လေဖြတ်နိုင်ခြေ ရှိတဲ့ မိုင်လီ

အင်္ဂါနေ့ညမှာ ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့ မိုင်လီမှာတော့ သူမလုံးဝလျစ်လျူရှူထားတဲ့ ရောဂါလို့ ယူဆရဖွယ်ရှိတဲ့ ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိနေတယ်လို့ သိရပါတယ်။



သူမမှာ နှလုံးကြွက်သားနဲ့ ဆိုင်တဲ့ ပြဿနာ တစ်စုံတစ်ရာ ရနိုင်ပါတယ်။ အဆိုးဆုံးကတော့ နှလုံးရောဂါတောင် ဖြစ်နိုင်တယ်လို့ ဆရာဝန် မက်ခ်အာမန်က ပြောပါတယ်။ အဆိုးဝါးဆုံး အနေနဲ့ ပြောရရင် သူမ လေတောင် ဖြတ်သွားနိင်တယ်လို့ ပြောခဲ့ပါတယ်။
မိုင်လီလည်း သူမရဲ့ ကျန်းမာရေး အခြေအနေကို ၀န်ခံသွားခဲ့ပြီး သူမရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုနေပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ကျွန်မ လေယာဉ်ပေါ် တက်ခါနီးတိုင်း နှလုံးခုန်သံ အရမ်းမြန်တယ်။ ဒါပေမယ့် ဖျော်ဖြေရေး စင်မြင့်ပေါ် ရောက်တဲ့အချိန်တိုင်း နှလုံးခုန်သံကို သတိမထားမိလို့လားတော့ မသိဘူး ဘာမှမဖြစ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူမရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ငယ် ပါလာကြောင်းလဲ ၀န်ခံခဲ့ပါတယ်။

ရောဂါအခြေအနေကို ပိုဆိုးစေခဲ့တာကတော့ သူမဆေးသုံးရတာကို နှစ်သက်ပြီး အကြိမ်များစွာ သုံးစွဲတယ်လို့ ၀န်ခံခဲ့ပါသေးးတယ်။ ဆေးလိပ် မသောက်သင့်၊ ဆေးမသုံးသင့်တာကို သိသိနဲ့လုပ်နေ တယ်လို့ သူမနဲ့ နီးစပ်သူ အသိုင်းအ၀ိုင်းက ပြောပါတယ်။

အခုလို လေဖြတ်နိုင်ခြေရှိတယ် ဆိုရင်တော့ မိုင်လီတစ်ယောက် အရင်လို ပါတီတွေ အများကြီး မသွားသင့်တော့ဘူးလို့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

world-myanmar.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...