ထိုင်းဝက်ဘ်စတာတက္ကသိုလ်က ဘာသာရပ်အသစ်သုံးခု တိုးချဲ့သင်ကြား



ထိုင်းနိုင်ငံရှိ အမေရိကန်ဝက်ဘ်စတာ တက္ကသိုလ်က သည်နှစ်အသစ်သုံးခု တိုးချဲ့လိုက်တယ်လို့ Golden Silver Star Education Service ကသိရပါတယ်။

အဲသည်ဘာသာရပ်အသစ်သုံးခုက အန်နီမေးရှင်း (BA in Animation) ကွန်ပျူတာသိပ္ပံ (B.Sc in Computer Science) နဲ့အမ်ဘီအေနေ့ကျောင်းပရိုဂရမ် (A Comprehensive MBA Day Program) တို့ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းလခ ၅၀ ရာခိုင်နှုန်းသက်သာစေမယ့် BURSARY Financid Aid+Scholarship တို့ကို ကျောင်းလျှောက်ထားသူ အရည်အချင်းပြည့်မီသူ တိုင်း ရရှိနိုင်တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံဝက်ဘ်စတာတက္ကသိုလ်မှာ တစ်နှစ်တက်ရောက်ပြီး အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ပညာသင်ယူလိုရင် နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အမေရိကန်သံရုံးမှာ ကျောင်းသားဗီဇာလျှောက်ထားနိုင်ပါတယ်။ GSS Education Services ကဧပြီလ ၆ ရက်နေ့ နေ့လယ် ၁း၀၀ နာရီကနေ ၄း၀၀ နာရီအထိ၊ ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ် မှာ ဝက်ဘ်စတာတက္ကသိုလ်ကျောင်းအကြောင်း ရှင်းလင်းဆွေးနွေးပါမယ်။ တက်ရောက်လိုသူတွေ GSS Education Services ကိုကြိုတင်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၂)၊ မတ်လ(၂၈) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...