သင်္ကြန်အတက်နေ့ နောက်ဆုံးရက်တွင် အနုပညာရှင်များ၏ ခံစားချက်များ

သင်္ကြန်ရက်အတွင်းပျော်ရွှင်စွာရေကစားကြသူများသည် သင်္ကြန်ရက်များ ကုန်ဆုံးသွားမည်ကို စိုးရိမ်စိတ် များ ဖြစ်မိကြမည်ဖြစ်သည်။ ပျော်ရွှင်စရာနေ့ရက်များကို ကုန်ဆုံးသွားမည်ကို မည်သူကမျှ အဖြစ်မခံနိုင်ကြပေ။ ယင်းအတွက်ကြောင့် အနုပညာရှင်များ၏ သင်္ကြန်အတက်နေ့ စိတ်ခံစားချက်များကို မဇ္စျိမကလည်း စိတ်ချင်းဆက်ကာမိ ခံစားခဲ့သည်။



ဂျီလတ်(Guardians မဏ္ဍာပ်)

သင်္ကြန်မှတော့ ပရိသတ်တွေကို ကြည့်ပြီးအရမ်း ပျော်ရတယ်။ အိမ်မှာတီဗီကြည့် ပြီးမြန်မာပြည် အနှံ့မှာပျော်နေကြတာကို ကြည့် ပြီး အရမ်း ပျော်ရပါတယ်။ ဒီနှစ်တော့ ဒီမဏ္ဍာပ်မှာဖျော်ဖြေရေး အပိုင်းရယ်၊ စင်ဆောက်တာရယ်ကို တာဝန်ယူရတာ ဆိုတော့ ကျန်တဲ့ သူတွေလောက်မပျော်ရပါဘူး။ နံနက် ဆိုရင် ကားလမ်းတွေပိတ်မှာစိုးလို့ အစော ကြီး လာရတယ်။ ညနေဆိုရင် လမ်းတွေရှင်းမှာပြန်ရတယ်။ သင်္ကြန် ပြီးသွား မှာကို တော့ သင်္ကြန်မှာပျော်ကြတဲ့ သူတိုင်း ၀မ်း နည်းကြမှာပါပဲ။ ဒါပေမယ့် နောက်တစ်နေ့နှစ် ဆန်း တစ်ရက်နေ့ ဆိုတော့ အား လုံးကကုသိုလ် ယူ ကြရမှာကို တွေးပြီးကြည်နူးကြမယ် လို့ထင်ပါတယ်။

သအို(Guardians မဏ္ဍာပ်)

ဒီနေ့က နောက်ဆုံးရက်ပါပဲ။ နှစ်သစ်ရောက်တော့မယ်ဆိုတော့ နှစ်ဟောင်း မှာပြုလုပ်ခဲ့ တဲ့ အရာတွေ ကို မေ့လိုက်ပြီး နှစ်သစ်မှာ ဘယ်လို ကောင်အောင်ဖြတ်သန်းမလဲ ဆိုတဲ့ စိတ်ကိုပဲ အစ်ကို ထားတယ် ။နှစ်သစ်တိုင်း မှာကောင်းတာတွေကို လုပ်ပြီးပဲဖြတ်သန်းသွား မယ်လို့ စိတ်ထဲ မှာထားတယ်။ ဒီနေ့ညနေပြီးသွားရင်တော့ ကျွန်တော် စိတ်ပူတာတွေပျောက်သွား မှာပါ။ ဘာလို့လည်း ဆိုတော့ ပြည် သူတွေကို ထိခိုက်မှုတွေ မရှိပဲ အားလုံးစိတ်ချမ်းမြေ့စွာ ဖြတ်သန်း သွား နိုင်ဖို့ကို ပါပဲ။ ညနေထိအန္တရာယ် ကင်းကင်းပြီးမြောက်ဖြတ်သန်း နိုင်ပါစေ လို့ပေါ့။ သင်္ကြန်ပြီးသွား မှာကို တော့ ရင်ထဲမှာမကောင်းပါဘူး။

ပိုင်ဇေရဲထွန်း (Four Elements မဏ္ဍာပ်)

ဒီနေ့က နောက်ဆုံးနေ့ ဆိုတော့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ရတာ က လည်း နောက်ဆုံးပါပဲ။ သင်္ကြန် ဆိုရင် နောက်ဆုံးနေ့ကို မရောက် ချင်ဘူး။ နှစ်ဆန်းတစ် ရက်နေ့ မှာမြန်မာပြည်သူတွေ အကုန်လုံးကလည်း ကုသိုလ်ကောင်းမှုတွေ ကို လုပ်တတ်ကြတာဆိုတော့ အင် မတန် မှစိတ်ချမ်းသာ ဖို့ကောင်းတဲ့ အလေ့ အထတစ်ခုပါပဲ။

စည်သူမောင်(Four Elementsမဏ္ဍာပ်)

သင်္ကြန်အတက်နေ့ဆိုတာ ကို ရင်ထဲ မှာသိလိုက်တော့ တစ်ခုခု လိုအပ်သွားသလိုပဲ။ အားလုံးလည်းဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်။ နှစ်သစ်မှာ ပြည်သူအား လုံးစိတ်ချမ်းမြေ့ စရာတွေကြုံဆုံရပြီး အရာရာ အားလုံးပြည့်ဝ နိုင်ကြပါစေ။

မိုးယံဇွန်(Four Elementsမဏ္ဍာပ်)

ကျွန်တော် တို့မဏ္ဍာပ်ကို ည၇နာရီ မှာပိတ်ပွဲ လုပ်မယ်။ပိတ်ပွဲ မှာ မီးရှူး မီးပန်းေ တွနဲ့ နှစ်သစ်ကို ကြိုဆိုကြမယ်။ နှစ်သစ်ကို ရောက် မယ်လို့ဆိုပေမယ့် သင်္ကြန် အတက် နေ့ကို တော့ ရင်ထဲမှလွမ်း မပါတယ်။

သီရိရှင်းသန့်(Four Elementsမဏ္ဍာပ်)

ဒီနှစ်က ကိုယ်တိုင်ကလည်း မဏ္ဍာပ်လုပ်တော့ အတက် နေ့ကို ရောက် မှာကို စိုးရိမ် မိတာပဲ။ ရေကစား ရင်း နဲ့ ပဲ ရောက် မှန်းမသိရောက်လာတယ်။ ၀မ်း နည်းတယ်။ဒါပေမယ့်ပျော် ရွှင် ခဲ့ရပါတယ်။ နှစ်သစ် မှာစိတ်သစ်လူသစ် နဲ့ လူတိုင်း ပျော်ရွှင်ကြပြီး အရာ အား လုံးပြည့်စုံ နိုင်ကြပါစေ။

ယုသန္တာတင်(Four Elementsမဏ္ဍာပ်)

သင်္ကြန်အတက် နေ့ မှာအားလုံးလည်းစိတ်ထဲမှာ တစ်မျိုးး ဖြစ်နေကြမှာပါ။ နှစ်သစ်မှာသစ်လူသစ် နဲ့ အရာ အားလုံး လူတိုင်း ပျော်ရွှင်မှုတွေရရှိကြပါစေ။

ဂန္ထ၀င် (Guardians မဏ္ဍာပ်)

ဒီနှစ်သင်္ကြန် ရန်ကုန် မှာကျဖြစ် ခဲ့တာ။နှစ်တိုင်း နယ်မှာပဲ ဖြတ်သန်း ခဲ့တာလေ။ ကမ္ဘာ အေးဘုရား လမ်းမပေါ်က အကြီး ဆုံးGuardians မဏ္ဍာပ် မှာ သီချင်း ဆိုရတဲ့ အတွက် အရမ်းပျော်တယ်။ ပရိတ်သိပြီးသား သီချင်း တွေကို ပဲ ဆိုခဲ့ တာပါ။ သင်္ကြန် အတက် နေ့ကဒီနေ့ ဆိုတာ ခေါင်း ထဲ ရောက် လာပြန်တော့ ၀မ်း နည်းသလိုလိုပဲ။ ဘာလို့လည်း ဆိုတော့ သူငယ် ချင်း တွေ၊ပရိသတ်တွေ နဲ့ လည်း ဒီလိုနေ့မျိုးး တွေ မှာ ရင်းရင်း နှီး နှီး တွေ့ ရတာ။ အဲဒီတော့ ပြီးသွား မှာကို စိုးရိမ်မိပြီး ပြီးပြန် ရင် လည်း ရင်ထဲမှာဟာတာတာကြီး နဲ့လေ။ နှစ် ဆန်းတစ်ရက်နေ့တော့ ကုလိုလ်ကောင်းမှုတွေလုပ်မယ်။ အတက်နေ့ မှာတော့ အမုန်းကဲမယ်။ နှစ်သစ် မှာ ပြည်သူတွေ စိတ်သစ် လူသစ် နဲ့ အရာ အားလုံးပြီးပြည့် စုံမှု တွေ ရရှိကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်။

ရွှေရေးခြယ် (Guardians မဏ္ဍာပ်)

၂၀၁၄ ခုနှစ်သင်္ကြန်က အစစ အရာရာ ထူးခြား တယ်။ ရန်ကုန် မှာ တင်မဟုတ်ပဲ အမြို့မြို့ အနယ်နယ် မှာစည်ကား ပြီး ခေတ်မီမှုက ပိုလာတယ် လို့ ထင်ပါတယ်။ သက်ြန်မရောက် ခင်တစ်ပတ် အလိုကတည်းက အရမ်းရင် ခုန်ပြီးစိတ်လှုပ် ရှားခဲ့ တာ။ ပရိသတ်တွေကို လည်းကြည့် ရတာ အရင် နှစ် တွေထက် ပိုပြီး ပျော် နေကြတာကို တွေ့ ရတယ်။ သူတို့တွေ ကခုန်နေတာ ကိုကြည့်ပြီး ကိုယ်ဆီကိုအပျော်တွေက ကူး ဆက်လာတယ်လို့ ထင်ပါတယ်။ သင်္ကြန် ပြီးသွား မှာကို အရမ်း စိုးရိမ်မိတာ ။ဒါပေမယ့် လည်းသတ်မှတ်ထားတဲ့ ရက် အတွင်း မှာပဲ ဆိုတော့ မတတ်နိုင်ဘူးပေါ့။ သင်္ကြန်အတက် နေ့လို နေ့ မျိုူးး မှာတော့ ည အချိန် ထိ ရေကစား တတ်တယ်။ ည၇နာရီအထိပေါ့။ ပြီးသွားမှာကို ၀မ်းနည်းမိတယ် ။နှစ်သစ် ရောက်ချိန်မှာတော့ သမီးအနေနဲ့ တော့ သီလရှင်ဝတ်ဖြစ်မယ်။ ဒါ့ ကြောင့် မို့ ဆံပင်ကို အပျက်စီး ခံပြီး ဆေးဆိုးလိုက်တာ။

Mizzima News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...