သွေးပုံမှန်စစ်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်



ဖျားနာခြင်းမရှိဘူး၊ ကူးစက်ရောဂါမရှိဘူး၊ ပုံမှန်သွားလာလုပ်ကိုင်နိုင်တယ်ဆိုရင် မိမိကိုယ်ကို ကျန်းမာနေတဲ့ သူတစ်ယောက်ဖြစ် တယ်လို့  လူအများစုက ထင်ကောင်းထင်နေကြပါလိမ့်မယ်။ တကယ်တော့ ဒီအတွေးဟာ လွန်စွာမှားယွင်းပါတယ်။ မှန်းဆလို့  မရနိုင်တဲ့ ဖြစ်လာလတ္တံေ သာ ကျန်းမာရေး အခြေအနေကို သွေးမှန်မှန်စစ်ခြင်းဖြင့် အောက်ပါအတိုင်း ကြိုတင်သိရှိနိုင် ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

အခြေခံအားဖြင့် သွေးကို (၁) Complete blood count test(CBC) စစ်ဆေးနည်း (၂) Blood enzymes test စစ်ဆေးနည်း (၃) Blood chemistry test စစ်ဆေးနည်း နှင့် (၄) Blood tests for heart diseases စစ်ဆေးနည်းတို့ ဖြင့် စစ်ဆေးလေ့ ရှိကြပါတယ်။

(၁) Complete blood count test(CBC) ~ ရောဂါအလုံးစုံ သွေးစစ်ဆေးနည်း။

အဲဒီလိုသွေးစစ်ရာမှာ (က) Red blood cells(ခေါ်)သွေးနီဥဆဲလ်များ ပုံသဏ္ဍာန်မမှန်ပြောင်း လဲမှု ကို စစ်ဆေးခြင်းဖြင့် သွေးအား နည်းရောဂါ နှင့် ရေဓာတ်ခမ်းခြောက်ရောဂါဖြစ်နိုင်ခြေ အလားအလာ တို့ ကို ခန့် မှန်းသိရှိနိုင်ပါတယ်။ (ခ) white blood cells (ခေါ်)သွေးဖြူဥဆဲလ် အရေအတွက်ကိုကြည့်ရှု စစ်ဆေးနည်းကတော့ သွေးကင်ဆာ၊ ပြင်ပရောဂါ ကူးစက်မှုအခြေ အနေ နှင့် ကိုယ်ခံ စွမ်းအားလျော့နည်းမှု အခြေအနေတို့ ကို သိရှိနိုင်ပါတယ်။ (ဂ) Platelets (ခေါ်)သွေးပန်ကန်ပြားလို့ အမည်ရတဲ့ ပြန့်  ကျဲ နေသော သွေးဆဲလ်ပမာဏအခြေအနေကို စစ်ဆေးခြင်းပါ။ အကယ်၍ ထိုသွေးဆဲလ်ပမာဏဟာ ရှိသင့်တာထက်ပို၍ နဲခြင်း/ များခြင်း ကိုကြည့်ပြီး သွေးကြောထဲမှာသွေးခဲရောဂါ(သို့ မဟုတ်)သွေးယို စိမ့်ရောဂါတို့  ဖြစ်လာနိုင်ကြောင်း ကိုကြိုတင်သိထား နိုင်ပါတယ်။ (ဃ) Hemoglobin(ခေါ်)သွေးနီကလာပ် စည်းထဲ ရှိ အောက်စီဂျင်ကိုသယ်ပေးတဲ့ သွေးနီဓာတ်များကိုစစ်ဆေးတဲ့ နည်းလေးပါ။ ၄င်း သွေးနီ ဓာတ် ပမာဏ နည်းပါးနေခြင်းက သွေးအားနည်းရောဂါကို ဖော်ပြနေ တာဖြစ်ပြီး၊ သွေးနီဓာတ် ပမာ ဏ A1c အထိမြင့်နေခြင်းက ဆီးချိုရောဂါနဲ့ စပ်ဆက်မှုရှိနေကြောင်းကို ကြိုတင်သိမြင်နိုင် မှာ ဖြစ်ပါတယ်။

(၂) Blood enzymes test ~ သွေးဓာတ်ပြောင်းလဲမှုအခြေအနေကို စစ်ဆေးနည်း။

ဒီသွေးစစ်နည်းမှာတော့ (က) Troponin(ခေါ်)နှလုံးအတွက် ပရိုတင်းထောက်ပံ့နိုင်မှု ကိုစစ်ဆေးနည်းဖြစ် ပါတယ်။ troponin ပမာ ဏတွေသွေးထဲမှာ မြင့်မားေ နတာက နှလုံးရောဂါ ဖြစ်နေကြောင်းကို ဖော်ပြနေ ပါတယ်။ (ခ) creatine-kinase(CK test)(ခေါ်) နှလုံးကြွက်သားများ ကျု့ံဆန့် နိုင်အားကို စစ်ဆေးခြင်းဖြစ် ပါတယ်။ အကယ်၍ CK ပမာဏတွေ လိုအပ်တာထက် များေ နခြင်းက နှလုံးကြွက်သားများ ပျက်စီး၍ အလုပ်မလုပ်နိုင်တော့ဘဲ နှလုံးရောဂါဖြစ်နေတဲ့ လက္ခဏာပါ။

(၃) Blood chemistry test ~ အုပ်စုလိုက်သွေးစစ်ဆေးနည်း။

ဒီသွေးစစ်ဆေးနည်းမှာတော့ (က) Blood glucose(ခေါ်)ခန္ဓာကိုယ်အတွက် ခွန်အားအဖြစ်ပံ့ ပိုးပေး တဲ့ သွေးထဲရှိ သကြားပမာဏ ကို စစ်ဆေးတာဖြစ်ပါတယ်။ အကယ်၍ ဂလူးကို့ စ်ပမာ ဏများနေခြင်းက ဆီးချိုအမှတ်(၂) ရောဂါဖြစ်နေတာကိုဖော်ပြနေခြင်းပါ။ (ခ) Calcium(ခေါ်) ထုံး ဓာတ်စစ်ဆေးနည်းဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်ရေးပါတဲ့ စစ်ဆေးနည်း တစ်မျိုးပါဘဲ။ အ ကယ်၍ သွေးထဲမှာ calcium ပမာဏ အမြောက်အများဖြစ်နေတဲ့အခါ၊ ဆီးကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ သိုင်းရွိက် ရောဂါ ဖြစ်နေပါပြီ။ (ဂ) Electrolyte (ခေါ်)ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ် နှင့် အက်ဆစ်ပမာ ဏတွေ မျှတမှုရှိ/မရှိကို စစ်ဆေးခြင်း ဖြစ် ပါတယ်။ သွေးထဲမှာ electrolytes ပါဝင်မှု မတရားများပြားနေပြီ ဆိုရင်တော့ ရေ ဓာတ်ခမ်းခြော က်ခြင်း၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါတွေရဲ့  လက္ခဏာအစလို့ မှတ်ယူနိုင် ပါတယ်။

(၄) Blood tests for heart diseases ~ နှလုံးရောဂါအတွက် သွေးစစ်ဆေးနည်း။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုကိုလက်စထရော နှင့် ဘေးဖြစ်စေတဲ့ကိုလက် စထရော နှစ်မျိုး စလုံး အတွက် သွေးထဲရှိ lipoprotein ပမာဏကို စစ်ဆေးတဲ့နည်းလေးဘဲဖြစ်ပါတယ်။ (က) Low density lipoprotein(ခေါ်)သွေးကြောထဲမှာ ပိတ်ဆို့ ဖြစ်တည်ေ န သော ဘေးဖြ စ်စေ တဲ့ ကိုလက်စထရောကို စစ်ဆေးခြင်းဖြစ်ပါတယ်။ (ခ) High density lipoprotein(ခေါ်)နှ လုံးသွေးကြော ပွင့် ခြင်းအတွက် ကျန်းမာရေးအကျိုးပြု lipoprotein ပမာဏကို စစ်ဆေးန ည်းဖြစ် ပါတယ်။ (ဂ) triglycerides(ခေါ်) ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့ HDL ကိုလက်စ ထရော နှင့် ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောစစ်ဆေးတာဖြစ်ပါတယ်။ အကယ်၍ သွေးထဲမှာ LDL ကိုလက်စထရော များနေတာ ကို တွေ့ ရပါက နှလုံးသွေးေ ကြာဆိုင်ရာ နှလုံးရောဂါတွေ ဖြစ်လာနိုင် တဲ့ အလားအလာ ကို ဖော်ပြနေခြင်းဘဲ ဖြစ်ပါတယ်။
+++++++++++++++
သို့ ပါ၍ (၆)လတစ်ကြိမ် သွေးမှန်မှန်စစ်ခြင်းအားဖြင့် ရောဂါရှေ့ ပြေးနိမိတ်ကို ကြိုတင်သိမြင် ရပြီး သက်ရှည်ကျန်းမာ အသက် (၁၀၀) နေနိုင်တော့မည် ဖြစ်ပါကြောင်း။

18-04-2014 နေ့ ထုတ် ကြေးမုံသတင်းစာ (စာမျက်နှာ ၂၀) မှာ ပါတဲ့ဆောင်းလေးပါ။ FB မှ စာဖတ် ပရိတ်သတ်များကို ကျမ္မာသုတရစေလိုသော စိတ်စေတနာဖြင့် မျှဝေလိုက်ရပါတယ်ရှင်။

(ဆောင်းပါးရှင်....ပေါက်ပေါက်...မျှဝေသည်)
Credit to promise.pauk facebook

(ရိုးသားမှုသည် တခါတရံ၌ ရှုံးနိမ့်စေတတ်၏။ သို့ သော် တစ်သက်လုံးကား လိပ်ပြာလုံစေတော့၏။)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...