ပျောက်ဆုံးမလေး ရှားလေယာဉ် ရှာဖွေရေး ကုန်ကျစရိတ် လေကြောင်းသမိုင်းတွင် အများဆုံးဖြစ်လာ

အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း၌ မလေးရှားလေယာဉ် MH 370 ကို ရှာဖွေရေး လုပ်နေသော သြစတြေးလျရေတပ် အိုးရှင်းရှီးလ်မှ ယာဉ်မှူးများက မောင်းနှင်သည့် အချက်ပြမှု တုံ့ပြန်ရှာဖွေရေး ကိရိယာကို တွေ့ရစဉ် (AUSTRALIAN DEFENCE/REUTERS)

ပျောက်ဆုံးနေသော မ လေးရှားလေယာဉ် MH 370 ကို ရှာဖွေရေး လုပ်ငန်းသည် လေကြောင်း သမိုင်းတွင် ကုန်ကျစရိတ် အများဆုံး လေယာဉ်ရှာဖွေရေး လုပ်ငန်းတစ်ခု ဖြစ်လာကြောင်း ရိုက်တာ သတင်းဌာနက စာရင်း ပြုစု၍ သတင်းဖော်ပြခဲ့သည်။

နိုင်ငံစုံ ပူးပေါင်းပါဝင်ပြီး လေယာဉ်များ၊ သင်္ဘောများ၊ ရေငုပ် သင်္ဘောများဖြင့် နိုင်ငံ ၂၆ နိုင်ငံ ပူးတွဲ ပါဝင်သော လေယာဉ်ရှာဖွေ ရေးတွင် တစ်လခန့် ကာလအတွင်း စုစုပေါင်းကုန်ကျစရိတ် အနည်း ဆုံး ဒေါ်လာ ၄၄ သန်း ရှိ ကြောင်း ဆိုသည်။ ယင်းမှာ စစ်သင်္ဘောများနှင့် လေယာဉ်များကို တောင်တရုတ် ပင်လယ်အတွင်း ဖြန့်ကြက်ရှာဖွေမှုအတွက် ကုန်ကျစရိတ်ဖြစ်သည်။

ကိန်းဂဏန်းများမှာ ထိုပင် လယ်အတွင်း သြစတြေးလျ၊ အ မေရိကန်၊ ဗီယက်နမ်နိုင်ငံများမှ လေယာဉ်များ၊ သင်္ဘောများ၏ နာရီအလိုက် ကုန်ကျစရိတ်များ ကို စစ်ရေးလေ့လာသူများက တွက်ချက်ပေးထားခြင်းဖြစ်ပြီး ပင်တဂွန်စစ်ဌာနချုပ်က တင်ပြ သော ကုန်ကျစရိတ်များကိုလည်း ထည့်ပေါင်းထားသည်။

ရှာဖွေရေး ပထမလအတွင်း သုံးစွဲခဲ့သည့် ထိုကုန်ကျစရိတ် များမှာ ပြင်သစ်လေကြောင်း လေ ယာဉ် AF447 ကို ၂ နှစ်တာ ရှာ ဖွေစဉ်အတွင်း တရားဝင်ထုတ် ပြန်ခဲ့သော ကုန်ကျစရိတ် ယူရို ၃၂ သန်းနှင့်ညီမျှသည်။ ကျွမ်းကျင်သူများက ပြင်သစ်လေ ကြောင်းလေယာဉ်ရှာဖွေမှု ကုန် ကျစရိတ်မှာ တရားဝင်ကိန်း ဂဏန်းထက် လေးဆကျော်မြင့် မားနိုင်သည်ဟု ခန့်မှန်းထားပြီး ယခု MH 370 ရှာဖွေမှုတွင် ကုန်ကျစရိတ်များမှာ ဒေါ်လာသန်း ရာနှင့်ချီ၍ ရှိသွားနိုင်သည်ဟု ဆို သည်။

ယခုတွက်ချက်ထားသည့် ကုန်ကျစရိတ်ခန့်မှန်းခြေတွင် ဗြိ တိန်၊ ပြင်သစ်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားနိုင်ငံ များက သုံးစွဲခဲ့သော ကာကွယ်ရေးယာဉ် ပစ္စည်းအသုံးစရိတ်များ မပါဝင် သေးဘဲ အရပ်ဘက်သုံးလေ ယာဉ်များဖြင့် ရှာဖွေမှု၊ လူအင် အားအသုံးပြုရှာဖွေမှုများနှင့် ကမ္ဘာတစ်ဝန်း စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူများအား ငှားရမ်းရမှု ကုန်ကျစရိတ်များလည်း မပါဝင် သေးကြောင်း သိရသည်။

လက်ရှိတွင် MH 370 ကို ရှာဖွေမှုများ၌ တနင်္လာနေ့က လေ ယာဉ်သေတ္တာနက်မှ ထုတ်လွှင့်မှု များဖြစ်နိုင်သည့် သံသယဖြစ်ဖွယ် အချက်ပြမှုများ ဖမ်းယူရရှိထား ကြောင်း ဆိုထားပြီး နေရာအတိ အကျ သိနိုင်ရန် ရှာဖွေမှုများဆက် လက်လုပ်ဆောင်နေသည်။

အင်္ဂါနေ့ရှာဖွေမှုများတွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အ နောက်တောင်ဘက် ကီလိုမီတာ ၂၂၈၆ အကွာတွင် စစ်လေယာဉ် ၁၁ စီး၊ အရပ်ဘက် လေယာဉ်သုံး စီးနှင့် သင်္ဘော ၁၄ စီးတို့မှာ ရှာ ဖွေမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

—Ref: Reuters

7Day Daily No.350 Wednesday, April 9, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...