ဧပြီမှာ မိုဘိုင်းဖုန်း ဆင်းကတ် ၄ သိန်းရောင်းပေးမည်

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ပုံမှန်အားဖြင့် ၁ လကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ် ၃ သိန်းခွဲကို ခွဲတမ်းနဲ့ ရောင်းချပေးနေရာကနေ အခု ဧပြီလ က စပြီး အရည်အတွက် ၄ သိန်း တိုးမြှင့်ရောင်းချပေးမယ့်အပြင် စည်းကမ်း သတ်မှတ်ချက် တချို့ကိုလည်း လျော့ပေါ့ပေး မည် ဖြစ်ကြောင်း ကြေညာပါတယ်။



အခုလမှာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ဖုန်း ၃ သိန်း ၄ သောင်းနဲ့ ကျန် ၆ သောင်းကတော့ ဂျီအက်စ်အမ် စနစ် ဆင်းကတ်တွေ ဖြစ်ပါတယ်။

အခု ရောင်းပေးမယ့် ဆင်းကတ်တွေကို အရင်သတ်မှတ်ချက် ၁၅ ရက်အတွင်း အသုံးမပြုရင် အလို အလျောက် ပိတ်ပစ်မယ့်စနစ်အစား ၁ လ မသုံးမှ ပိတ်မယ့်စနစ် ထည့်သွင်း ပေးထားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်သတ်မှတ်ချက်ဖြစ်တဲ့ ၁ လ ကျပ် ၂၅၀၀ ဖိုး မဖြစ်မနေ သုံးရမယ့် စည်းကမ်းချက်ကို လည်း ပယ်ဖျက်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ ခုချိန်ထိ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကတ် ၄ သန်းကျော် ရောင်းချပေး ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းကတော့ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...