အလုပ်ရှုပ်ချိန် သင့်ပုံစံက ပြောသော သင့်အကြောင်း

အလုပ်များတဲ့အချိန်၊ ညနေခင်းစတဲ့ လူပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ သင့်ဆံပင်ပုံစံကို ဘယ်လိုထားလေ့ ရှိသလဲ။ ပိုနီတေးလ် စည်းနှောင်ထားသလား၊ ဒီအတိုင်း ချထားသလား၊ ဆံပင်ကို ပုံသွင်းထားသလား စတဲ့ သင်ပြုပြင်နေကျ ပုံစံအပေါ် မူတည်ပြီး သင့်ကိုယ်ရည် ကိုယ်သွေးကို သိနိုင်ပါတယ်။



ဆံပင်တွေကို လွတ်လွတ်လပ်လပ် ဖြန့်ချထားလေ့ရှိလျှင်

ဆံပင်တွေကို ချည်နှောင်ထားတာမျိုးလည်း မဟုတ်၊ သပ်သပ်ရပ်ရပ် ပြုပြင်မှုလည်း မရှိဘဲ အလုပ် ဘယ်လောက်များများ ကျော်ပေါ်မှာ လွတ်လွတ်လပ်လပ် ဖြန့်ချထားလေ့ရှိသူဆိုရင် သင်က ဘ၀ ချစ်ခြင်း မေတ္တာ၊ အလုပ်အကိုင်တွေနဲ့ ပတ်သတ်ပြီး အမြဲစိတ်အေး လက်အေး ရှိသူပါ။ ချစ်မှုရေးရာမှာလည်း အကြောက်အလန့်မရှိ ရင်ဆိုင်တတ်ပါတယ်။

ဆံထုံး ထုံးထားလေ့ရှိလျှင်

ဆံပင်တွေကို စနစ်တကျ ထုံးဖွဲ့တာမျိုး မဟုတ်ဘဲ ဖြစ်သလို စုစည်းပြီး ထုံးဖွဲ့ထားလေ့ရှိရင် အလုပ် ကိစ္စတွေမှာ စိတ်ပူပင်တတ်သလို စိတ်ရှုပ်တွေးတဲ့ ဒဏ်ကိုလည်း ခံနိုင်စွမ်းနည်းတတ်ပါတယ်။ ချစ်မှုရေးရာမှာ ဆန့်ကျင်ဘက် လိင်တွေရဲ့ အာရုံစိုက် အလေးထားတာကို သဘောကျတတ်ပြီး ဆွဲဆောင်မှု ရှိရှိ နေတတ်သူလည်း ဖြစ်ပါတယ်။

နဖူးအပြောင်သိမ်းပြီး ပိုနီတေးလ် စည်းနှောင်ထားလေ့ရှိလျှင်

နဖူးအပြောင်သိမ်းပြီး ပိုနီတေးလ် စည်းနှောင်ထားလေ့ရှိတဲ့ သူတွေက အများကြားမှာ အမြဲလိုလို ထင်ရှားပေါ်လွင် တတ်ပါတယ်။ နဖူးပေါ်ဆံစတွေ ချထားတာထက် နဖူးအပြောင်သိမ်းပြီး ဆံပင်တွေ ချည်နှောင်တတ်သူတွေက ချစ်မှုရေးရာမှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတွေ ဖြစ်ပါတယ်။

စတပ်ဆံပင်ကို ပုံသွင်းပြုပြင်ထားလေ့ရှိလျှင်

အိမ်မှာ နေရင်တောင် ဆံပင်တွေကို အလွှာလိုက် ပုံကျနေအောင် ပြုပြင်ထားလေ့ရှိသူဖြစ်ရင် သင်က ဘာပဲလုပ်လုပ် အစီအစဉ်တကျ၊ သပ်သပ်ရပ်ရပ် လုပ်ဆောင်တတ်သူပါ။ ချစ်မှုရေးရာမှာ ကိုယ်က ဦးဆောင်ရတာကို ပိုသဘောကျတတ်သူပါ။

world-myanmar.com
ref: ကြယ်စင်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...