မဟာသင်္ကြန်ထူးခြားချက် (၅)ချက်


သင်္ကြန်ပွဲတော် ပျော်ရွှင်စွာ ဆင်နွှဲနေသော ရန်ကုန်မြို့မှ ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အေအက်ဖ်ပီ)

မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ် မ ဟာသင်္ကြန်ကာလသည် ငြိမ်း ချမ်း ပျော်ရွှင်စွာ ကုန်လွန်ခဲ့ပြီဖြစ်သည်။ ၂၀၁၄သင်္ကြန်သည် ယခင် နှစ်များနှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ပြည်လုံးအတိုင်းအတာဖြင့် စည်ကားစွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ် သည်။

ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ် ပေါင်းနှစ်ရာနီးပါးဆောက်လုပ် ခွင့်ရခဲ့သည့်အတွက် တစ်ချိန်က မြို့တော်ရန်ကုန်၏ အစည်ကား ဆုံးသင်္ကြန်ကို ပြန်လည်ကြုံတွေ့ ခဲ့ကြရသည်။ ဆိုးဆိုးရွားရွားခိုက် ရန်ဖြစ်ပွားမှု၊ လူသတ်မှုစသည့် သင်္ကြန်နှင့်ပတ်သက်သည့် မှုခင်း များနည်းပါးခဲ့ပြီး လူသိများသည့် အနုပညာရှင်နှင့် ကျော်ကြားသူ အချို့ လူမြင်ကွင်းတွင် မဖွယ်မ ရာဝတ်စားဆင်ယင်၍ထွက်ပေါ် လာခြင်းတို့ မရှိသလောက်လျော့ နည်းသွားခဲ့သည်။ သံချပ်များဖြင့် အခြေခံပြည်သူများထံ တိုင်းရေး ပြည်ရေးအသိပေးခဲ့ သည့် သံချပ် သင်္ကြန်ဖြစ်ခဲ့သည်။ ပဋိပက္ခ ကြောင့် ယခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည့် မိတ္ထီလာ သင်္ကြန်ပင်လျှင် လူမျိုးဘာသာမရွေး ၀င်ရောက်ဆင်နွှဲနိုင်ခဲ့သည်။ ယခုနှစ်ရန်ကုန်သင်္ကြန် တွင် နိုင်ငံခြားသားအချို့ပါ မြန်မာ့ရိုးရာဝတ်စုံများဝတ်ဆင်၍ ရေသဘင်ပွဲဝင်ရောက်ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် ၂၀၁၄သင်္ကြန်အတွက် ထူးခြားချက်ငါးချက်ကို စုစည်းတင်ပြလိုက်ပါသည်။


သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေကို ပထမဆုံးအကြိမ် သတိပေးတားမြစ်ခဲ့တဲ့ သင်္ကြန်

သင်္ကြန်ကာလတွင် အနုပ ညာရှင်နှင့်အရပ်သူအမျိုးသမီးအ ချို့၏ မလုံမခြုံဝတ်စားဆင်ယင်မှု များ၊ လူမြင်ကွင်းတွင် ယဉ်ကျေး မှုနှင့်မညီသည့် နေထိုင်မှုပုံစံများ၊ လိင်စိတ်နှိုးဆွစေသောကကွက် ဆန်းများထွက်ပေါ်လာလိမ့်မည် ဟု အများစုကမျှော်လင့်ထားကြ သည်။ စိုးရိမ်ပူပန်မှုများရှိခဲ့သည်။ စိုးရိမ်သည့်အတိုင်း အကြိုနေ့တွင် Grand Royal မဏ္ဍပ်၌ ထိုင်း အကမယ်များက အတွင်းခံဝတ်ပြီး ကပြသည်ပုံများထွက်ပေါ်လာခဲ့ သည်။ ယခင်နှစ်များလို တားမြစ် မှုမရှိဘဲ ပြီးဆုံးသွားမည်ဟု ထင်ခဲ့ ကြသော်လည်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့က ထိုမဏ္ဍပ်ကို သွားရောက် သတိပေးမှုများပြု လုပ်ခဲ့သည်။ မီဒီယာများနှင့် လူထု ၏ ဝေဖန်မှုများကြောင့် သရုပ် ပျက်သင်္ကြန်မဖြစ်စေရအောင် ၂၀၁၄သင်္ကြန်ကစပြီး ညင်သာစွာ တားမြစ်ထိန်းသိမ်းရန် သင်္ကြန်အ ကြိုအစည်းအဝေးများတွင် ကြို တင်ဆုံးဖြတ်ထားခဲ့ခြင်းကြောင့် ယခုလိုသတိပေးတားမြစ်ရခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးမြင့်အေးကပြောသည်။

‘‘အရင်နှစ်တွေက ဒီထက်ဆိုးဆိုးရွားရွားတွေရှိခဲ့ပေမယ့် ဒီ နှစ်မှ သတိပေးတားမြစ်မှုတွေ စ လုပ်ရတာက ရိုးရာသင်္ကြန်ကိုပြန် ထိန်းသိမ်းဖို့ အစည်းအဝေးဆုံး ဖြတ်ချက်တွေအရဖြစ်ပါတယ်။ အတိုအပြတ်ဝတ်တဲ့ခေတ်မှာ အ တိုမ၀တ်နဲ့လို့တော့မတားပါဘူး။ သို့သော် ဆိုးဆိုးရွားရွားဖြစ်လာ ရင်တော့ ရှေ့လျှောက်တားမြစ် သတိပေးမှာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။


စည်းနဲ့ကမ်းနဲ့ ရိုးရာကို ထိန်းသိမ်းစပြုလာတဲ့ သင်္ကြန်

သင်္ကြန်တွင်အရက်သေစာ မူးယစ်သောက်စားပြီး ရေပက်သူ၊ ရေပက်ခံထွက်သူအများစုမှာ မ တော်တဆ လူချင်းဝင်တိုက်မှု လေးမှပင် လူသတ်မှုဖြစ်ပွားသည် အထိ ဒေါသကိုဖောက်ခွဲဖော် ထုတ်ပစ်တတ်လေ့ရှိသည်။ ယခု နှစ်သင်္ကြန်တွင်တော့ လူငယ်အ များစုမှာ မိမိ၏ လွတ်လပ်စွာပျော် ရွှင်ခွင့်ကို အထိအခိုက်မခံသည့် အပြင် သူတစ်ပါး၏ ပျော်ရွှင်မှုကို လည်း လေးစားထိန်းသိမ်းပေး လာကြသည်။ ‘‘အရင်က ဘာ လေးဖြစ်လိုက်ဖြစ်လိုက် ဆွမ်းကြီး လောင်းမယ်၊ ချမယ်။ ဘေးကို လည်း ဒီရန်ပွဲက ကူးစက်လွယ် တယ်။ အခု ဒီနှစ်က လုံးဝအကူး စက်မခံဘူး။ မဏ္ဍပ်မှာ အချင်း ချင်း ၀င်တိုက်မိရင်တောင်မှ တောင်းပန်ကြတယ်။ လူငယ်တွေ မပျော်ရတာလည်း တော်တော် ကြာပြီဆိုတော့ သူတို့ရဲ့ပျော်ရွှင် မှုကို အထိခိုက်မခံနိုင်မှန်း နား လည်လာကြတယ်’’ဟု ကမ္ဘာအေး ဘုရားလမ်းတွင် Invader မဏ္ဍပ် ဆောက်လုပ်ခဲ့သူ ဟစ်ဟော့ပ်အ ဆိုတော် ရန်ရန်ချမ်းက ပြော သည်။

ပဋိပက္ခကြောင့် မကျင်းပခဲ့ရဘဲ ယခုနှစ်မှ ပြန်လည်ကျင်းပရသည့် မိတ္ထီလာတွင်ပင် လူအုပ်စုနှစ်ခုကြား ပြဿနာကြီးကြီးမားမားလုံးဝမဖြစ်ခဲ့ဘဲ နှစ်ဖက်စလုံးက လူငယ်များအတာ သင်္ကြန်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း မိတ္ထီလာမြို့ခံကိုကျော်စိုးမိုးက ပြောသည်။ မိတ္ထီလာတွင် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ မဏ္ဍပ်ပေါင်းသုံးဆယ်ဝန်းကျင် တည်ဆောက် ခဲ့ပြီး ဒေသအခြေအနေအရ ညပိုင်းဖျော်ဖြေရေးများမလုပ်ခဲ့ရခြင်းသာရှိကြောင်း ၎င်းကပြောသည်။

‘‘မနှစ်က သင်္ကြန်မလည်ရ တော့ ဒီနှစ်တော်တော်စည်တယ်။ မွတ်စလင်တွေလည်း လည်ကြ တာပဲ။ ဘာရန်ပွဲမှလည်းမဖြစ် ဘူး။ မနှစ်ကမှ ဆိုင်ကယ်မှောက် ပြီး နှစ်ယောက်သေတယ်။ ဒီနှစ် ဆိုင်ကယ်မှောက်တာလည်း သိပ် မရှိဘူး။ အရက်ကတော့ သောက် ကြတာပေါ့’’ဟု ၎င်းကပြော သည်။


မှုခင်းတွေလျော့ကျသွားတဲ့သင်္ကြန်

သင်္ကြန်တိုင်း မှုခင်းဖြစ်ပွားမှု နှုန်း မြင့်မားလေ့ရှိသော်လည်း ၂၀၁၄သင်္ကြန်တွင်တော့ ရန်ကုန် တွင် သင်္ကြန်နှင့်ပတ်သက်သည့် လူသတ်မှု တစ်မှုသာကြီးကြီးမား မားဖြစ်ပွားခဲ့ပြီး ခါးပိုက်နှိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှု၊ မုဒိမ်းမှုစသည့်အမှုအားလုံးပေါင်း သုံးဆယ်ဝန်းကျင်သာဖြစ်ပွားခဲ့ သည်။ တစ်နိုင်ငံလုံးတွင် လူသတ် မှုလေးမှုသာဖြစ်ပွားခဲ့ပြီး အမှု ပေါင်း ၁၅၀ ၀န်းကျင်၊ သေဆုံး ၇ဦးနှင့် ဒဏ်ရာရ ၇၀ဦးသာရှိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

‘‘ရန်ကုန်မှာ သင်္ကြန်တွင်း ဖြစ်တဲ့ လူသတ်မှု ၇မှုမှာ တစ်မှုပဲ သင်္ကြန်နဲ့ပတ်သက်တယ်။ ကျန် တဲ့ ၆မှုက သင်္ကြန်နဲ့မဆိုင်တဲ့ အ ရပ်ထဲက လူသတ်မှုတွေဖြစ်နေ တယ်။ ဒီနှစ် မဏ္ဍပ်တွေရော မဏ္ဍပ်အောက် ကတဲ့လူငယ်တွေ ပါ ရန်မဖြစ်ကြဘူး’’ဟု ဒုတိယရဲမှူးကြီးမြင့်အေးက ပြောသည်။

စိတ်ကြွရူးသွပ်ဆေးဝါးအပါ အ၀င် မူးယစ်ဆေးဝါးများကို သ င်္ကြန်မတိုင်မီကပင် ကြိုတင်ဖမ်း ဆီးနိုင်ခဲ့ပြီး သင်္ကြန်တွင်းတွင် တော့ လက်ဝယ်တွေ့ရှိသူနှင့် သုံး စွဲသူများကို ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း ၎င်းကပြောသည်။အ ရက်၊ ဘီယာတရားမ၀င်ရောင်းချ သူများကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ကြန်အထူးတရားရုံးသို့ တရား စွဲဆိုတင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။ မန္တလေးမြို့တွင်ပင် ဆိုင်ကယ်မှ ဆိုင်လင်ဇာဖြုတ်ပြီး အိတ်ဇောသံ အကျယ်ကြီးလုပ်၍ ရမ်းကား မောင်းနှင်မှုများပင် လျော့နည်း သွားကြောင်း မန္တလေးမြို့ခံမအိမ့် မျက်ချယ်က ပြောသည်။

‘‘မန္တလေးမှာအရင်က ကျုံး တောင်ဘက်ပဲစည်တယ်။ အခု SIR မဏ္ဍပ်ကအနောက်ဘက်မှာ ဆိုတော့ တစ်နေရာတည်းမဟုတ် ဘဲ ကျုံးတစ်ပတ်တော်တော်စည် တယ်။ မူးရူးသောင်းကျန်းတာ လည်း သိပ်မရှိဘူး။ အတိုအပြတ် ၀တ်တာလည်း ညီမတို့နယ်တွေ မှာက အရင်ကလည်း ဒီလောက် မဆိုးဘူး’’ဟု ၎င်းကဆိုသည်။


လျှပ်ပေါ်လော်လည်ဝတ်စားဆင် ယင်မှုတွေ နည်းပါးခဲ့တဲ့သင်္ကြန်

မြန်မာ့ယဉ်ကျေးမှုနှင့် မညီ သည့် ၀တ်စားဆင်ယင်မှုများ၊ လူ မြင်ကွင်းတွင် စုံတွဲများ ဖက်ရမ်း နမ်းရှုံ့နေခြင်းတို့မှာ မြန်မာ့ရိုးရာ သင်္ကြန်ရောက်တိုင်းအစဉ်အလာ မပျက်ထွက်ပေါ်လာနေကျပုံရိပ် များဖြစ်သည်။ သို့သော် ယခုနှစ် တွင် ခေတ်နှင့်အညီအတိုအပြတ် ၀တ်စားဆင်ယင်မှု ရှိခဲ့သော် လည်း အမျိုးသမီးအချို့တမင် ဖော်ချွတ်ထားသည့် ၀တ်ဆင်မှု၊ လိင်အသားပေးကခုန်မှုများနည်း ပါးသွားသည်။ နှစ်စဉ်ဝတ်စားဆင် ယင်မှုတွင် နာမည်ကျော်ခဲ့သည့် အနုပညာရှင်အချို့ပင်လျှင် သ င်္ကြန်လျှပ်ပေါ်လော်လည်ပုံရိပ် များထဲတွင် မပါဝင်ခဲ့ပေ။ အနုပ ညာရှင်အမျိုးသမီးအချို့မှာလည်း ရေစိုခံပြီး ခန္ဓာကိုယ်ပုံမပျက်စေ သော ဘောဒစ်ပုံစံကိုယ်အတိရင် ခံများနှင့် ဘောင်းဘီတိုလောက် သာ ၀တ်စားဆင်ယင်ခဲ့ကြသည်။ လူမြင်ကွင်းတွင် အရက်ပုလင်း များ မော့သောက်နေပြီး မူးရူး အော်ဟစ်နေသော အမျိုးသမီးအ ချို့ရှိခဲ့သော်လည်း ယခင်နှစ်နှင့် မယှဉ်သာအောင် နည်းပါးခဲ့ သည်။

‘‘ဒီနှစ် ကောင်မလေးတွေ ၀တ်စားထားတာ အရမ်းမိုက် တယ်။ အရမ်းဆိုးဆိုးရွားရွားဖော် ချွတ်ထားတာလည်းမတွေ့ရဘူး။ ဗိုက်လေးလှလှလေးတွေဖော်တာ တော့ ရှိတာပေါ့ဗျာ။ ဒါလောက် တော့ ခေတ်နဲ့အညီရှိမှာပေါ့။ မ နှစ်ကလောက်မဆိုးဘူး’’ဟု ကန် တော်ကြီး ကန်ပတ်လမ်းရှိ နွေပိ တောက်သင်္ကြန်မဏ္ဍပ်တွင် ရေ ကစားခဲ့သည့်အသက်(၂၂)နှစ်အ ရွယ် လူငယ်တစ်ဦးကပြောသည်။


သံချပ်တွေမြိုင်ဆိုင်ခဲ့တဲ့သင်္ကြန်

နှစ်ပေါင်းသုံးဆယ်နီးပါး တားမြစ်ပိတ်ပင်ခံထားရသည့် သ င်္ကြန်သံချပ်ယဉ်ကျေးမှုမှာ ၂၀၁၂ သင်္ကြန်တွင် ပြန်လည်နေရာယူခဲ့ ပြီး ယခုနှစ်တွင်တော့ သံချပ်အဖွဲ့ များစွာ ပြည်သူ့လက်ခုပ်သံကို ရ ယူနိုင်ခဲ့သည်။ သံချပ်အဖွဲ့များ သည် လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်အပါအ၀င် ထင်ရှားသည့်နိုင်ငံရေးသမားများ ထံသွားရောက်ဖျော်ဖြေခဲ့သလိုအ ခြေခံလူတန်းစားအများစုရှိသည့် ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များအ ထိလည်း ဖျော်ဖြေပေးခဲ့ကြသည်။ လူထု၏ ယနေ့အခက်အခဲ၊အ ကျပ်အတည်းများ၊ နိုင်ငံရေးအ ခင်းအကျင်းများ၊ အလုပ်လက်မဲ့ ပြဿနာများ၊ လူငယ်ထု၏ ရင် တွင်းခံစားချက်များကိုထင်ဟပ်မှု ကြောင့် သံချပ်များကို လူထုက လှိုက်လှဲစွာအားပေးကြသည်။ သံ ချပ်အဖွဲ့များကို အစိုးရက လည်း စာသားကြိုတင်ခိုင်းခြင်းမှလွဲပြီး တစ်စုံတစ်ရာတားမြစ်ကန့်သတ် ခဲ့ခြင်းမရှိပေ။

‘‘လူငယ်တွေ၊ ကျောင်းသား တွေရဲ့ ရင်တွင်းခံစားချက်ကို ထင် ဟပ်ဖော်ကျူးနိုင်ခဲ့လို့ ဒီနှစ်သင်္ကြန် မှာလူထုအားပေးမှုကို အများကြီး ရခဲ့တာ အမှတ်တရပါပဲ’’ဟု ဒေါ် အောင်ဆန်းစုကြည်နေအိမ်ရှေ့ တွင် သံချပ်ထိုးခဲ့သည့် တန်ခူးရင် ခွင်အဖွဲ့မှ သံချပ်အဖွဲ့ဝင် ကိုအောင်ကိုဦးလွင်ကပြောသည်။

ခေါင်းပေါင်း၊ တောင်ရှည်ပု ဆိုးနှင့်ထိုင်မသိမ်းဝတ်ကာ သပြေ ခက်နှင့် ရေပက်သည့်ခေတ်သို့ ပြန်မရောက်သည့်တိုင် မြန်မာ့ရိုး ရာသင်္ကြန်ပွဲတွင် ယဉ်ကျေးမှုကို ဆိုးရွားစွာဖီလာဆန့်ကျင်ပြီး ပွဲ တော်အနှစ်သာရကို ပျက်ယွင်း စေသောအပြုအမူ၊အပြောအဆို များ၊ ၀တ်စားဆင်ယင်မှုများကို လူငယ်များက မိမိအသိစိတ်ဖြင့် ရှောင်ရှားဆင်ခြင်၍ ရိုးရာသင်္ကြန် ကို စည်းကမ်းရှိရှိပျော်ရွှင်စွာဖြတ် သန်းနိုင်ရန် ယခုနှစ်သင်္ကြန်က လမ်းစဖွင့်ခဲ့ပြီဖြစ်သည်။

7Day Daily
No.352 Friday, April 18, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...