ဆံပင်ကောက်သားလေးတွေ အမြဲတမ်း လှနေအောင်

မေသော် on 2014-04-08 14:10

ကိုယ့်ဆံပင်က ကောက်သားရှိတယ်။ ဒါမှမဟုတ်လည်း ဆိုင်မှာကောက်ထားဖူးတယ်ဆိုရင် အပြင် ထွက်ခါနီးတိုင်း ဆံပင်ကို အပူချောင်းနဲ့ ပြန်ကောက်ပေးနေစရာ မလိုပါဘူး။ ကောက်သားတွေ လှနေအောင် ပိုက်ဆံလည်းမကုန်၊ ပင်လည်း မပင်ပန်းဘဲ ကိုယ့်အိမ်မှာကိုယ် ထိန်းသိမ်းလို့ရတဲ့နည်းတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ခေါင်းလျှော်ထားပြီးသား ဆံပင်က ပုံမှာပြထားသလို အနေအထားပါ။ ရှုပ်ထွေးနေတဲ့ ဆံပင်မျိုး ဖြစ် မနေအောင် ဘီးနဲ့ သေသေချာချာ ဖြီးထားဖို့လိုပါလိမ့်မယ်။



၂။ဆံပင်အားလုံးကို ပုံမှပြထားသလို အောက်ကိုငုံ့ချပြီး လက်နဲ့အရင်းကို စုစည်းလိုက်ပါ။



၃။ပြီးတာနဲ့ အရင်းကစပြီး ဆံပင်တွေကို လိမ်လိုက်ပါ။



၎။လိမ်ပြီးသွားရင် ပုံထဲကအတိုင်း ဆံထုံးထုံးဖို့ လိုပါတယ်။ ဆံထုံးကို အရမ်းကြီး ကျစ်ကျစ်လျစ်လျစ် မဟုတ်ရင်တောင် လျော့တိလျော့ရဲ ထုံးထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။



၅။ထုံးပြီးသွားပြီဆိုရင်တော့ ကလစ်အသေးလေးတွေနဲ့ ဆံပင်လည်း မနာအောင် ခိုင်လည်းခိုင်အောင် ညှပ်လိုက်ပါ။



၆။ဒီလိုပုံစံမျိုးနဲ့ တစ်နေ့ခင်းလုံးနေလိုက်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် မနက်ဖြန်အပြင်ထွက်ဖို့ဆိုရင်လည်း ဒီနေ့ညကတည်းက အဲ့ဒီလိုပြင်ဆင်ပြီး အိပ်ရာဝင်လိုက်တာဖြစ်ဖြစ် အချိန်ပေး ပြင်ဆင်ဖို့တော့လိုပါတယ်။ အချိန်ကြာသွားတဲ့အခါ ဆံထုံးက ပုံထဲကလို နည်းနည်းပြေနေပါလိမ့်မယ်။



၇။အချိန်လုံလောက်စွာပေးထားပြီးပြီ ဖြစ်တဲ့အတွက် ပြေနေတဲ့ ဆံပင်တွေကို ဖြည်ချလိုက်ပါ။ ပြီးတော့ ဆံပင်ကို နည်းနည်းခါပေးဖို့တော့ လိုပါတယ်။



၈။အဲ့ဒီနောက် ဆံပင်အဖျားလေးတွေကို serum နည်းနည်းလိမ်းသင့်ရင် လိမ်းလိုက်ပါ။



၉။ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ကြည့်လိုက်ပါ။



၁၀။ ဒါဆိုရင် သိပ်လှတဲ့ကောက်သားကို ပိုင်ဆိုင်နိုင်ပြီမို့ ပျိုမေတွေ စိတ်ကျေနပ်ကြမှာပါနော်။



Ref:http:thebeautydepartment.com

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...