အဖေ့ကြောင့် သင်္ကြန်သီချင်း တစ်ပုဒ် သီဆိုနိုင်တဲ့ သန္တာဗိုလ်


(ရန်ကုန်၊ မတ် ၃၁ )

အဖေ့ကြောင့် သင်္ကြန်သီချင်း တစ်ပုဒ် သီဆိုနိုင်ပြီဖြစ်ကြောင်း သန္တာဗိုလ် က ပြောသည်။

”သင်္ကြန်သီချင်းက ဖေဖေ ကိုယ်တိုင်ရေးပြီး သူပဲ နာမည်ပေး ထားတာ။ အဖေ့ရဲ့ နှစ်သစ် လက်ဆောင် လည်း ဖြစ်တယ်” ဟု ၄င်းကပြောသည်။

”သင်္ကြန် ဆိုရင် ကိုယ်ပိုင် သီချင်းတစ်ပုဒ်မှ မရှိသေးလို့ လိုချင်တယ် ဆိုပြီး အဖေ့ကို စဉ်းစားလိုက်တာပါ။ အခု ကိုယ်ပိုင် သီိချင်းတစ်ပုဒ် ရသွားပြီ” ဟု သန္တာဗိုလ် က ပြော သည်။

သန္တာဗိုလ်က သီချင်း တစ်ပုဒ်လုံးမှာ ‘ကိုကိုပိုက် နဲ့ထိုး’ စာသားက အဓိက တောက်လျှောက်ပါ လို့ ခေါင်းစဉ် ကို ‘ ကိုကို ပိုက်နဲ့ထိုး ‘ ဟု ပေးလိုက်သည်ဟု ၄င်းထံမှ သိရ သည်။

ဗီဒီယို ရိုက်ကူးမှုပိုင်းမှာ ရပ်ထားပြီး နယ်ဘက် ခရီးတွေ တောက် လျှောက်ထွက်ပြီး နယ်ခံ ပရိသတ်တွေနဲ့ ရင်းနှီးမှု ပိုရလာသည်ဟု သန္တာဗိုလ် ထံမှ သိရသည်။

”အခု တရုတ်နယ်စပ် ကိုးကန့်မြို့ ရောက်နေတယ်။ သီချင်းဆိုဖို့ ပါ။ ဧပြီ ၃ ရက်နေ့လောက်မှာ ရန်ကုန် ကို ပြန်ရောက်မယ်” ဟု ၄င်းကဆိုသည်။

ထူးထူး
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...