ယောက်ျားလေးများလည်း ဒေါက်ဖိနပ် စီးလာကြပြီ



ရိုးရာမပျက် ယောကျာ်းလေးတွေအတွက် ပြုံးချင်စရာဖြစ်ပေမဲ့ ဖက်ရှင်မျက်စိရှိပြီး တမူထူးခြားချင် တဲ့ ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေရဲ့နယ်ပယ်ထိချဲ့လာပြီး သူတို့ကိုယ်ပိုင် လုပ်လာကြပြီလို့ DailyMail က ဖော်ပြလာပါတယ်။

မိန်းကလေးတွေရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ဒေါက်ဖိနပ်တွေကို ယောက်ျားလေးတွေလည်း ဝတ်ဆင်လာကြ တာဖြစ်ပါတယ်။

“ကျွန်တော်မနေ့က ပါတီပွဲတစ်ခုကို သွားတာ၊ အဲဒီ့မှာ လူတစ်ယောက်က ဘောင်းကျီက ရိုးရိုး၊ အင်္ကျီက ရိုးရိုးပဲ၊ ဖိနပ်က တစ်ကယ်ဟော့တဲ့ ဒေါက်မြင့်ဗျ။ လူတိုင်းက ဘယ်လိုဖြစ်သွားလဲဆိုတော့ အိုးမိုင်ဂေါ့ဒ် ဒီဖိနပ်တော့ ကြိုက်တယ်ကွာ!ပဲ” လို့ LAမှာရှိတဲ့ Mr Blackကလပ်က အစီအစဉ်မှုး Luke Nero က New York Times ကို ပြောကြားခဲ့ပါတယ်။

ဒီလိုယောက်ျားလေးတွေ ဒေါက်မြင့်ဖိနပ်ဝတ်တာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘဲ ခုနှစ်ဆယ်ခုနှစ်တွေတုန်း ကလည်း ဒေါက်မြင့်ဖိနပ်တွေဟာ ယောကျာ်းလေးတွေရဲ့ ခြေထောက်အောက်ကို ရောက်ရှိ လာသေးတယ်လို့ဆိုပါတယ်။ သမိုင်းထဲမှာဆိုရင် ပြင်သစ်ဘုရင် လူဝီ ၁၄ ဟာ ၁၆၆၀ ခုနှစ်တွေ မှာ Nicholas Lestage လုပ်ပေးတဲ့ လေးလက်မမြင့် ဒေါက်ဖိနပ်တွေကိုဝတ်တာ အဲ့အချိန်တုန်းက သူ့ဒီဇိုင်းတွေကို ချီးကျူးခဲ့ကြပါတယ်။



လက်ရှိ ဒေါက်ဖိနပ်ဝတ်တဲ့ အလားအလာဟာ ယောက်ျားလေးတွေအတွက် ပျင်းစရာကောင်းတဲ့ ရွေးချယ် စရာတွေ ကြားမှာအမြစ်တွယ်လာနေပါတယ်။ ဒီလိုဝတ်ခြင်းဟာ စတိုင်သက်သက် ဝတ်တာထက်လည်း ပိုနေတယ်လို့ဆိုပါတယ်။

“တကယ်ကို အားပါတဲ့ အရာတစ်ခုပါ။ ဒီ့ပြင် တစ်ယောက်ယောက်ထက် ခင်ဗျားပိုမြင့်သွားမယ်။ ပိုမိုက်သလို ဖြစ်သွားမယ်။ ခင်ဗျားခြေထောက်တွေလည်း ပိုကြည့်ကောင်းသွားမယ်ဗျာ” လို့ ဒေါက်မြင့်ဖိနပ်ဝတ်သူ တစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် Gregory Alexander က ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Photo : http://www.dailymail.co.uk/femail/article-2050300/High-heels-men-rise.html

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...