ကိုယ့်အနုပညာလုပ်တွေနဲ့ ပတ်သက်ပြီး အားမရသေးဘူးလို့ ပြောတဲ့ သရုပ်ဆောင် ခရစ္စတီးနား


စန္ဒီ on 2014-04-19 11:00

အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ တစ်ယောက်ပီပီ သူ့အတွက်လက်ရှိမှာ ကိုယ့်ကို ကိုယ် အောင်မြင်မှုရရှိဖို့ထက် အနုပညာနဲ့ ပတ်သက်ပြီး အခွင့်အရေး တစ်ခုရရှိဖို့ကိုသာ မျှော်လင့်နေရ ပါတယ်လို့ ဆိုလာသူကတော့ ခရစ္စတီးနားပဲဖြစ်ပါတယ်။ သူမကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ အနုပညာ အခွင့်အရေးအနေနဲ့ အပြည့်အဝရရှိခြင်း၊ မရရှိခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘ခရစ် လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။

သင်္ကြန်ပြီးနောက်ပိုင်း မေလလောက်မှာ ဘန်ကောက်ကို သွားဖို့ရှိပါမယ်။ မကြာခင် ထွက်ရှိထားတဲ့ သရဲမြို့တော်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇာတ်ကားလေး ရိုက်တုန်းက ခရစ်ကိုယ်တိုင် လည်း ကြိုးစား အားထုတ်ခဲ့ပါတယ်။ အဲဒီ့ သရဲမြို့တော်ကားလေးနဲ့ ပတ်သက်ပြီး အရမ်းကြီးတော့ ခရစ် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ ကြိုက်ကြတယ်၊ အားပေးတယ်လို့ သိရတော့ ခရစ်ကြိုးစားရကျိုး နပ်ပါတယ်။ ကျေနပ် မိပါတယ်။ ခရစ်ကတော့ ဒီထက်မက ကြိုးစားချင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အားမရသေးပါဘူး။ အနုပညာ အခွင့်အရေးတွေ အပြည့်အဝ ရရဲ့လားဆိုတာနဲ့ ပတ်သက်ပြီး ခရစ်ကတော့ ဇာတ်ရုပ်တွေ အများကြီး ရိုက်ချင်ပါတယ်။ အဲဒီ့လိုမျိုး ဇာတ်ရုပ်တွေ ရိုက်လာရဖို့အတွက် အခွင့်အရေးတွေကို စောင့်နေတာပါ’လို့ သူမက ပြောပြသွားပါတယ်။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...