အခမဲ့အလယ်တန်း ပညာသင်ကြားရေးစနစ်ကို ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည် ဖော်သွားမည်

အတွဲ (၁၅)၊ အမှတ် (၁၅)


၂၀၁၄ ခုနှစ် ကျောင်းဖွင့်ရာသီတွင် အခမဲ့မူလတန်းသင်ကြားရေးမှ အခမဲ့အလယ်တန်း ပညာ သင်ကြားနိုင်စေရန်အတွက် စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၁၄ ခုနှစ်မှာ မူလတန်းကနေ အလယ်တန်းအထိ အခမဲ့ပညာ သင်ကြားနိုင်အောင် လုပ်သွားပါမယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့လည်း ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေကို အခမဲ့ပေး သွားမှာ ပါ။ နောက်တစ်ခုက ကျောင်းလခတွေ၊ စာကြည့်တိုက်ဖိုးတွေ အရင်တုန်းကကောက်ခဲ့တဲ့ ကျောင်း သားတွေပေးသွင်းရမယ့် ငွေတွေကိုကောက်ခံခြင်းမရှိဘဲ Free Education ကိုဆောင်ရွက်သွား မှာ ဖြစ်တယ်။ နောင်လာမယ့်နှစ်တွေမှာလည်း အထက်တန်းအဆင့် အထိပါ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။

မူလတန်းအဆင့် အောင်မြင်ပြီးသည့် ကျောင်းသားများ အလယ်တန်းအဆင့်သို့ကူးပြောင်း ပညာ သင်ကြား နိုင်ရန်လိုအပ်ပါတယ်။ ကျောင်းသားမိဘများ အနေဖြင့်လည်း သားသမီးများကို ကျောင်း ဆက် လက်ထားရှိရမယ်။ အသိပညာ ရရှိရန်လည်း လိုအပ်ပါတယ်။ ကျောင်းဆက်လက်ထားရှိမှသာ အနာဂတ် တွင်ကလေးများ၏ ဘဝတိုးတက်မှာ ဖြစ်ပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦး စီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

-အေးဖြူ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...