ဖရဲသီးစားလျှင် သွေးတိုးကျနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်



အခုအချိန်ဟာ မြန်မာနိုင်ငံမှာ နွေရာသီရောက်ပြီး ပူပြင်းလှတာမို့ ဖရဲသီး တော်တော်စားကြတဲ့ ရာသီ ဖြစ်ပါ တယ်..။ စာရေးသူ ငယ်စဉ်က ဇာတိ ပျဉ်းမနားမြို့မှာ အဖိုးအဖွားအိမ်နဲ့ နေရင်း နွေရာသီနေပူပူထဲမှာ ဖဲသီးစိပ်တွေထည့်ထားတဲ့ လင်ပန်းကို ခေါင်းပေါ်မှာ ရွက်ထားတဲ့ ဖရဲသီးသည် အိမ်ရှေ့က ဖြတ်သွားတာရင် ”ဖရဲသီးသည် လာပါဦး” ဆိုပြီး အားရပါးရ ၀ယ်စားလေ့ရှိကြတာ သတိရမိပါတယ်။

ဖရဲသီး ကြိုက်သူတွေအတွက်ကြားရတဲ့ ကောင်းသတင်းတစ်ခုကတော့ ဖရဲသီးစားရင် သွေးတိုးရောဂါ အတွက် ကောင်းပါတယ်တဲ့။ ၀တဲ့သူတွေမှာဆိုရင် ဖရဲသီးက နှလုံးတိုက်ခိုက်မှုကို နည်းအောင်တောင် လုပ်နိုင်ပါတယ်တဲ့။

ဖရဲသီးဟာ အေအ်ေတာသွေးကြောမကြီး (Aorta)နဲ့ နှလုံးတွေအပေါ်မှာ ဖိအားနည်းစေပါတယ်။ အအေး ဒဏ်ကိုခံရဲတဲ့သူမှာတောင် နှလုံးအပေါ်မှာ ဖိအားနည်းစေနိုင်ပါတယ်။ အရမ်းအေးတဲ့အခါ လူတွေဟာ နှလုံး တိုက်ခိုက်ခံရမှုကို ပိုပြီးခံကြရပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကိုယ်ခန္တာကို နွေးအောင်လုပ် လို့ နှလုံးပေါ်မှာ ဒဏ်ဖြစ်စေလို့ ဖြစ်ပါတယ်။ ဒီဒဏ်တွေကြောင့် နှလုံးကဒဏ်ပိပြီး နှလုံးတိုက်ခိုက်ခံရခြင်း နဲ့ လေဖြတ်ခြင်းတွေကျု ဖြစ်စေပါတယ်။ သိပ္ဗံပညာရှင်တွေ တွေ့ရှိထားတာကတော့ ဖရဲသီးဟာ ၀တဲ့ သူတွေမှာ အရမ်းအေးတဲ့ ရာသီဥတုမှာတောင် သွေးတိုးကို တော်တော်လေး ကျစေပါတယ်တဲ့။

အမေရိကန်သွေးတိုးရောဂါဂျာနယ်မှာ ရေးသား ဖော်ပြထားတဲ့ ဒီဆေးသုတေသန စာတမ်းအရဆိုရင် ဖရဲသီးဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အေးတဲ့ရာသီမှာ နှလုံးရောဂါတွေကို ဖြစ်တာ နည်းစေနိုင်ပါတယ်။
ဖလော်ရီဒါပြည်နယ်တက္ကသိုလ်က ပရော်ဖက်ဆာ Arturo Figueroa ပြောတာက ဖရဲသီးထဲက ဓာတ်ကြောင့် နှလုံးနဲ့ အေအော်တာ သွေးကြောမကြီး (Aorta)ထဲမှာ ဖိအာကို နည်းသွားစေပါတယ်။

သုတေသီတွေဟာ သက်လတ်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ သုတေသန စမ်းသပ်ခံပါဝင်တဲ့သူတွေကို ရေအေးထဲမှာစိမ်ပြီး သွေးပေါင်ချိန်တွေကို တိုင်းပါတယ်။ ပြီးတော့ ဖရဲသီးထဲက ဓာတ်တွေကို စားသုံးစေပါတယ်။ အဲဒီဧုတ်တွေကတော့ amino acid L-citrulline နဲ့ L-arginine တွေ ဖြစ်ပါတယ်။ ပါဝင်သူတွေကို အုပ်စု ၂ခုခွဲပြီးတော့ စမ်းသပ်ပါတယ်။တွေ့ရှိချက်အရ ဖရဲသီးထဲက ဓာတ်တွေကို စားသုံးတဲ့အခါ အေးရင်တောင်မှာ သွေးပေါင်ချိန် မတက်ပဲ ရှိတာက်ု တွေ့ရပါ တယ်တဲ့။

အရမ်းအေးတဲ့ အခြေအနေမှာတောင် သွေးပေါင်ချိန်ကို ကျစေရင် ပူပြင်းတဲ့ရာသီမှာလည်း အကျိုး အာနိသင် ရှိနိုင်ပါတယ်။ တစ်နေ့ကို ၃ စိပ် စားရင်တောင် သွေးတိုးရောဂါကို တွန်းလှန်နိုင်တယ်လို့ ပြောပါ တယ်။

ဒီသတင်းကြောင့် ဖရဲသီး စားသုံးသူတွေ ပိုပြီးတော့ များလာနိုင်ပါတယ်။ တန်ဆေး လွန်ဘေးမို့လို့ အရမ်း စားရင်တော့ သွေးချို ဆီးချို ရှိသူတွေအနေနဲ့တော့ ဂရုစိုက်သင့်ပါတယ်။ ဖရဲသီး စားတာနဲ့အတု ဆားဓာတ် ကိုလည်း လျှော့စားသင့်ပါတယ်။ သွေးတိုး မရှိသေးသူတွေတောင်မှ ဆား စားသုံးမှုကို လျှော့ချသင့်ပါ တယ်။ ပူအိုက်လွန်းလှတဲ့ နွေရာသီမှာ ဖရဲသီးကိုစားရင်း ရင်မှာအေးမြနိုင်ပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...