အောင်မြင်မှု ကျဆုံးမှုများ နှင့် အောင်ရဲလင်း



ယနေ့ ရုပ်ရှင် သရုပ်ဆောင် လောကတွင် အောင်မြင် ကျော်ကြားပြီး တခဏ အတွင်း ကွယ်ပျောက် သွားသည့် ကြာရှည် မခံ အနုပညာရှင် များလာသည်။ အောင်မြင်မှုနှင့် ကျဆုံးမှု ဒဏ်မှ ရုန်းထွက်နိုင်ရန် အဓိက ဘာလိုအပ်သလဲ ဆိုသည့် အဖြေကို အောင်မြင် နေသူ သရုပ်ဆောင် အောင်ရဲလင်းက ယခုကဲ့သို့ ပြောသည်။

အောင်မြင်မှု နဲ့ ကျရှုံးမှုကြားက ခံနိုင်ရည်

လူတိုင်းမှာ စကားတွေ များတတ်ကြတယ်။ ဒီအပြင် စကားတွေကို တစ်နေ့ တစ်နေ့ နားထောင်လိုက် ခံစားလိုက် လုပ်နေရင် ကိုယ်ပဲ စိတ်ညစ်ရမှာ။ ဘယ်သူ ဘာပြောပြော အရေး မစိုက်ဘူး။ နေချင်သလို လွတ်လွတ် လပ်လပ် နေတယ်။ ငါ့ကို ပြောရလေခြင်းလား ဆိုပြီး စိတ်ထဲ မထားဘူး။ အဓိက လိုအပ်တာ က ကိုယ် ကိုယ် တိုင်ပဲ ”ဝေဖန်မှုလည်း ခံနိုင်ရမယ်၊ ချီးကျူး မှုလည်း ခံနိုင်ရမယ်”

အတိတ်မှ အတိတ်စကား

အတိတ် ဆိုတာက ပြီးသွားပြီ။ ထားခဲ့လိုက်တော့။ ဒါပေမဲ့ သင်ခန်း စာယူတတ်ဖို့ လိုတယ်။ အတိတ်မှာ ပျော်စရာ အကြောင်းပဲပြောချင် လို့ အပျော်ဆုံးနေ့ ရက်ဆိုရင် မနှစ်က သင်္ကြန် မဏ္ဍပ်ဆောက်ပြီး ပျော်ကြ တာပါပဲ။

ပစ္စုပ္ပန်စကား

အောင်ရဲလင်း ရောက်တဲ့ နေရာ မှာ ကိုယ့်ဟာကိုယ် ကျေနပ်အားရမှု ရှိတယ်။ လက်ရှိ ပစ္စုပ္ပန်မှာ အောင် မြင်တာတွေ မအောင်မြင် တာတွေ ထက် မိဘကို ကျေးဇူး ဆပ်နိုင် ရင် ကျေနပ်ပါပြီ။

အနာဂတ် ဆန္ဒစကား

အနာဂတ်မှာ အဓိကကတော့ မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေခွင့် ရပြီး မိဘကျေးဇူးဆပ်နိုင်တဲ့ သား တစ်ယောက် ဖြစ်ချင်တယ်။

ထူးထူး
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...