အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်းသားတဦး ဓားဖြင့်ရမ်းကားမှုကြောင့် ၂၂ ဦး ဒဏ်ရာရ


အမေရိကန်နိုင်ငံ ပင်ဆေးဗေးနီးယားပြည်နယ်က အထက်တန်းကျောင်းတကျောင်းမှာ ဧပြီ ၉ ရက်နေ့မနက် က အထက်တန်းကျောင်းသားတဦး ဓား ၂ ချောင်းနဲ့ ရမ်းကားခဲ့လို့ ကျောင်းသား အနည်းဆုံး ၂၂ ဦး ထိခိုက်ဒဏ်ရ ရရှိခဲ့ကြပါတယ်။

ဒဏ်ရာရသူကျောင်းသားတွေကို နီးစပ်ရာဆေးရုံမှာ ကုသထားပြီး ကျောင်းသား တ၀က်လောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

Police tape is seen outside Franklin Regional High School after a series of knife attacks in Murrysvilleဓားနဲ့ ရမ်းခဲ့သူဟာ ၁၆ နှစ်အရွယ်ရှိ အထက်တန်းကျောင်းသာ အဲလက်စ် ဟာရီဘယ်လ်ဖြစ်ပြီး ရမ်းကားမှုအပြီးမှာပဲ ပင်ဆေးဗေးနီးယားရဲက ဖမ်းဆီးခဲ့ပါတယ်။



အဲလက်စ် ဟာ အသက် ၁၆ နှစ်ပဲရှိပေမယ့် လူကြီးတဦးလိုပဲ သူ့ကို စွဲချက်တင်မှာဖြစ်ပြီး လူသတ်ဖို့ ကြံစည်ကြိုးစားမှု ၄ မှုနဲ့ တိုက်ခိုက်ရမ်းကားမှု ၂၁ မှုအတွက် စွဲချက်တင်ခံရမယ်လို့ ဆိုပါတယ်။

ဧပြီ ၉ ရက်နေ့ မနက်မှာ အဲလက်စ်ကျောင်းထဲကို ၀င်လာပြီး မနက် ၇ ကျော်မှာ ကျောင်းဟောခန်းထဲမှာ တွေ့တဲ့ကျောင်းသားတွေကို ဓားနဲ့ ထိုး၊ ဓားနဲ့ခုတ်ခဲ့တာလို့ မျက်မြင်ကျောင်းသားတွေက ပြောပါတယ်။

ဒုကျောင်းအုပ်က ဆန်ကင်း က ရမ်းကားသူ အဲလက်စ်ကို ဟန့်တားချုပ်နှောင်နိုင်ခဲ့ပြီး ချီးကျူးလေး စားဖွယ် လုပ်ရပ် ဖြစ်တယ်လို့ ပင်ဆေးဗေးနီးယားပြည်နယ်ရဲအရာရှိ တွန်ဆီးဖီးလ်က ပြောဆိုခဲ့ပြီး အမှုကို ၁ ပတ်နဲ့ ၁၀ ရက်အတွင်းမှာ စတင်ကြားနာမယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...