အိန္ဒိယပညာရေးအဖွဲ့အစည်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် အသင့်ဖြစ်နေ



အိန္ဒိယနိုင်ငံမှ ပညာရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံရန် အသင့်ဖြစ် နေ ပြီး မြန်မာအစိုးရ၏တရားဝင်အသိအမှတ်ပြုမှုကို စောင့်ဆိုင်းနေကြောင်း အိန္ဒိယပညာရေးပြပွဲ တာဝန်ရှိ သူများက ပြောသည်။

အိန္ဒိယနိုင်ငံမှ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းများသည် ရန်ကုန်မြို့၊ အာရှပလာဇာဟိုတယ်တွင် ပညာရေးပြပွဲကို နှစ်ရက်ကြာလာရောက် ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတွင် ကျောင်းတည်ထောင်ရန် စိတ်ဝင် စားကြောင်း ပြောဆိုခဲ့သည်။

“အိန္ဒိယကျောင်းတွေကတော့ လာဖို့အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ကျွန်တော်သိသလောက် မြန်မာအစိုးရ မူဝါဒကအိန္ဒိယမှ မဟုတ်ဘူး။ တခြားဘယ်နိုင်ငံမှ ဒီပလိုမာတွေ၊ လက်မှတ်တွေသင်ကြားတာကို တရားဝင်အသိအမှတ်ပြုထားတာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရမူဝါဒက တရားဝင် အသိအမှတ်မပြုသေးရင် မလာသေးပါဘူး” ဟု အိန္ဒိယပညာရေးပြပွဲ ဦးစီးဆောင်ရွက်သူ မစ္စတာဂျေ ဆန်သာပါက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပညာရေးရင်းနှီးမြှုပ်နှံမှုအတွက် တရားဝင်အသိအမှတ်ပြု မူဝါဒရှိထားရန် လိုအပ်ပြီး အိန္ဒိယနိုင်ငံမှ ပညာရေးအဖွဲ့အစည်းများအနေဖြင့် အစိုးရမူဝါဒခွင့်ပြုချက်ရှိမှသာ လာ ရောက်ကြမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

“ကျွန်တော်တို့ ဆရာတွေခေါ်လာမယ်။ ကျောင်းခွဲအနေနဲ့ ဖွင့်ပေးမယ်။ ဒီဘက်ကတော့ မြေနေရာပေး ရမှာပေါ့” ဟု အိန္ဒိယနိုင်ငံရှိ ဟိုးလီမာရီနည်းပညာ အင်စတီကျု့ဒ်မှ ကျောင်းအုပ်ဒေါက်တာဂျီ လက်စ်မီ နာရီရာနာက ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာကျောင်းများ လာရောက်တည်ထောင်ဖွင့်လှစ်ရန် စိတ်ဝင်စားနေကြသော် လည်း အစိုးရ၏ပညာရေးမူဝါဒနှင့် မြေဈေးနှုန်းများက စိန်ခေါ်မှုဖြစ်နေသည်။

7Day News Journal
Vol.13, No.5, April.2, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...