ကလစ်လေးတွေနဲ့ ဆံပင်ကို အလှဆင်ကြည့်ချင်တယ်ဆိုရင်



ကိုယ့်အိမ်မှာ လွယ်လွယ်ကူကူ ရှာကြည့်လိုက်ရုံနဲ့ တွေ့နိုင်တဲ့ အလှကလစ်အသေးလေးတွေနဲ့ ဆံပင်ကို လွယ်လွယ်ကူကူ အလှဆင်ပစ်လိုက်လို့ရပါတယ်။ တကယ်လို့ ပွဲတက်အတွက် ဆံပင်အလှဆင်ချင်တယ် ဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ကလစ် အရောင်ဆန်းလေးတွေ ရှာဝယ်ပြီး အလှဆင်ကြည့်လိုက်ပေါ့။ ခု နိုင်ငံတကာက အနုပညာရှင်တွေ ကလစ်တွေနဲ့ ဘယ်လို ပွဲတက်ဆံပင်ကို အလှဆင်ထားတယ်ဆို တာ ဖော်ပြပေးလိုက်တာမို့ ပျိုမေတွေ နှစ်ခြိုက်ကြမှာပါနော်။

၁။Kate Mara ရဲ့ ဆံပင်ကို ပွဲတက်အတွက် ခုလို အလှဆင်လိုက်တော့ မြင်နေကျပုံစံတွေနဲ့ ကွဲနေပါတယ်။



၂။ဆံပင်ပညာရှင် Odile Glbert ရဲ့ပန့်ခ်အထာပြင်ထားတဲ့ ပုံစံလေးပါ။



၃။ချစ်စရာကောင်းတဲ့ အပြင်အဆင်လေး ဖြစ်တဲ့အပြင် ကလစ်အပြားကြီးကြီးလေး တစ်ခုရှိရုံနဲ့ အိုကေတဲ့ အပြင်အဆင်ပေါ့။



၎။ဆံထုံးကို ဖြစ်သလို ထုံးဖွဲ့ထားပေမယ့် ဒါကိုပြန်ပြီး ကလစ်လေးတွေနဲ့ ဆွဲဆောင်မှုရှိအောင် ပြင်ဆင် ထားပါတယ်။ Odile Glbert ရဲ့ ပြင်ဆင်မှုပါပဲ။



၅။Emma Watson ရဲ့ ပွဲတက်ဆံပင်ပြင်ဆင်မှုပုံစံပါ။ လိုအပ်တာကတော့ ကလစ်အပြားကြီးကြီးလေးတွေ ပဲပေါ့။



Ref:luckymag.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...