျားတွင် ထိုင်နေစဉ် မိုးပေါက်များကျလာကာ မိုးချုန်းသံကြားရပြီး မိုးကြိုးပစ်ခံရကာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဒေသ အချို့တွင် မိုးတိမ်တောင် ရာသီ ဥတုဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင် ရာသီဥ တုကြောင့် အချိန်အခါ မဟုတ် မိုးရွာခြင်းနှင့် မိုးကြိုးပစ် ခြင်းများ ဖြစ်စေတတ်ပြီး အထူးသဖြင့် နေ့လယ် အချိန်များတွင် အများဆုံးဖြစ်လေ့ရှိကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ပြီးခဲ့သည့် နှစ်များအတွင်း နှစ်စဉ်လူ ၇၀ ခန့် မိုးကြိုးကြောင့် သေဆုံးနေ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

7Day Daily
No.347 Sunday, April 6, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...