စက်ရုပ်ခေတ်ရောက်တော့မည်ဖြစ်သဖြင့် စက်ရုပ်တွေနဲ့ နေထိုင်ဖို့ ပြင်ဆင် ထားကြစို့



စက်ရုပ်တွေနဲ့ နေထိုင်ဖို့ ပြင်ဆင် ထားကြ စို့။ စက်ရုပ်များကြောင့် လူသားများ နည်းပညာအပေါ် ရှုမြင်ပုံ ပါ အသွင်သစ်သို့ ကူးပြောင်းတော့မည်။ လူသားလောက ထဲကို စက်ရုပ်ဟူ သော သတ္တ၀ါသည် စာပေဟူသော တံခါး ပေါက် မှ ၀င်ရောက် လာသည်ဟု ဆိုနိုင်သည်။

စက်ရုပ်ဟူသော စိတ်ကူးယဉ် သတ္တ၀ါ ကို အနာဂတ် ဖွဲ့သည့် စာအုပ် စာပေများ က လူအများကြား ရောက် ရှိ အောင် ဆောင်ကြဉ်း ပေးခဲ့ကြသည်။ ၂၀ ရာစု အစောပိုင်း နှစ် များသည် စက်မှု ကဏ္ဍ အရှိန်မြင့် လာ သည့် ခေတ်ဦးဖြစ်သည်။ ကားတွေ ပေါ်လာ သည်။ တယ်လီဖုန်း တွေ ပေါ်လာသည်။ လေယာဉ် တွေ ပေါ် လာသည်။ စက်ယက်ကန်းတွေ ပေါ် လာသည်။ စက်များ အကူအညီဖြင့် လူသား များ အလုပ်လုပ်နိုင် စွမ်း က ဆပွားတိုး ခုန် တက်လာသည်။ လူသား ထိန်းချုပ်သည့် စက်များ သာမက စက်နှင့် ဖွဲ့စည်းတည် ဆောက် ထား သော လူသားအသွင် စက်ရုပ် များကိုပါ စာရေးဆရာများက စိတ်ကူးယဉ်ခဲ့ ကြသည်။


ထိုသို့ဖြင့် စက်ရုပ် လူ သားများ စတင်ပေါ်ပေါက်လာသည်။ စက်ရုပ်ဟူသော သတ္တ၀ါကို အများ ပြည်သူ နှင့် တရင်းတနှီး ကြီး ဖြစ် စေ ခဲ့သည်ကား သိပ္ပံဝတ္ထု၊ သိပ္ပံ စာပေများ ဖြစ်သည်။ အထူးသဖြင့် အင်္ဂလိပ် စာပေနှင့် ထုတ်ဝေသော စာအုပ် များ က အလွှမ်း မိုးဆုံး ဖြစ် သည်။ ဖရဇ် လန်၏ Metropolis” ၊ အိုင်ဇက် အက်ဆီမော့၏ I,Robot မှသည် WALL-E စာအုပ်များထိ၊ ထို့နောက် Terminatorရုပ်ရှင်ခေတ်ထိ။ ကြားကာလ မှာလည်း စာပေ ရုပ်ရှင် စသည့် မီဒီယာများက စက်ရုပ်များကို လူသားများနဲ့ တောက် လျှောက် ရင်းနှီး ကျွမ်းဝင်စေခဲ့သည်။ လူသား ကို စက်ရုပ် ဟူ သော သတ္တ၀ါနဲ့ မိတ်ဆက်ပေး သည့်နေရာတွင် စာပေ၊ ရုပ်ရှင်နှင့် အမျိုးမျိုး သော မီဒိယာများသည် အလုပ် ကို အောင်မြင် စွာ ထမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်။

ယခုအချိန်ကား စာရွက်များ၊ ရုပ်ရှင် များထဲကနေ စက်ရုပ်များ ခုန်ထွက်လာစ အချိန်သာ ရှိသေးသည်။ အစဦးပိုင်းမို့ ကပေါက် တိ ကပေါက်ချာ စိတ်ပျက်စရာများလည်း ရှိ သည်သာ။ လူသားတွေကိုယ်တိုင် မလုပ်နိုင် သေးတာများကိုပါ စက်ရုပ်များက ၀င်လုပ် ပေးနိုင်တာများလည်း ရှိသည်။ ဥပမာအင်္ဂါ ဂြိုဟ် လေ့လာရေး ခရီးစဉ် လိုမျိုး။ လူတွေ မလုပ်ချင်သည့် အလုပ်များမှာလည်း စက်ရုပ် များက ၀င်လုပ်ပေး နိုင်နေပြီ။ ဥပမာ မပေါက် ကွဲ သေး သည့် ဗုံးများကို စနက်တံစနစ် ဖျက် ဆီးပစ်ခြင်းမှသည် အခန်း တွင်း ဖုန်စုပ် ပေး သည့် အလုပ်ကိုပါ စက် ရုပ် များ လုပ်ကိုင်နေ ကြသည်။

ကမ္ဘာတစ်ဝန်း ဖုန်စုပ်ပေးနေသည့် စက်ရုပ် ပေါင်း ၁၀ သန်းကျော်ထိ ရှိနေပြီဖြစ် သည်။ စက်မှုကုန်ထုတ်လုပ်ငန်းများ ဘက် တွင်လည်း စက်ရုပ်များသည် ပို၍ ပို၍ အသုံး ၀င်လာနေပြီဖြစ်သည်။ သို့သော် အပြည့်အ၀ အားကိုးနိုင်လောက်သည့် အဆင့် ထိကား မ ဟုတ်ခဲ့သေး။ ဆီလီကွန် ချစ်ပ်ပြားများ၊ ဒစ် ဂျစ် တယ် ဆင်ဆာများ၊ မြန်နှုန်းမြင့် ဆက်သွယ်ရေး ကွန် ရက်စနစ်များ ထွန်းကား လာခြင်းကြောင့် မကြာမီ ပေါ်လာတော့မည့် စက်ရုပ်မျိုးဆက် သစ်များသည် ပို၍ စွမ်းဆောင်ရည်မြင့်ကာ ပို၍ အားကိုးနိုင်သည့် အနေ အ ထားသို့လည်း ရောက်ရှိလာတော့မည်ဖြစ်သည်။ စက်ရုပ် များ ပို၍ အားကိုးလာရနိုင်သည့် အချက် သုံးချက် ရှိ သည်။

ပထမအချက် (နည်းပညာ ဖွံ့ဖြိုးလာမှု)

စက်ရုပ်နည်းပညာဆိုင်ရာ သုတေသန နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများက အားကောင်း သထက် အားကောင်း လာ သည်။ လွယ်ကူ သထက် လွယ်ကူလာသည်။ အင်တာနက် ကို ကောင်းစွာ အသုံးချလာနိုင်ခြင်းကြောင့် စက်ရုပ်နည်းပညာဆိုင်ရာ သိစရာ တတ်စရာ များကို စိတ်ဝင်စားသူတိုင်း အသိပညာ ဖလှယ် နိုင်သည်။ အကျိုး ဆက် အဖြစ် အသိပညာ ပြန့် ပွားမှုမြန်ဆန်လာသည်။ စက်ရုပ်နည်းပညာ များ ကျွမ်းကျင်လာသောကြောင့် တပ် ဆင်မှု ကုန်ကျ စရိတ် များလည်း သက်သာ လာသည်။ လွန်ခဲ့ သော ဆယ်နှစ်ခန့် က စိတ်ပင် မကူးနိုင် ခဲ့သော ဖုန်စုပ်စက် စက်ရုပ်မျိုးကို ယနေ့အချိန် တွင် အိမ်မှာ ၀ယ်ခိုင်းနိုင်နေပြီဖြစ်သည်။ နောက် ထပ် ပိုကောင်းလာမည့် စက်ရုပ်များလည်း ဆက်လက် ထွက်ပေါ်လာမည်ဖြစ်သည်။

ဒုတိယအချက် (ရင်းနှီးမြှုပ်နှံလိုသူ များ ပြားလာမှု)

စက်ရုပ်နည်းပညာကဏ္ဍတွင် ရင်းနှီး မြှုပ်နှံလို သူဦးရေ များပြား လာခြင်းသည် အနာဂတ် စက်ရုပ်လော က ပိုအားကောင်း လာမည့် အချက်တစ်ချက်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် စက်ရုပ် လုပ်ငန်း အတွက် အား တက် စရာ သတင်းကား အလား အလာရှိ သည့် စွန့်ဦး တီထွင် စက်ရုပ် နည်းပညာ ကုမ္ပဏီ ရှစ်ခုကို နည်းပညာ ကုမ္ပဏီကြီး ဂူဂဲက ၀ယ် ယူလိုက်ခြင်း ဖြစ်သည်။ ယနေ့ လူအများ စုကြီး သုံးနေ ကြသော အန်းဒရွိုက် ဖုန်းစနစ် ကို တီထွင်ခဲ့သည့် အန်ဒီ ရူဘင်က ဂူဂဲ၏ စက်ရုပ်နည်းပညာဌာနကို ဦးဆောင်မည်ဖြစ် သည်။

မည်သူ့ဆီမှာမှ မ ရှိ သော နည်းပညာ ရင်းမြစ်များလည်း ဂူဂဲတွင် ရှိနေသည်။ အွန် လိုင်း သတင်းအချက် အလက် သိမ်းဆည်း မှု နှင့် ထိုသတင်းအချက်အလက် များအား ခွဲခြမ်းစိတ်ဖြာ နိုင်သည့် ကွန်ပျူတာအစွမ်းမျိုး ဂူဂဲတွင် အများဆုံး ရှိနေ သည်။ ဂူဂဲက စုဆောင်း ထားသော ကမ္ဘာ တစ်ဝန်း သတင်းအချက် အလက်များကို ကွန်ပျူတာအသိဥာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းလည်း ဂူဂဲတွင်သာ ရှိနေသည်။

ရလာသော သတင်းအချက် အလက်များကို ခွဲခြမ်း စိတ်ဖြာ ကာ လိုအပ် သော တုံ့ပြန်မှုကို ပြုနိုင်စွမ်းသည့် ကွန်ပျူ တာအသိဉဏ်မျိုး ဂူဂဲက ၎င်း တို့ ၏ အင်တာ နက်ရှာဖွေ ရေး ၀န်ဆောင်မှုမှာ အဆင့်မြှင့်ပြီး ရင်း မြှင့်ကာ သုံးနေပြီဖြစ်ပြီး စက်ရုပ်နည်း ပညာမှာပါ ထပ်တိုးချဲ့ အသုံးချရန် စီစဉ် နေသည်။ ဂူဂဲ၏ စက်ရုပ်နည်းပညာ အစီအစဉ်သည် မည် သူမျှ မမျှော်လင့်ထားသည့် တစ်မူထူးခြား ရလဒ် ထွက်ပေါ်လာမည်ဟု ယုံကြည် ရသည်။ လက်ရှိ အချိန်ထိ ကား ဘယ်လို ပုံမျိုး ရှိမည်ကို ဂူဂဲ ခြံစည်း ရိုး အပြင် ဘက် က မည် သူမျှမသိရသေး။

ဂူဂဲသာမက ကမ္ဘာ့ အကြီးဆုံး အွန်လိုင်း လက်လီ အရောင်းဆိုင် ကြီးဖြစ်သော Amazon သည်လည်း ရောင်း ၀ယ် ခြင်း၊ ကုန် စည်ပို့ဆောင်ခြင်း၊ ကုန်စည် ဖြည့်သွင်းခြင်း၊ ကမ္ဘာ တစ်ဝန်းမှ ဂိုဒေါင်များ စီမံခန့်ခွဲ လည် ပတ်ခြင်းအားလုံးကို စက်ရုပ်နည်းပညာဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။ အွန် လိုင်းမှ မှာယူသော ကုန် စည်များကို မှာသူ အိမ် အရောက်ပို့ဆောင်ရာ တွင် လက်ရှိ၌ ကုန်း၊ ရေ၊ လေ နည်းလမ်း များဖြင့် အမျိုးမျိုး ပို့ ဆောင်ပေးလျက်ရှိရာမှ မောင်းသူမဲ့ လေ ယာဉ်များကို ကွန်ပျူတာ စနစ်ဖြင့် ထိန်းချုပ် ကာ ပို့ဆောင်ပေးမည့် စနစ်ကိုပါ Amazon က စမ်းသပ်နေပြီဖြစ်သည်။

တောင်ကိုရီးယား အပါအ၀င် ကမ္ဘာ့ နိုင်ငံအများအပြားတွင် လည်း ကုန်ထုတ် လုပ်ငန်းမှသည် လုံခြုံရေး လုပ်ငန်းများအထိ စက်ရုပ်နည်းပညာကို ချဲ့သထက် ချဲ့ထွင်ပြီး အ သုံးချလာကြပြီ။ စွန့် ဦး တီထွင် လုပ်ငန်းရှင်များ သည်လည်း စက်ရုပ် နည်းပညာ ကဏ္ဍကို အလားအလာ အ ကောင်း ဆုံး နယ်ပယ်အဖြစ်သတ်မှတ်ကာ တိုးဝင်လာ ကြပြီဖြစ်သည်။

တတိယအချက် (စိတ်ကူးစိတ်သန်းများ ပိုကောင်းလာခြင်း)

စက်ရုပ် နည်းပညာ ကို လူသားနှင့် တူသော စက်ရုပ် အဖြစ် ဖန်တီး သည့် နေရာ တွင်သာမက အခြား သော နည်းလမ်းမျိုးစုံ ဖြင့်လည်း စိတ်ကူး စိတ်သန်း ကောင်းကောင်း အသုံးပြုလာကြသည်။ ရုပ်ရှင်လုပ်ငန်းမှာ လည်း စက်ရုပ်နည်းပညာကို တွင်ကျယ်စွာ အသုံးပြုလာသည်။ ဥပမာ Gravity ဇာတ် ကားတွင် ကင်မရာ များ၊ မီးများကို လိုအပ် သလို စည်းချက်ညီ ရွှေ့လျားပေးမည့် စက်ရုပ် နည်းပညာများကသာ မကူညီခဲ့လျှင် Gravity ဇာတ်ကားဟူ၍ ပီပီမြည်မြည် ပေါ်လာ စရာပင် မရှိ။ နေစွမ်းအင်ထုတ် ဆိုလာပြား များကို နေ၏ သွားရာ လမ်း ကြောင်းအလိုက် လိုက်လှည့်ကာ အချိန်တိုင်းတွင် နေရောင် ခြည် အများဆုံး စုစည်းမိအောင်လည်း စက်ရုပ် နည်းပညာဖြင့်ပင် စည်းချက်ညီ လှုပ် ရှားခိုင်းရခြင်း ဖြစ်သည်။

မောင်းသူမဲ့ ယာဉ်ပျံများသည်လည်း စက်ရုပ် အ မျိုး အစားဝင်များ ဖြစ်သည်။ လက်ရှိတွင် စစ် ဘက် နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဘက်များတွင် မောင်းသူမဲ့ ယာဉ်ပျံများက ကင်းလှည့်စောင့်ကြည့်ရေးမှသည် တိုက်ခိုက် ရေးများထိ ဆောင်ရွက် နေသည်။ အ နာဂတ် တွင် အရပ်ဘက်မှာပါ အသုံးဝင်လာကြဦး မည်ဖြစ်သည်။ လယ်သမား များ အတွက် ဆေးဖြန်းယာဉ်ပျံ များ မှ အစ လယ်ယာသုံး လုပ်ငန်း အကူများအဖြစ်ပါ အသုံးဝင်လာကြ မည်ဖြစ်သည်။ ကင်မရာ တပ်ဆင် ထား သော စက်ရုပ်များသည် လူ့မျက်လုံးများ အလား အသုံးဝင် သည်ဖြစ်ရာ သတင်းထောက် လှမ်း ကဏ္ဍများပါ အ ပြောင်း အလဲ ဖြစ်လာမည်။

စက်ရုပ် နည်းပညာ များ ဖွံ့ဖြိုးလာမှု ကြောင့် လူတိုင်း အကျိုး ခံစားရမည်။ စက် ရုပ်များ ဖွံ့ဖြိုးလာမှု ကြောင့် လူသားများ အလုပ်သက်သာသည့် အကျိုးရ သော်လည်း အခြားတစ်ဖက် တွင်ကား လူသားများနေရာ မှာ စက်ရုပ်များ ၀င်လုပ်လာ မှုကြောင့် လူသား များ အလုပ် ပျောက်ဆုံးရသည့် စိန်ခေါ်မှုများ လည်း ရှိနေသည်။ ဥပမာ Aetheon’s Tugs အမည်ရှိ စက်ရုပ်မျိုးသည် ဆေးရုံတွင် လူနာ ခုတင်များ တွန်းပေးသည့် အလုပ်မျိုးကို လုပ် ပေးနိုင်ရာ လက်ရှိ ဆေးရုံမှာ ထို အလုပ်လုပ် နေသူများ အလုပ် နေရာ ပျောက်သွားနိုင် သည်။ ထို့အတူ Amazon ၏ ဂိုဒေါင် စက်ရုပ် သည်လည်း လက်ရှိ သုံးနေသော လူထက် များစွာနည်းသော လူကိုသာ သုံးပြီး ယခု ထက် အဆများစွာ ကုန်ထုပ်ပိုးတင်ပို့နိုင် အောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

မောင်းသူမဲ့ ကားများ ကြောင့် လည်း ယနေ့ ကား စတီယာရင်နောက်က အလုပ်နေရာများ စွာ မကြာမီ ပျောက်ဆုံးသွားတော့မည်ဖြစ် သည်။ ခေတ်သစ် နည်းပညာများ မပေါ်ပေါက် မီက စိုက်ပျိုးရေးကဏ္ဍသည် လူအများ အပြား ၀င်လုပ်ရာ ကဏ္ဍ ဖြစ်ခဲ့ သော်လည်း လက်ရှိတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လုပ်သား ပမာဏ၏ ၂ ရာခိုင်နှုန်း သာ လယ်ယာကဏ္ဍ တွင် လုပ်ကိုင်ကြတော့သည်။

သို့သော် ထုတ် လုပ်မှု စွမ်းအားကား တက်သ ထက်ပင် တက် လာနေသည်ကို တွေ့ နိုင် သည်။ အလားတူပင် ကုန်ထုတ်လုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်း များ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ် ငန်း များစသဖြင့် နယ်ပယ်အသီးသီးတွင် စက်ရုပ် များက တိုးဝင်လာကြတော့မည်။

လူသားများ ကြိုက်သည်ဖြစ်စေ မ ကြိုက်သည်ဖြစ်စေ အနာဂတ် လုပ်ငန်းနယ်ပယ်များမှာ စက်ရုပ်များက တိုးသ ထက် တိုးပြီး နေရာယူလာတော့မည်။ လူသားများ အနေဖြင့် လူသားလုပ်အားကို စက်ရုပ်များ မလုပ် နိုင် သည့် အခြား နယ်ပယ်များမှာ ချဲ့ထွက် အသုံးပြုနိုင်အောင် ကြိုးပမ်းကြရ မည်။ စက်ရုပ်များကြောင့် လူသား များ အလုပ် လက်မဲ့ ဖြစ်သွားစရာတော့ မရှိ။ စက်ရုပ်များ မလုပ်နိုင်သည့် နေရာသစ် များစွာထပ်မံ ထွက် ပေါ် လာ မည်သာ။ လူသားများ၏ စွမ်းအင်ကို လိုအပ်သော အလုပ်နေရာများလည်း ဆက် လက်ပြီး ပေါ်ပေါက် နေ ဦး မည် သာ။

Ref: New roles for technology, Rise of the robots (The Economist)
The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...