ဧပြီလ ၅ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

ဧပြီလ ၄ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်နည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ အတောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်း နေတာကို တွေ့ရှိရပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပြီး လှိုင်း အမြင့် ၁ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။



ဧပြီလ ၅ ရက်နေ့အတွက် ခရမ်းလွန်ရောင်ခြည် မြင့်တက်နိုင်မှုကတော့ မြိတ်မြို့မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၄.၁၊ ကော့သောင်းမှာ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း ၁၃.၅ ၊ မြစ်ကြီးနားမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ လောက်ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၉ ကနေ ၁၂ လောက်ထိမြင့်တက်နိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်မြင့် တက်မှုဟာ လွန်ကဲအဆင့်ကို ရောက်နိုင်တဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း နေ ပူထဲကို မထွက်ဖို့ အလွန်အရေးကြီးပါတယ်။ တကယ်လို့ မဖြစ်မနေ သွားရတဲ့ အခါမှာလည်း ထီး၊ ဦးထုပ်၊ အကျီလက်ရှည်၊ နေကာမျက်မှန်တွေ ၀တ်ဆင်ပြီး သွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မှာနေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ကနေ ၃၄ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်းလောက်သေချာ မှုရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အနောက်ပိုင်း၊ တနင်္သာရီတောင်ပိုင်းမှာ မှာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထား ပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်မှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပြီး နေရာကွက် ကြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အများအားဖြင့်သာယာ နိုင်ပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဧပြီလ ၄ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီလ ၄ ရက်နေ့ မနက်၈နာရီခွဲ အချိန်ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံး အပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီလ ၄ ရက်နေ့ မနက် ၈နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။

ဧပြီလ ၅ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...