ဥာဏ်ကောင်းသော ယောက်ျားတစ်ယောက် ဟုတ်မဟုတ် ကြည့်ရုံနဲ့ သိနိုင်



ယောကျာ်းတစ်ယောက်ကို ကြည့်ရုံနဲ့တင်ဥာဏ်ကောင်းတဲ့ ယောက်ျားတစ်ယောက် ဟုတ်မဟုတ် ပြောနိုင် တဲ့ မွေးရာပါ စွမ်းရည်ဟာ လူတွေမှာရှိနေကြောင်း ချက်နိုင်ငံက သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။

အိုက်ကျူ တွေကို တိုင်းတာထားတဲ့ မိန်းမအယောက် ၄၀ နဲ့ ယောကျာ်းအယောက် ၄၀ ရဲ့ဓာတ်ပုံတွေကို စမ်းသပ်ခဲ့တာဖြစ်ပြီး ပါဝင်သူလူများဟာ ယောက်ျားတွေရဲ့မျက်နှာများကို ကြည့်ရုံနဲ့တင် တိတိကျကျ ခန့်မှန်းနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

မိန်းမတွေရဲ့မျက်နှာကိုတော့ မခန့်မှန်းနိုင်ကြဘဲ ဒီလိုဖြစ်ရခြင်းဟာ ရုပ်ရည်ဆွဲဆောင်မှုရှိခြင်းက အကဲဖြတ်မှုအပေါ် လွှမ်းမိုးနေတာကြောင့် လို့ဆိုပါတယ်။

ယခုတွေ့ရှိချက်ကို PLoS One ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဥာဏ်ရည်မြင့်မားတယ်လို့ သတိပြုမိခဲ တဲ့ ယောက်ျားတွေရဲ့ မျက်နှာမှာ မျက်လုံးနှစ်လုံးရဲ့ကြားအကွာအဝေးဟာ ကျယ်ပြန့်ပါတယ်။

နှာခေါင်းများက ကြီးမားပြီး နှုတ်ခမ်းထောင့်စွန်းတွေက အပေါ်ကို အနည်းငယ် ကွေးနေတယ်လို့ ဆိုပါတယ်။ ခပ်ပြတ်ပြတ်ခပ်ချွန်ချွန်နဲ့ မေးစေ့တွေက လုံးဝန်းမှုမရှိကြပါဘူး။

ဒါနဲ့ ဆန့်ကျင်ဘက် ညဏ်ရည်နိမ့်တယ်လို့ ပါဝင်သူတွေ သတိပြုမိခဲ့တဲ့ မျက်နှာတွေကတော့ မျက်လုံးနှစ်လုံးဟာ အလွန်နီးကပ်နေပါတယ်။ မျက်နှာဟာ သာမန်ထက်ပိုဝိုင်းပြီး ကျယ်ပါတယ်။

နှာခေါင်းတိုတိုနဲ့ ပါးစပ်များရဲ့ ထောင့်စွန်းဟာ အောက်ကိုကွေးပြီးလုံးဝန်းကြီးမားတဲ့
မေးစေ့တွေရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

Credit:ဖိုးသူတော်(www.phothutaw.com)
www.dailymail.co.uk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...