ဇာတ်ပို့ဆိုတာ နေရာတစ်နေရာက အဓိကပါ



နေရာရတယ် မရဘူး ဆိုတာက ကားရိုက်ရတယ် မရိုက်ရဘူး ဆိုတာ ကိုပြောတာ မဟုတ်ဘူး။ နေရာရ တယ် မရဘူး လို့ပြောကြတာက ဇာတ်ကားထဲမှာ လုပ်ပိုင်ခွင့် ရတယ် မရဘူးကိုပြော တာပါ။ ကားတွေကို ဘယ်လောက်ပဲ အရေအတွက်များ များ ရိုက်နေရပါစေ လုပ်ပိုင်ခွင့်မရ ရင် ကားတွေမှာ ပါနေတာပဲရှိမယ်။ ပါလေရာ ပဲဖြစ်မယ်။ လုပ်ပိုင်ခွင့် ရဖို့ ပဲ အရေးကြီး တာပါ။

ကျောင်းကာ ရိုက်တာမှာ သူငယ်ချင်းပဲ ဟေးလား ဝါးလားနဲ့ ပြီးသွားရင် ဘာလုပ်မှာ လဲ။ ဇာတ်ပို့ဆို တာနေရာ တစ်နေရာ ကအဓိကပါ အဓိက ကာရိုက်တာ တစ်ခုရရမယ်။ မင်းသားနဲ့ အပြိုင် မဟုတ်ရ င်တောင် မင်းသားပဲဖြစ်ဖြစ် မင်းသမီးပဲဖြစ်ဖြစ် အဓိကပို့ပေးနိုင် တဲ့သူ ဖြစ်ရမယ်။ ဇာတ်ကားထဲမှာ အရေးပါတဲ့နေရာတစ်နေရာက ပါမှ လုပ်ရကျိုးနပ်တာပေါ့။ ကိုယ်တို့ကျ တော့ ဇာတ်ကောင် တစ်ကောင်ရရင် ဖိပြီးကြိုးစားတယ်။

အဲဒါကြောင့် စ ရိုက်ကတည်းက မင်းသားနဲ့အပြိုင်ပဲ။ ကိုယ်တို့ ရိုက်ပြီဆို ဒါရိုက်တာက နေရာမပေးနိုင်ရင် မခေါ်ဘူး။ ခင်လှိုင့် ကို သုံးပြီဆိုရင် တန်အောင်သုံးမယ် ဆိုတဲ့ စိတ်ဖြစ်တယ်။ အဲဒီလိုဖြစ် အောင်ရပ်တည် ထားတာပေါ့။ အဲဒါ ကွာမှာပေါ့။ လူရွှင်တော်အသင်း ဒု တိယဥက္ကဋ္ဌ အနေနဲ့ ဆောင်ရွက်ရ တာအများကြီး အခက်အခဲရှိပါ တယ်။ လူရွှင်တော်အသင်းအဖွဲ့ဆို တာ ရုပ်ရှင်အစည်းအရုံးလိုပဲ ဘာမှ မထူးခြားပါဘူး။ မထူးခြားဘူးဆိုတာ က NGO အဖွဲ့၊ လူမှုရေးပရဟိတ လုပ်တဲ့အဖွဲ့ဖြစ်တယ်။ ရုပ်ရှင်အစည်း အရုံးကိုနှိုင်းပြောတာမဟုတ်ပါဘူး။

ပရဟိတ အသင်းဖြစ်တာကြောင့် လုပ်ချင်တဲ့သူက လုပ်မယ်။ မလုပ် ချင်တဲ့ သူကမလုပ်ဘူး။ လုပ်ချင်တဲ့ သူတွေဆက်ပြီးလုပ်ချင်အောင်၊ မလုပ်ချင်တဲ့သူတွေ လုပ်ချင်လာ အောင် သူတို့ကို စည်းရုံးရတာကို က တော်တော်ခက်ပါတယ်။ ရှေ့လုပ် ငန်းတွေကို ဆောင်ရွက်ဖို့အတွက် လည်း တော်တော်လေးစဉ်းစားပြီး လုပ်ရပါတယ်။

8 Days 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...