ဝိညာဉ်ဇာတ်ရုပ်နဲ့ ပရိသတ်ရှေ့ ရောက်လာမယ့် မေမီကျော်ကျော်



ဇာတ်လမ်းတွဲများဖြင့် အနုပညာ လမ်းကြောင်းပေါ် ရောက်လာသော သရုပ်ဆောင် မေမီကျော်ကျော်သည် ‘‘၀ိညာဉ် ရှိုက်သံ’’ ဇာတ်လမ်းတွဲတွင် အ သတ်ခံရပြီး ၀ိညာဉ်ဖြစ်သွားသော အဆိုတော်အဖြစ် သရုပ်ဆောင် ထားသည်ဟု ပြောသည်။

ထိုဇာတ်လမ်းတွဲကို ဟန်မင်းသန့်၊ အောင်မင်းခန့်၊ ခင်စန္ဒာမြင့်၊ မြတ်သူသူဇင်၊ ဆောင်းဝတ်ရည်မေ စသည့် သရုပ်ဆောင်အသစ်များနှင့် ရိုက်ကူးထားပြီး အပိုင်း ၆၀ ပါဝင်ကာ လာမည့် သြဂုတ်တွင် ရုပ်သံ၌ ပြသမည် ဟု ဆိုသည်။ မေမီကျော်ကျော်သည် ပန်းနုသွေးဇာတ်လမ်းတွဲဖြင့် ပရိသတ်ရှေ့ စတင်ရောက်ရှိခဲ့ပြီး ထာဝရ မန္တလေးဇာတ်လမ်းတွဲတွင် မခင်နှင်းဆီအဖြစ် သရုပ်ဆောင်ထားကာ နောက်ထပ်ဇာတ်လမ်းတွဲများ ရိုက်ကူးရန် ရှိသေးကြောင်း သိရသည်။

‘‘ဗီဒီယိုကားတော့ ကမ်းလှမ်းခဲ့ဖူးတာရှိပေမယ့် မရိုက်ဖြစ်လိုက်ဘူး။ အခါအခွင့်သင့်ရင်တော့ အပြင် ဇာတ်လမ်းတွေ ကမ်းလှမ်းတာရှိရင်တော့ ရိုက်ဖြစ်မှာပါ’’ ဟု ၎င်းက ပြောသည်။

7Day Daily
No.347 Sunay, April 6, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...