အမ်အေအိုင် ပြည်ပခရီးစဉ်တွေကို ဒေါ်လာ ၁၀၀ လျော့မည်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (အမ်အေအိုင်)ဟာ သင်္ကြန်ကာလ အထူးအစီအစဉ်အဖြစ် ပြည်ပ ခရီး စဉ် အားလုံးကို မူရင်းဈေးထက် ဒေါ်လာ ၁၀၀ လျော့ရောင်းချမယ်လို့ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောပါတယ်။



ရန်ကုန် – ဘန်ကောက် အသွားအပြန်ခရီးစဉ်ကို နဂို ဒေါ်လာ ၂၁၆ ကနေ အခု ၁၁၆၊ ရန်ကုန် – စင်ကာပူ အသွားအပြန်ကို နဂို ဒေါ်လာ ၃၁၉ ကနေ အခု ၂၁၉ ဒေါ်လာ၊ ရန်ကုန်- ကွာလာလမ်ပူအသွားအပြန် ခရီးစဉ်ကို နဂို ၂၇၉ ကနေ အခု ၁၇၉ နဲ့ပဲ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ဒီ ခရီးစဉ်လက်မှတ်တွေကို ဧပြီ ၂၉ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ ၀ယ်ယူနိုင်ပြီး လာမယ့် အောက်တို ဘာလ ၂၅ ရက်အထိ သွားမယ့် ခရီးစဉ်တွေအတွက် ၀ယ်ယူနိုင်ပါတယ်။

ဒီ ခရီးစဉ်လက်မှတ်တွေမှာ ခရီးသည်တွေအနေနဲ့ ကုန်စည် ၂၀ ကီလို သယ်ဆောင်နိုင်ပြီး အစား အသောက်ဧည့်ခံမှုလည်း ပါဝင်တယ်လို့ ဒေါ်အေးမရသာက ရှင်းပြပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...