အိမ်ထောင်ရှင်တွေကို ဂယောက်ဂယက် ဖြစ်စေနိုင်တဲ့ ကင်မရွန်းဒေ့ဇ်

မတ်ဒီလွန်မှစလို့ ဂျက်စတင် တင်းဘားလိတ် တိုင်အောင် ကမ္ဘာမှာ စွဲဆောင်မှုရှိတဲ့ အမျိုးသား များစွာနဲ့ ချစ်ဇာတ်လမ်းရှိခဲ့သူ ဖြစ်ပြီး ဘယ်အမျိုးသားကမှ သူမကို ကြာကြာစွဲဆောင် မထားနိုင်တဲ့ အသက် ၄၁နှစ်အရွယ် ကင်မရွန်းဒေ့ဇ်က သူမ လွတ်လပ်နေဆဲ (အိမ်ထောင်မရှိ) ဆိုတဲ့ အခြေအနေက အိမ်ထောင်ရှင် အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို စိတ်ဂနာ မငြိမ် (ဂယောက်ဂယက်) ဖြစ်စေနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။



ကျွန်မထင်တယ် အချို့လူတွေက သူတို့ အိမ်ထောင်ပြုပြီးသွားတာနဲ့ အခြားသူတွေကို သူတို့လိုပဲ တစ်စုံတစ်ဦးကို ဘ၀အတွက် ရွေးချယ်စေချင်ကြတယ်။ သူတို့ကိုယ်တိုင် ရွေးချယ်ထားတာကို သူတို့ဘာသာ ကျေနပ်နှစ်သက်စေဖို့ အတွက်လို့ ကျွန်မထင်တယ်။ နောက်ပြီး ကျွန်မထင်တာက အိမ်ထောင်ရှင် အချို့ဟာ လက်မထပ်ခင် သူတို့ရွေးချယ်မှုတွေ ပြုခဲ့ကြမှာပါ။ အကယ်၍ သူတို့နဲ့ ပတ်သတ်သူခဲ့ဖူးသူ ဒါမှမဟုတ် သူတို့ စိတ်ဝင်စားသူက လက်မထပ်သေးဘဲ တစ်နည်းတစ်ဖုံ ရပ်တည်နေတာကို တွေ့တဲ့အခါ ကြရင် ဘာကြောင့်လဲ ဆိုပြီး သူတို့ တွေဝေ စဉ်းစားမိကြမယ်လို့ ထင်ပါတယ်။

အကယ်၍ သူတို့ လက်ထပ်ဖို့ မသေချာဘဲ ရွေးချယ်ခဲ့သူက စိတ်တိုင်းကျစေမှာ မဟုတ်ဘူးလို့ ပြောပါသေး တယ်။ ကင်မရွန်းဒေ့ဇ်ကတော့ ယခုအချိန်ထိ ချစ်ဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး လက်မလျော့သေးပါဘူး။

ကျွန်မ အချစ်အတွက်နဲ့ လုံးဝကျရှုံးနေပြီ။ ယောက်ျားတစ်ယောက်မှာ ကျွန်မကို ဘယ်အရာက စွဲဆောင်မှု အရှိဆုံးလဲ ဆိုတာ ကျွန်မအခုတော့ သိနေပြီ။ သူ့ကိုယ်သူ ဘယ်လိုလူဖြစ်တယ် ဆိုတာ သိတဲ့သူက ကျွန်မကို စွဲဆောင်နိုင်တယ်။ ကျွန်မထင်တယ် ကျွန်မကိုယ် ကျွန်မ ဘယ်လိုလူလည်းဆိုတာ သိတဲ့သူကသာ ကျွန်မကို စိတ်ဝင်စားကြောင်း ပြသတဲ့သူ ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်။

World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...