အန္တရာယ်ရှိတဲ့ တရုတ်ပြည်လုပ် ကလေးကစားစရာကျဉ်စက်



တရုတ်နိုင်ငံမှ တင်သွင်းလာသော ကလေးကစားစရာ အရုပ်ကျဉ်စက်ကြောင့် လားရှိုးမြို့တွင် ကလေးအချင်းချင်း ဆော့ကစားရာမှ ကလေးငယ်တစ်ဦး ခြေထောက်အကြောဆွဲသလိုဖြစ်ကာ လမ်းကောင်းစွာ မလျှောက်နိုင်တော့သဖြင့် ဆေးကုသနေရကြောင်းနှင့် ၎င်းကလေးကစားစရာ အရုပ်ကျဉ်စက်မှာ ကလေးငယ်များအတွက် အန္တရာယ်ရှိနေကြောင်းဖြင့် လားရှိုးမြို့မှ ကိုမင်းညွန့်၏ ပြောပြချက်အရ သိရသည်။

ထိုကစားစရာအရုပ်ကို ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများအနေဖြင့် ကလေးငယ်များထံမှ ချော့မော့ ကာ ပြန်လည်ဝယ်ယူနေပြီး ဖျက်ဆီး လျက်ရှိနေသော်လည်း အခြားရပ်ကွက်ရှိ ကလေးငယ်များမှာ အန္တရာယ်ကိုမသိရှိဘဲ ဆော့ကစားနေကြပြီး သက်ဆိုင်ရာမှ ပညာပေး ပြန်လည်သိမ်းဆည်းပေးစေ ချင်ကြောင်း၊ ရောင်းချသူများကိုလည်း တားမြစ်ပေးစေချင်သည်ဟု မိဘ ပြည်သူများထံမှ အသံထွက်ပေါ် လျက် ရှိနေကြောင်း ၎င်းကပြောခဲ့သည်။

အဆိုပါ တန်ဖိုးငွေကျပ် ၁ဝဝ သာ ပေးရသော ကျဉ်စက်သည် ယခု အခါ မြန်မာပြည်အနှံ့ရှိ မြို့တိုင်းနီး ပါး ရောက်ရှိနေပြီဟု ထင်ရသဖြင့် ထပ်မံ၍ လားရှိုးမြို့မှ ကလေးငယ်လို စိတ်မကောင်းစရာအဖြစ်အပျက်များ မဖြစ်ပွားရအောင် တာဝန်သိ အများပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းထိန်းသိမ်း ပေးကြစေ ချင်ကြောင်းနှင့် သက်ဆိုင်ရာမှ အဆိုပါ ကျင်စက်ကို အရေးယူမှုများရှိစေချင်ကြောင်းဖြင့် လားရှိုးမြို့သူမြို့ သားများ က လိုလားလျက်ရှိနေကြောင်း သိရသည်။ သတင်းအပြည့်အစုံကို Credit Link တွင် ဖတ်ရှုနိုင်ပါ သည်။

Credit to - http://www.moi.gov.mm/npe:zg/news/21/09/2013/id-6081

တရုတ်ပြည်လုပ် အရုပ်နှစ်သိန်းကျော် ကလေးများအတွက်အန္တရာယ်
*******************************************

မကြာခင်လပိုင်း (2013-Nov-19) က CNN သတင်းမှာတော့ တရုတ်ပြည်ကနေ အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ ကလေးကစားစရာ ပလပ်စတစ်အရုပ်ပေါင်း နှစ်သိန်းကျော်ဟာ ကလေးများကို ယားယံအဖုအပိန့်များဖြစ်ပေါ်စေပြီး အသားအရည်ကို လောင်မြိုက်စေတဲ့ ဓါတုဒြပ်ပေါင်းများနဲ့ပြုလုပ်ထားကြောင်း ဖော်ထုတ်စစ်ဆေးနိုင်ခဲ့လို့ ပြဿနာတွေ ဖြစ်နေပါတယ်။ သတင်းအပြည့်အစုံကို Credit Link တွင် ဖတ်ရှုနိုင်ပါသည်။

Credit To > Myanmar Anti-China<Thanks
လွင်သန္တာစိုး

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...